လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဂျာမာန် ဘောလုံးလက္ခဏာလို့ မြင်လာစေတဲ့အထိ လွှမ်းမိုးမှုကြီးမားတဲ့ ဖိအားပေး ကစားဟန်ကို ကိုယ်ပိုင်နည်းလမ်းဖြင့် ဖန်တီးခဲ့သူပါ။

ဘွန်ဒက်လီဂါရဲ့ ဘုရင်ကြီးလို့တောင် တင်စားခံရပြီး မျက်မှောက် ဂျာမနီဘောလုံးလောကရဲ့ အရှိန်အဝါအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘွန်ဒက်လီဂါကလပ် အများအပြားက သူ့ရဲ့ ဖိအားနည်းစနစ်ကို ဆင့်ပွှားပြီး ကစားလာခဲ့တာကြောင့် ဂျာမနီဘောလုံးရဲ့ အမှတ်လက္ခဏာက ဖိအားပေး ကစားနည်းဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လို့ ဒီဘက်နှစ်တွေမှာ ယာဂင်ကလော့ပ်ဟာ နည်းပြအဖွဲ့ဝင်ပိုင်း ပြောင်းလဲမှုနဲ့အတူ သူ့ရဲ့ ကစားဟန်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ အဓိကအားဖြင့် ကာလရှည် လက်တွဲလာတဲ့ ဘောစနီးယန်း-ဆားဘီးယားသား ဘူဗက်နဲ့ နည်းစနစ်ပိုင်းတွေမှာ အမြင်ကွဲလာခဲ့ခြင်းကြောင့် လမ်းခွဲခဲ့ပြီး သူ့ရဲ့ ဖိအားပေးနည်းကို ပိုပြည့်စုံစေတဲ့ လူငယ်နည်းပြ လင်ဒါးကို အဓိက လက်ထောက်တစ်ဦးအဖြစ် နေရာပေးခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကြား သတိထားမိသူတွေ ရှိကြတာလည်း ဖြစ်နိုင်ပေမယ့် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ ကုန်ခါနီးမှာ ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ဘူဗက်ဟာ နည်းပြအဖွဲ့ဝင်စာရင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နှစ်နှစ် အကြာမှာ ဘူဗက်ဟာ ဒိုင်နမို မော်စကိုအသင်းကို အားကစားဒါရိုက်တာအဖြစ် တာဝန်ယူလိုက်ခြင်းနဲ့အတူ သူဟာ လီဗာပူးအသင်း နည်းပြအဖွဲ့ဝင် မဟုတ်တော့ဘူးဆိုတာ အတည်ပြုနိုင်ခဲ့တယ်။

ကလော့ပ်ရဲ့ ဦးနှောက်ရယ်လို့ ထင်ရှားတဲ့ ဘူဗက်ရဲ့ လမ်းခွဲဇာတ်လမ်းက ဘာဖြစ်ခဲ့လဲ မေးခွန်းတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်အတွင်း ရိုးမားမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ ဘူဗက်ကို လီဗာပူးလူစာရင်းမှာ စတင်ပြီး မမြင်ရတော့တာပါ။ နောက်ပိုင်း အင်တာဗျူးတွေမှာ ကလော့ပ်က သူ့ရဲ့ ညာလက်ရုံးအကြောင်း အဖြေမပေးခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်လို့တော့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဂျာမနီမှာတည်းက ကလော့ပ်နဲ့အတူ လက်တွဲခဲ့တဲ့ ဘူဗက်ဟာ မိန်ဇ်၊ ဒေါ့မွန်၊ လီဗာပူးအသင်းတွေမှာ ကလော့ပ်နဲ့ ၁၇ နှစ်ကြာ လက်တွဲခဲ့သူဖြစ်ပါတယ်။ ဂျာမနီဘောလုံး ကျွမ်းကျင်သူ Raphael Honigstein ရဲ့ အဆိုအရ ဘူဗက်က လင်ဒါးအပေါ် ကလော့ပ်ရဲ့ နေရာပေးမှုကို မနှစ်သက်ခြင်းကြောင့် အသင်းကနေ ထွက်ခွာသွားခဲ့တာလို့ ဆိုတယ်။ လက်ရှိ အချိန်ထိတော့ ကလော့ပ်ရဲ့ နည်းစနစ်ပိုင်းကို ဘူဗက်က ဆန့်ကျင်မှုတွေ ရှိခဲ့ပြီး လင်ဒါးထံကတော့ ပိုကောင်းတဲ့ အမြင်တွေရတာက အပြောင်းအလဲ ဖြစ်စေတယ်လို့ ယုံကြည်ရတာဖြစ်တယ်။

၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းကို ယူ-၁၆ အသင်း နည်းပြအဖြစ် ရောက်လာခဲ့တဲ့ လင်ဒါးဟာ ၂၀၁၈ ခုနှစ်မှာ စီနီယာမန်နေဂျာအဖြစ် အလုပ်လုပ်ဖို့ အသင်းကနေ တစ်ကြိမ် ထွက်သွားပေမယ့် မကြာခင်မှာပဲ အသင်းထံ ပြန်ရောက်လာခဲ့သူဖြစ်တယ်။ ဒုတိယအကြိမ်မြောက် အသင်းထံ ပြန်ဝင်လာချိန်မှာ သူဟာ Elite development coach ရာထူးလောက်တင် မဟုတ်ဘဲ ကလပ်ရဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တယ်။ လင်ဒါးဟာ လူငယ်နည်းပြ၊ ပထမအသင်း တိုးတက်မှုဆိုင်ရာနည်းပြ စသဖြင့် အဆင့်ဆင့် ရာထူးတက်လာခဲ့ပြီး လက်ရှိ ရာထူးကတော့ နံပါတ် ၃ ဖြစ်တဲ့ လက်ထောက်နည်းပြဖြစ်ပါတယ်။

