လီဗာပူးအသင်းနဲ့ လောလောလတ်လတ်ပဲ လမ်းခွဲခဲ့ပြီ ဖြစ်တဲ့ အရန် ဂိုးသမား လိုနာဂန်ဟာ အသင်း ထရိန်နင်မှာ ဆိုရင် သူ ရင်ဆိုင်ရမှာ စိုးရွံ့ခဲ့ရတဲ့ မှော်ဆရာလေးလို ကစားသမား ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လိုနာဂန်ကို အရန် ဂိုးသမား အဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပြီး အက်ဒရီယန်လည်းပဲ တပြိုင်နက်လိုလို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးဆုံးသွားတဲ့ ဘောလုံးရာသီ အတွင်း စီနီယာ အသင်းကြီးနဲ့ အတူ ပွဲထွက် ကစားတာ မတွေ့လိုက်ရပေမယ့် အသက် ၃၆ နှစ် အရွယ် ဂိုးသမား လိုနာဂန်ဟာ ပရီးမီးယားလိ၈် ချန်ပီယံ ဆု ဆွတ်ခူးသွားတဲ့ လီဗာပူးအသင်းရဲ့ တစိတ်တဒေသ ဖြစ်ခဲ့ပါတယ်။

လီဗာပူး လူစာရင်းရဲ့ အရည်အချင်းတွေက အင်္ဂလန်သား ဂိုးသမား လိုနာဂန်ကို အံ့အားတသင့် ကြီးစွာ မဖြစ်ခဲ့ပေမယ့် ကစားသမား တစ်ယောက်ကတော့ သူ့ကို တုန်လှုပ်စေခဲ့ပါတယ်။ ထို ကစားသမားက ဧရိယာထဲ ရောက်လာရင် ကြောက်မက်ဖွယ် ဖြစ်ကြောင်း လိုနာဂန်က ဖွင့်ဟခဲ့ပါတယ်။

သူ ညွှန်းဆိုခဲ့သူကတော့ လီဗာပူးရဲ့ ဆွစ်စ် တောင်ပံတိုက်စစ်သမား ရှာကွီရီပဲ ဖြစ်ပါတယ်။ ရှာကွီရီဟာ သူ့ ကစားသမား ဘဝတလျောက်မှာလည်း သူ့ နည်းစနစ် ကျေညက်မှုနဲ့ ထူးချွန်မှုတွေ အတွက် နာမည်ကောင်း ရှိထားပါတယ်။

” လီဗာပူးအသင်းသားတွေ အားလုံးက မယုံနိုင်စရာ စွမ်းရည်တွေ ရှိထားတယ် သဘောပေါက်ထားလို့ ကျနော့်ကို သိပ်ကြီး အံ့အား မသင့်စေခဲ့ပါဘူး။ ဒါပေမယ့် သူတို့ထဲကမှ ကျနော် မရင်ဆိုင်ချင်ဆုံး တစ်ယောက်ကတော့ ရှာကွီရီ ပါပဲ။ သူ ကန်သွင်းပြီဆိုရင် ဘယ်ခြေတစ်ပေါက်နဲ့ လုပ်ချင်တိုင်း လုပ်နိုင်နေတော့တာပဲ။

ကျနော်တို့ ၅ ယောက် တစ်သင်း ခွဲ ကစားကြပြီ ဆိုရင် ကျနော့်မှာ သူ ကျနော်တို့ဘက်က ကျပါစေ အမြဲ ကြိတ် ဆုတောင်းခဲ့ရတယ်။ သူက ကိုယ့်ပြိုင်ဘက် အသင်းမှာ ကျပြီ ဆိုလို့ကတော့ တကယ့် မှော်ဆရာလေး တစ်ယောက်လိုပဲ၊ အဆုံးသတ်တွေက အလန်းစားပါ။ ” လို့ လိုနာဂန် က ညွှန်းဆိုခဲ့ပါတယ်။

ရှာကွီရီဟာ လီဗာပူးအသင်းနဲ့ အတူ နှစ်နှစ်တာ ရှိခဲ့ပြီ ဆိုပေမယ့် ပုံမှန် ပွဲ ကစားခွင့် ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ တိုက်စစ်မှာ ဆာလက်၊ ဖာမီနို၊ မာနေးတို့ ပုံစံကောင်း ရနေတာကြောင့် လူစားဝင် ကစားခွင့်သာ ရရှိနေပါတယ်။

Zawgyi – လီဗာပူးအသင္းနဲ႕ ေလာေလာလတ္လတ္ပဲ လမ္းခြဲခဲ့ျပီ ျဖစ္တဲ့ အရန္ ဂိုးသမား လိုနာဂန္ဟာ အသင္း ထရိန္နင္မွာ ဆိုရင္ သူ ရင္ဆိုင္ရမွာ စိုးရြံ႕ခဲ့ရတဲ့ ေမွာ္ဆရာေလးလို ကစားသမား ရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့နွစ္ ၾသဂုတ္လက လိုနာဂန္ကို အရန္ ဂိုးသမား အျဖစ္ ေခၚယူခဲ့တာ ျဖစ္ျပီး အက္ဒရီယန္လည္းပဲ တျပိဳင္နက္လိုလို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ျပီးဆံုးသြားတဲ့ ေဘာလံုးရာသီ အတြင္း စီနီယာ အသင္းၾကီးနဲ႕ အတူ ပြဲထြက္ ကစားတာ မေတြ႔လိုက္ရေပမယ့္ အသက္ ၃၆ နွစ္ အရြယ္ ဂိုးသမား လိုနာဂန္ဟာ ပရီးမီးယားလိ၈္ ခ်န္ပီယံ ဆု ဆြတ္ခူးသြားတဲ့ လီဗာပူးအသင္းရဲ႕ တစိတ္တေဒသ ျဖစ္ခဲ့ပါတယ္။

လီဗာပူး လူစာရင္းရဲ႕ အရည္အခ်င္းေတြက အဂၤလန္သား ဂိုးသမား လိုနာဂန္ကို အံ့အားတသင့္ ၾကီးစြာ မျဖစ္ခဲ့ေပမယ့္ ကစားသမား တစ္ေယာက္ကေတာ့ သူ႔ကို တုန္လႈပ္ေစခဲ့ပါတယ္။ ထို ကစားသမားက ဧရိယာထဲ ေရာက္လာရင္ ေၾကာက္မက္ဖြယ္ ျဖစ္ေၾကာင္း လိုနာဂန္က ဖြင့္ဟခဲ့ပါတယ္။

သူ ညႊန္းဆိုခဲ့သူကေတာ့ လီဗာပူးရဲ႕ ဆြစ္စ္ ေတာင္ပံတိုက္စစ္သမား ရွာကြီရီပဲ ျဖစ္ပါတယ္။ ရွာကြီရီဟာ သူ႔ ကစားသမား ဘ၀တေလ်ာက္မွာလည္း သူ႔ နည္းစနစ