လင်ဒါးဟာ လီဗာပူးအသင်း နည်းပြအဖွဲ့မှာ စတုတ္ထနေရာ ရယူထားခဲ့ရာက ဘူဗက်မရှိတဲ့နောက် ကလေ့ာပ်ရဲ့ လက်ရုံး တတိယနေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ နည်းပြသက်တမ်းတစ်လျှောက်လုံးမှာ ဘေးက အတူရှိခဲ့တဲ့ ခရာဝစ်ဇ်ဟာ လက်ရှိအချိန်ထိ နံပါတ် ၂ ရာထူးအဖြစ် လက်ထောက်နည်းပြအဖြစ် ရှိနေသေးပေမယ့် သူက လင်ဒါးလို ကစားသမားတွေနဲ့ နည်းစနစ်ပိုင်း စီမံသူနေရာ ဝင်မပါဘဲ သူ့ရဲ့တာဝန်ဖြစ်တဲ့ နည်းစနစ်ရေးရာ ခွဲခြမ်းစိတ်ဖြာမှုကို အကောင်းဆုံး ဆက်လုပ်ပေးနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ခရာဝစ်ဇ်ဟာ နံပါတ် ၂ ဖြစ်ပေမယ့် နံပါတ် ၃ ဖြစ်တဲ့ လင်ဒါးကပဲ လီဗာပူးစီနီယာအသင်းမှာ ပိုမို ပါဝင်မှု ကြီးမားပါတယ်။ မကြာသေးခင်ကဆိုရင် ကလော့ပ်ကို နည်းစနစ် တိုင်ပင်နေတဲ့ လင်ဒါးဟာ ပြစ်ဒဏ်ကိစ္စအတွက် လမ်းပတ်နဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး ကလော့ပ်ရဲ့ ကာကွယ်ပေးမှုကို ရခဲ့ခြင်းက လီဗာပူးမှာ သူ့ရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။

လင်ဒါးရဲ့ နည်းပြဘဝကို ပြန်ကြည့်မယ်ဆိုရင် သူက ငယ်စဉ်တည်းက ဘောလုံးသမားဖြစ်ဖို့ထက် နည်းပြဖြစ်ဖို့ကို ဝါသနာထုံသူပါ။ ၂၀၀၂ ခုနှစ်မှာ နယ်သာလန်ကလပ် ပီအက်စ်ဗီနဲ့ နည်းပြဘဝ စခဲ့ပေမယ့် ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိ ပေါ်တိုမှာ လူငယ်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ကာ အဆိုပါ ရာထူးနဲ့ပဲ လီဗာပူးအသင်းကို ရောက်လာခဲ့ပါတယ်။

လင်ဒါးအပေါ် လွှမ်းမိုးမှုကြီးတဲ့ ဘောလုံးယဉ်ကျေးမှု နှစ်ခုကတော့ ဒတ်ချ်နာမည်ကျော် တိုက်စစ်အသားပေး Total Football နဲ့ ပေါ်တူဂီရဲ့ မာန်ဟုန်ပြင်းတဲ့ aggression ကစားဟန်တွေပဲဖြစ်ပါတယ်။ ဒီဘောလုံးယဉ်ကျေးမှု နှစ်ခုအပေါ် သူ့ရဲ့ နှစ်သက်မှုက ယာဂင်ကလော့ပ်ရဲ့ နာမည်ကျော် ဖိအားပေးကစားနည်းထဲ ပေါင်းစပ် ယဉ်ကျေးမှုတွေအဖြစ် ဝင်ရောက်ဖို့ရာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

လက်ထောက်နည်းပြအဖြစ် လင်ဒါး တာဝန်ယူအပြီးမှာ သူ့ရဲ့ တာဝန်ဟောင်းဖြစ်တဲ့ Elite development coach တာဝန်ကိုတော့ ဗစ်တာမာတိုစ့် တာဝန်ယူပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ မာတိုစ့်ဟာ ပေါ်တိုအသင်းက ပြောင်းလာခဲ့ကာ ပေါ်တူဂီသားကို ထောက်ခံမှု ပေးခဲ့သူက လင်ဒါးကိုယ်တိုင်ပါ။ ယူအီးအက်ဖ်အေ-အေ လိုင်စင် ကိုင်ဆောင်ထားတဲ့ သူ့ကို ခေါ်ယူခြင်းဟာ လီဗာပူး လူငယ်အသင်းတွေထံ လက်ရှိ ပျိုးထားတဲ့ ပေါ်တူဂီ ယဉ်ကျေးမှုတွေ ပိုတိုးတက်လာဖို့ အထောက်အကူ ဖြစ်ပါမယ်။

ကလော့ပ်ဟာ ပိုင်ဆိုင်မှုယူပြီး ဘောလုံးပေးမှုကို အခြေခံတဲ့ နည်းစနစ်အားသန် နည်းလမ်းထက်၊ စိတ်ပြင်းပြမှုကို အခြေခံပြီး ပြိုင်ဘက်ကို မာမာထန်ထန်ကစားတဲ့ ရန်လိုတိုက်ခိုက်ဟန်ကို ပိုပြီး နှစ်သက်သူဖြစ်တယ်။ ဒါကြောင့်လည်း Total Football ကနေ ခွဲထွက်လာတဲ့ ဖိအားပေး ကစားဟန်တွေအဖြစ် မျက်မှောက်ခေတ်မှာ နာမည်ရတဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်အသားပေး ဖိအားပေး ကစားဟန်နဲ့ ယာဂင်ကလော့ပ်ရဲ့ စိတ်ပြင်းပြမှုကို အသားပေးတဲ့ ဖိအားပေးကစားဟန်တွေက ကွဲပြားမှုတွေ ရှိလာတာဖြစ်တယ်။

ကလော့ပ်ဟာ ကောင်တာတိုက်စစ် ပြန်စဖို့မှာ သူ့ကစားသမားတွေ အမြဲတမ်း အဆင်သင့်ဖြစ်တာကို မြင်လိုတယ်၊ စိတ်ဓါတ်ပိုင်းမှာ အမြဲတမ်း ရာနှုန်းပြည့်ဖြစ်တာကို မြင်လိုတယ်၊ ကြံ့ခိုင်မှုပိုင်းမှာ အမြဲတမ်း အဆင်သင့် ဖြစ်နေစေလိုတယ်။ နောက်ပြီး ယာဂင်ကလော့ပ်ဟာ အားကစား-သိပ္ပံ ဒီပလိုမာရထားသူဖြစ်ပြီး သူက ဘောလုံးအားကစားကို ပိုကောင်းလာဖို့ အမြဲတမ်း ကြံဆနေသူပါ။ ဒါကြောင့်လည်း အားကစား-သိပ္ပံ ပေါင်းစပ်မှုအဖြစ် အဟာရဗေဒပညာရှင် မိုနာနမ်မာကို head of nutrition အဖြစ် ၂၀၁၇ ထဲက ခေါ်ယူခဲ့သလို ရေလွှာလျောစီး ကမ္ဘာချန်ပီယံကို သင်တန်းဆရာအဖြစ်လည်းကောင်း၊ သောမက်စ်ကို လက်မြောက်ဘော နည်းပြအဖြစ်လည်းကောင်း ခေါ်ယူမှုတွေ လုပ်ခဲ့တယ်။ ဒါဟာ အခြားသော ဘောလုံးအသင်းတွေမှာ မရှိတဲ့ ရာထူးမျိုးတွေဖြစ်ပါတယ်။

အဟာရဗေဒပညာရှင် မိုနာနမ်မာ (head of nutrition) ရဲ့ တာဝန်က ဘာလဲ? ဘောလုံးသမားတိုင်းမှာ ကယ်လိုရီ လောင်ကျွမ်းမှုတွေ၊ သုံးစွဲတဲ့ ကြွက်သားတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မတူညီကြပါဘူး။ အဟာရဗေဒ ပညာရှင်ဟာ ဒီအချက်တွေကို တွက်ချက်ပြီး ဘယ်ကစားသမားက ဘယ်လို အစားအသောက်ကို စားရမယ်ဆိုတဲ့ အပိုင်းကို စီမံသူဖြစ်တယ်။ အကျယ်ကိုတော့ ဒီနေရာမှာ မပြောတော့ပါဘူး။

အပေါ်ယံကြည့်မယ်ဆိုရင်တော့ ရေလွှာလှိုင်း စီးတာနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကက ဘာမှမဆိုင်သပါဘူး။ ဒါပေမယ့်လို့ ရေလွှာစီးခြင်းက အသက်အန္တရာယ်ကြီးပြီး အချိန်တစ်ခုအတွင်းမှာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။
အားကစား တစ်ခုစီရဲ့ ထိပ်တန်းအဆင့်တွေအတွက် ကျရှူံးမှုက အောင်မြင်မှုရဲ့ လမ်းစဖြစ်လို့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ပိုင်းအတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ကလော့ပ်က သိပ်စိတ်ဝင်စားပါတယ်။

၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ရာသီမစခင် ပြင်သစ်လေ့ကျင့်ရေးမှာတော့ မန်နေဂျာယာဂင်ကလော့ပ်က ကလပ်အသင်း ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်း ပြင်ဆင်မှုတွေအတွက် ရေလွှာလှိုင်းစီး ကစားသမား Sebastian Steudtner ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစပ်ဖို့အတွက် ကလော့ပ် စိတ်ဝင်စားတဲ့ အားကစား-သိပ္ပံ ပေါင်းစပ်မှုတွေပဲဖြစ်တယ်။

ပြန်ဆက်ရမယ်ဆိုရင် လင်ဒါးဟာ ကလော့ပ်ရဲ့ အယုံကြည်ရဆုံး နည်းပြအဖြစ် ဂျာမနီမန်နေဂျာကြီးရဲ့ အတွေးအမြင်တွေကို ပထမအသင်းသားတွေထံ ချပြရပြီး တိုးတက်မှုတွေကို ရှာဖွေရသူဖြစ်တယ်။ လီဗာပူးအဝတ်လဲခန်းကို ဦးဆောင်စေတဲ့ ခေါင်းဆောင်တွေကိုလည်း စိတ်ဓါတ်ပိုင်းကို အမြဲတမ်း အမြင့်ဆုံးမှာ ရှိနေဖို့ စီစဉ်ပေးရတာက သူရဲ့ တာဝန်တွေထဲက တစ်ခုဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ကန်တင်ပြေး ကစားဟန်နဲ့ ခံစစ်ကို ပိတ်ဆို့ကစားတဲ့ ရိုးရာဟန်တွေကို ရင်ဆိုင်ရာမှာ အစောပိုင်း လီဗာပူးအသင်းက ဒုက္ခတွေ များခဲ့ပေမယ့် ကလော့ပ်ရဲ့ ကောင်တာ-ဖိအားပေး ကစားဟန်ကို ပိုမို ပြည့်စုံလာစေသူတွေထဲမှာ လင်ဒါးကလည်း အဓိက ကျခဲ့တယ်။ ပုံမှန်အားဖြင့် ခံစစ်မှူးက ခံစစ်၊ တိုက်စစ်သမားက တိုက်စစ်၊ ကွင်းလယ်က ဖန်တီးမှုကို အဓိက တာဝန်ယူရပေမယ့် လက်ရှိ လီဗာပူးက ကိုယ်ရဲ့နေရာကို တာဝန်ယူရတာ မဟုတ်ဘဲ စနစ်ကို တာဝန်ယူရတဲ့ ကစားဟန်မျိုးကို လုပ်ဆောင်နေတာပါ။

အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ တာဝန်ဟာ သွင်းဂိုးတင် မဟုတ်ဘဲ ခံစစ်အတွက်လည်း အမြဲတမ်း အဆင်သင့်ဖြစ်နေရမှာဖြစ်တယ်။ ဒီအပိုင်းကို မန်နေဂျာကလော့ပ်က တိုက်စစ်-ခံစစ် အပြောင်းအလဲ (ransition From Defense to Offense) လို့ သုံးနှုန်းတတ်ပြီး ဖိအားပေးမှုတွေကနေ ဘောလုံးပြန်ရယူကာ ကောင်တာတိုက်စစ် ပြန်ကစားမှု အမြန်နှုန်းနဲ့ တိကျမှုက လီဗာပူးနည်းစနစ်ရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။

နယ်သာလန်သား လင်ဒါးဟာ ပေါ်တူဂီ ဘောလုံးယဉ်ကျေးမှု လွှမ်းမိုးထံရသူတစ်ဦးဖြစ်ပြီး ဘာစီလိုနာရဲ့ ရွှေရောင်ကာလတွေမှာ ဒတ်ချ် Total Football ရဲ့ အရေးပါမှုတွေကိုလည်း နားလည်ထားသူဖြစ်တယ်။ သူဟာ လီဗာပူးအသင်းအတွက် ယာဂင်ကလော့ပ်ရဲ့ ကောင်တာ-ဖိအားပေး စနစ်မှာတော့ ဒတ်ချ်နဲ့ ပေါ်တူဂီ ဘောလုံးယဉ်ကျေးမှုတွေကို ပေါင်းထည့်ဖို့ ထောက်တိုင်တစ်ခုအဖြစ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရေးသားသူ – ဟန်သာ

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဂ်ာမာန္ ေဘာလံုးလကၡဏာလို႔ ျမင္လာေစတဲ့အထိ လႊမ္းမိုးမႈၾကီးမားတဲ့ ဖိအားေပး ကစားဟန္ကို ကိုယ္ပိုင္နည္းလမး္ျဖင့္ ဖန္တီးခဲ့သူပါ။

ဘြန္ဒက္လီဂါရဲ႕ ဘုရင္ၾကီးလို႔ေတာင္ တင္စားခံရျပီး မ်က္ေမွာက္ ဂ်ာမနီေဘာလံုးေလာကရဲ႕ အရွိန္အဝါအၾကီးဆံုး ပုဂၢိဳလ္လည္း ျဖစ္ပါတယ္။ လက္ရွိမွာ ဘြန္ဒက္လီဂါကလပ္ အမ်ားအျပားက သူ႔ရဲ႕ ဖိအားနည္းစနစ္ကို ဆင့္ပႊားျပီး ကစားလာခဲ့တာေၾကာင့္ ဂ်ာမနီေဘာလံုးရဲ႕ အမွတ္လကၡဏာက ဖိအားေပး ကစားနည္းျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္လို႔ ဒီဘက္ႏွစ္ေတြမွာ ယာဂင္ကေလာ့ပ္ဟာ နည္းျပအဖြဲ႔ဝင္ပိုင္း ေျပာင္းလဲမႈနဲ႔အတူ သူ႔ရဲ႕ ကစားဟန္ကိုလည္း ေျပာင္းလဲခဲ့ပါတယ္။ အဓိကအားျဖင့္ ကာလရွည္ လက္တြဲလာတဲ့ ေဘာစနီးယန္း-ဆားဘီးယားသား ဘူဗက္နဲ႔ နည္းစနစ္ပိုင္းေတြမွာ အျမင္ကြဲလာခဲ့ျခင္းေၾကာင့္ လမ္းခြဲခဲ့ျပီး သူ႔ရဲ႕ ဖိအားေပးနည္းကို ပိုျပည့္စံုေစတဲ့ လူငယ္နည္းျပ လင္ဒါးကို အဓိက လက္ေထာက္တစ္ဦးအျဖစ္ ေနရာေပးခဲ့ပါတယ္။

လီဗာပူးပရိသတ္ေတြၾကား သတိထားမိသူေတြ ရွိၾကတာလည္း ျဖစ္ႏုိင္ေပမယ့္ ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီ ကုန္ခါနီးမွာ ကေလာ့ပ္ရဲ႕ လက္ေထာက္ျဖစ္သူ ဘူဗက္ဟာ နည္းျပအဖြဲ႔ဝင္စာရင္းကေန ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ ႏွစ္ႏွစ္ အၾကာမွာ ဘူဗက္ဟာ ဒိုင္နမို ေမာ္စကိုအသင္းကို အားကစားဒါရိုက္တာအျဖစ္ တာဝန္ယူလိုက္ျခင္းနဲ႔အတူ သူဟာ လီဗာပူးအသင္း နည္းျပအဖြဲ႔ဝင္ မဟုတ္ေတာ့ဘူးဆိုတာ အတည္ျပဳႏုိင္ခဲ့တယ္။

ကေလာ့ပ္ရဲ႔ ဦးေႏွာက္ရယ္လို႔ ထင္ရွားတဲ့ ဘူဗက္ရဲ႕ လမ္းခြဲဇာတ္လမ္းက ဘာျဖစ္ခဲ့လဲ ေမးခြန္းတစ္ခုအျဖစ္ ရွိေနခဲ့ပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္အတြင္း ရိုးမားမွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ဆီးမီးဖိုင္နယ္ပြဲ မတိုင္ခင္ ၂ ရက္အလိုမွာ ဘူဗက္ကို လီဗာပူးလူစာရင္းမွာ စတင္ျပီး မျမင္ရေတာ့တာပါ။ ေနာက္ပိုင္း အင္တာဗ်ဴးေတြမွာ ကေလာ့ပ္က သူ႔ရဲ႕ ညာလက္ရံုးအေၾကာင္း အေျဖမေပးခဲ့ေပမယ့္ ပုဂၢိဳလ္ေရးဆိုင္ရာ အေၾကာင္းျပခ်က္လို႔ေတာ့ သတင္းေတြ ထြက္ခဲ့ပါတယ္။

ဂ်ာမနီမွာတည္းက ကေလာ့ပ္နဲ႔အတူ လက္တြဲခဲ့တဲ့ ဘူဗက္ဟာ မိန္ဇ္၊ ေဒါ့မြန္၊ လီဗာပူးအသင္းေတြမွာ ကေလာ့ပ္နဲ႔ ၁၇ ႏွစ္ၾကာ လက္တြဲခဲ့သူျဖစ္ပါတယ္။ ဂ်ာမနီေဘာလံုး ကၽြမ္းက်င္သူ Raphael Honigstein ရဲ႕ အဆိုအရ ဘူဗက္က လင္ဒါးအေပၚ ကေလာ့ပ္ရဲ႕ ေနရာေပးမႈကို မႏွစ္သက္ျခင္းေၾကာင့္ အသင္းကေန ထြက္ခြာသြားခဲ့တာလို႔ ဆိုတယ္။ လက္ရွိ အခ်ိန္ထိေတာ့ ကေလာ့ပ္ရဲ႕ နည္းစနစ္ပိုင္းကို ဘူဗက္က ဆန္႔က်င္မႈေတြ ရွိခဲ့ျပီး လင္ဒါးထံကေတာ့ ပိုေကာင္းတဲ့ အျမင္ေတြရတာက အေျပာင္းအလဲ ျဖစ္ေစတယ္လို႔ ယံုၾကည္ရတာျဖစ္တယ္။

၂၀၁၄ ခုႏွစ္မွာ လီဗာပူးအသင္းကို ယူ-၁၆ အသင္း နည္းျပအျဖစ္ ေရာက္လာခဲ့တဲ့ လင္ဒါးဟာ ၂၀၁၈ ခုႏွစ္မွာ စီနီယာမန္ေနဂ်ာအျဖစ္ အလုပ္လုပ္ဖို႔ အသင္းကေန တစ္ၾကိမ္ ထြက္သြားေပမယ့္ မၾကာခင္မွာပဲ အသင္းထံ ျပန္ေရာက္လာခဲ့သူျဖစ္တယ္။ ဒုတိယအၾကိမ္ေျမာက္ အသင္းထံ ျပန္ဝင္လာခ်ိန္မွာ သူဟာ Elite development coach ရာထူးေလာက္တင္ မဟုတ္ဘဲ ကလပ္ရဲ႕ အေရးၾကီး ပုဂၢိဳလ္တစ္ဦး ျဖစ္လာခဲ့တယ္။ လင္ဒါးဟာ လူငယ္နည္းျပ၊ ပထမအသင္း တိုးတက္မႈဆုိင္ရာနည္းျပ စသျဖင့္ အဆင့္ဆင့္ ရာထူးတက္လာခဲ့ျပီး လက္ရွိ ရာထူးကေတာ့ နံပါတ္ ၃ ျဖစ္တဲ့ လက္ေထာက္နည္းျပျဖစ္ပါတယ္။

လင္ဒါးဟာ လီဗာပူးအသင္း နည္းျပအဖြဲ႔မွာ စတုတၳေနရာ ရယူထားခဲ့ရာက ဘူဗက္မရွိတဲ့ေနာက္ ကေလ့ာပ္ရဲ႕ လက္ရံုး တတိယေနရာကို ရရွိလာခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕ နည္းျပသက္တမ္းတစ္ေလွ်ာက္လံုးမွာ ေဘးက အတူရွိခဲ့တဲ့ ခရာဝစ္ဇ္ဟာ လက္ရွိအခ်ိန္ထိ နံပါတ္ ၂ ရာထူးအျဖစ္ လက္ေထာက္နည္းျပအျဖစ္ ရွိေနေသးေပမယ့္ သူက လင္ဒါးလို ကစားသမားေတြနဲ႔ နည္းစနစ္ပိုင္း စီမံသူေနရာ ဝင္မပါဘဲ သူ႔ရဲ႕တာဝန္ျဖစ္တဲ့ နည္းစနစ္ေရးရာ ခြဲျခမ္းစိတ္ျဖာမႈကို အေကာင္းဆုံး ဆက္လုပ္ေပးေနဆဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ခရာဝစ္ဇ္ဟာ နံပါတ္ ၂ ျဖစ္ေပမယ့္ နံပါတ္ ၃ ျဖစ္တဲ့ လင္ဒါးကပဲ လီဗာပူးစီနီယာအသင္းမွာ ပိုမို ပါဝင္မႈ ၾကီးမားပါတယ္။ မၾကာေသးခင္ကဆိုရင္ ကေလာ့ပ္ကို နည္းစနစ္ တိုင္ပင္ေနတဲ့ လင္ဒါးဟာ ျပစ္ဒဏ္ကိစၥအတြက္ လမ္းပတ္နဲ႔ အျငင္းပြားမႈေတြျဖစ္ခဲ့ျပီး ကေလာ့ပ္ရဲ႕ ကာကြယ္ေပးမႈကို ရခ့ဲျခင္းက လီဗာပူးမွာ သူ႔ရဲ႕ အေရးပါမႈကို သိႏုိင္ပါတယ္။

လင္ဒါးရဲ႕ နည္းျပဘဝကို ျပန္ၾကည့္မယ္ဆိုရင္ သူက ငယ္စဥ္တည္းက ေဘာလံုးသမားျဖစ္ဖို႔ထက္ နည္းျပျဖစ္ဖို႔ကို ဝါသနာထံုသူပါ။ ၂၀၀၂ ခုႏွစ္မွာ နယ္သာလန္ကလပ္ ပီအက္စ္ဗီနဲ႔ နည္းျပဘဝ စခဲ့ေပမယ့္ ၂၀၀၆ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္ထိ ေပၚတိုမွာ လူငယ္နည္းျပအျဖစ္ အလုပ္လုပ္ခဲ့ကာ အဆိုပါ ရာထူးနဲ႔ပဲ လီဗာပူးအသင္းကို ေရာက္လာခဲ့ပါတယ္။

လင္ဒါးအေပၚ လႊမ္းမိုးမႈၾကီးတဲ့ ေဘာလံုးယဥ္ေက်းမႈ ႏွစ္ခုကေတာ့ ဒတ္ခ်္နာမည္ေက်ာ္ တိုက္စစ္အသားေပး Total Football နဲ႔ ေပၚတူဂီရဲ႕ မာန္ဟုန္ျပင္းတဲ့ aggression ကစားဟန္ေတြပဲျဖစ္ပါတယ္။ ဒီေဘာလံုးယဥ္ေက်းမႈ ႏွစ္ခုအေပၚ သူ႔ရဲ႕ ႏွစ္သက္မႈက ယာဂင္ကေလာ့ပ္ရဲ႕ နာမည္ေက်ာ္ ဖိအားေပးကစားနည္းထဲ ေပါင္းစပ္ ယဥ္ေက်းမႈေတြအျဖစ္ ဝင္ေရာက္ဖို႔ရာ အေထာက္အပံ့ျဖစ္ေစခဲ့ပါတယ္။

လက္ေထာက္နည္းျပအျဖစ္ လင္ဒါး တာဝန္ယူအျပီးမွာ သူ႔ရဲ႕ တာဝန္ေဟာင္းျဖစ္တဲ့ Elite development coach တာဝန္ကိုေတာ့ ဗစ္တာမာတိုစ့္ တာဝန္ယူပါတယ္။ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာမွာ မာတိုစ့္ဟာ ေပၚတိုအသင္းက ေျပာင္းလာခဲ့ကာ ေပၚတူဂီသားကို ေထာက္ခံမႈ ေပးခဲ့သူက လင္ဒါးကိုယ္တုိင္ပါ။ ယူအီးအက္ဖ္ေအ-ေအ လုိင္စင္ ကိုင္ေဆာင္ထားတဲ့ သူ႔ကို ေခၚယူျခင္းဟာ လီဗာပူး လူငယ္အသင္းေတြထံ လက္ရွိ ပ်ိဳးထားတဲ့ ေပၚတူဂီ ယဥ္ေက်းမႈေတြ ပိုတိုးတက္လာဖို႔ အေထာက္အကူ ျဖစ္ပါမယ္။

ကေလာ့ပ္ဟာ ပိုင္ဆိုင္မႈယူျပီး ေဘာလံုးေပးမႈကို အေျခခံတဲ့ နည္းစနစ္အားသန္ နည္းလမ္းထက္၊ စိတ္ျပင္းျပမႈကို အေျခခံျပီး ျပိဳင္ဘက္ကို မာမာထန္ထန္ကစားတဲ့ ရန္လိုတိုက္ခုိက္ဟန္ကို ပိုျပီး ႏွစ္သက္သူျဖစ္တယ္။ ဒါေၾကာင့္လည္း Total Football ကေန ခြဲထြက္လာတဲ့ ဖိအားေပး ကစားဟန္ေတြအျဖစ္ မ်က္ေမွာက္ေခတ္မွာ နာမည္ရတဲ့ ဂြာဒီယိုလာရဲ႕ နည္းစနစ္အသားေပး ဖိအားေပး ကစားဟန္နဲ႔ ယာဂင္ကေလာ့ပ္ရဲ႕ စိတ္ျပင္းျပမႈကို အသားေပးတဲ့ ဖိအားေပးကစားဟန္ေတြက ကြဲျပားမႈေတြ ရွိလာတာျဖစ္တယ္။

ကေလာ့ပ္ဟာ ေကာင္တာတိုက္စစ္ ျပန္စဖို႔မွာ သူ႔ကစားသမားေတြ အျမဲတမ္း အဆင္သင့္ျဖစ္တာကို ျမင္လိုတယ္၊ စိတ္ဓါတ္ပိုင္းမွာ အျမဲတမ္း ရာႏႈန္းျပည့္ျဖစ္တာကို ျမင္လိုတယ္၊ ၾကံ႕ခိုင္မႈပိုင္းမွာ အျမဲတမ္း အဆင္သင့္ ျဖစ္ေနေစလိုတယ္။ ေနာက္ျပီး ယာဂင္ကေလာ့ပ္ဟာ အားကစား-သိပၸံ ဒီပလိုမာရထားသူျဖစ္ျပီး သူက ေဘာလံုးအားကစားကို ပိုေကာင္းလာဖို႔ အျမဲတမ္း ၾကံဆေနသူပါ။ ဒါေၾကာင့္လည္း အားကစား-သိပၸံ ေပါင္းစပ္မႈအျဖစ္ အဟာရေဗဒပညာရွင္ မိုနာနမ္မာကို head of nutrition အျဖစ္ ၂၀၁၇ ထဲက ေခၚယူခဲ့သလို ေရလႊာေလ်ာစီး ကမၻာခ်န္ပီယံကို သင္တန္းဆရာအျဖစ္လည္းေကာင္း၊ ေသာမက္စ္ကို လက္ေျမာက္ေဘာ နည္းျပအျဖစ္လည္းေကာင္း ေခၚယူမႈေတြ လုပ္ခဲ့တယ္။ ဒါဟာ အျခားေသာ ေဘာလံုးအသင္းေတြမွာ မရွိတဲ့ ရာထူးမ်ိဳးေတြျဖစ္ပါတယ္။

အဟာရေဗဒပညာရွင္ မိုနာနမ္မာ (head of nutrition) ရဲ႕ တာဝန္က ဘာလဲ? ေဘာလံုးသမားတိုင္းမွာ ကယ္လိုရီ ေလာင္ကၽြမ္းမႈေတြ၊ သံုးစြဲတဲ့ ၾကြက္သားေတြ၊ ခႏၶာကိုယ္ အစိတ္အပိုင္းေတြ မတူညီၾကပါဘူး။ အဟာရေဗဒ ပညာရွင္ဟာ ဒီအခ်က္ေတြကို တြက္ခ်က္ျပီး ဘယ္ကစားသမားက ဘယ္လို အစားအေသာက္ကို စားရမယ္ဆိုတဲ့ အပိုင္းကို စီမံသူျဖစ္တယ္။ အက်ယ္ကိုေတာ့ ဒီေနရာမွာ မေျပာေတာ့ပါဘူး။

အေပၚယံၾကည့္မယ္ဆိုရင္ေတာ့ ေရလႊာလိႈင္း စီးတာနဲ႔ ပေရာ္ဖက္႐ွင္နယ္ ေဘာလံုးေလာကက ဘာမွမဆိုင္သပါဘူး။ ဒါေပမယ့္လို႔ ေရလႊာစီးျခင္းက အသက္အႏၱရာယ္ၾကီးျပီး အခ်ိန္တစ္ခုအတြင္းမွာ ႐ွင္သန္ျခင္းနဲ႔ ေသဆံုးျခင္းကို အေျပာင္းအလဲ ျဖစ္သြားႏုိင္ပါတယ္။
အားကစား တစ္ခုစီရဲ႕ ထိပ္တန္းအဆင့္ေတြအတြက္ က်႐ွံဴးမႈက ေအာင္ျမင္မႈရဲ႕ လမ္းစျဖစ္လို႔ ၾကံ႕ခိုင္တဲ့ စိတ္ဓါတ္ပိုင္းအတြက္ ဘယ္လိုျပင္ဆင္ရမယ္ဆိုတာကို ကေလာ့ပ္က သိပ္စိတ္ဝင္စားပါတယ္။

၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ္ ရာသီမစခင္ ျပင္သစ္ေလ့က်င့္ေရးမွာေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ကလပ္အသင္း ကစားသမားေတြရဲ႕ စိတ္ဓါတ္ပိုင္း ျပင္ဆင္မႈေတြအတြက္ ေရလႊာလိႈင္းစီး ကစားသမား Sebastian Steudtner ကို ဖိတ္ေခၚခဲ့ပါတယ္။ ဒါဟာ မတူညီတဲ့ ယဥ္ေက်းမႈေတြကို ေပါင္းစပ္ဖို႔အတြက္ ကေလာ့ပ္ စိတ္ဝင္စားတဲ့ အားကစား-သိပၸံ ေပါင္းစပ္မႈေတြပဲျဖစ္တယ္။

ျပန္ဆက္ရမယ္ဆိုရင္ လင္ဒါးဟာ ကေလာ့ပ္ရဲ႕ အယံုၾကည္ရဆံုး နည္းျပအျဖစ္ ဂ်ာမနီမန္ေနဂ်ာၾကီးရဲ႕ အေတြးအျမင္ေတြကို ပထမအသင္းသားေတြထံ ခ်ျပရျပီး တိုးတက္မႈေတြကို ရွာေဖြရသူျဖစ္တယ္။ လီဗာပူးအဝတ္လဲခန္းကို ဦးေဆာင္ေစတဲ့ ေခါင္းေဆာင္ေတြကိုလည္း စိတ္ဓါတ္ပိုင္းကို အျမဲတမ္း အျမင့္ဆံုးမွာ ရွိေနဖို႔ စီစဥ္ေပးရတာက သူရဲ႕ တာဝန္ေတြထဲက တစ္ခုျဖစ္ပါတယ္။

အဂၤလန္ရဲ႕ ကန္တင္ေျပး ကစားဟန္နဲ႔ ခံစစ္ကို ပိတ္ဆို႔ကစားတဲ့ ရိုးရာဟန္ေတြကို ရင္ဆိုင္ရာမွာ အေစာပိုင္း လီဗာပူးအသင္းက ဒုကၡေတြ မ်ားခဲ့ေပမယ့္ ကေလာ့ပ္ရဲ႕ ေကာင္တာ-ဖိအားေပး ကစားဟန္ကို ပိုမို ျပည့္စံုလာေစသူေတြထဲမွာ လင္ဒါးကလည္း အဓိက က်ခဲ့တယ္။ ပံုမွန္အားျဖင့္ ခံစစ္မွဴးက ခံစစ္၊ တိုက္စစ္သမားက တိုက္စစ္၊ ကြင္းလယ္က ဖန္တီးမႈကို အဓိက တာဝန္ယူရေပမယ့္ လက္ရွိ လီဗာပူးက ကိုယ္ရဲ႕ေနရာကို တာဝန္ယူရတာ မဟုတ္ဘဲ စနစ္ကို တာဝန္ယူရတဲ့ ကစားဟန္မ်ိဳးကို လုပ္ေဆာင္ေနတာပါ။

အဓိက တိုက္စစ္သမားေတြျဖစ္တဲ့ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ တာဝန္ဟာ သြင္းဂိုးတင္ မဟုတ္ဘဲ ခံစစ္အတြက္လည္း အျမဲတမ္း အဆင္သင့္ျဖစ္ေနရမွာျဖစ္တယ္။ ဒီအပိုင္းကို မန္ေနဂ်ာကေလာ့ပ္က တိုက္စစ္-ခံစစ္ အေျပာင္းအလဲ (ransition From Defense to Offense) လို႔ သံုးႏႈန္းတတ္ျပီး ဖိအားေပးမႈေတြကေန ေဘာလံုးျပန္ရယူကာ ေကာင္တာတိုက္စစ္ ျပန္ကစားမႈ အျမန္ႏႈန္းနဲ႔ တိက်မႈက လီဗာပူးနည္းစနစ္ရဲ႕ အဓိက ေသာ့ခ်က္ျဖစ္ပါတယ္။

နယ္သာလန္သား လင္ဒါးဟာ ေပၚတူဂီ ေဘာလံုးယဥ္ေက်းမႈ လႊမ္းမိုးထံရသူတစ္ဦးျဖစ္ျပီး ဘာစီလိုနာရဲ႕ ေရႊေရာင္ကာလေတြမွာ ဒတ္ခ်္ Total Football ရဲ႕ အေရးပါမႈေတြကိုလည္း နားလည္ထားသူျဖစ္တယ္။ သူဟာ လီဗာပူးအသင္းအတြက္ ယာဂင္ကေလာ့ပ္ရဲ႕ ေကာင္တာ-ဖိအားေပး စနစ္မွာေတာ့ ဒတ္ခ်္နဲ႔ ေပၚတူဂီ ေဘာလံုးယဥ္ေက်းမႈေတြကို ေပါင္းထည့္ဖို႔ ေထာက္တိုင္တစ္ခုအျဖစ္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ေရးသားသူ – ဟန္သာ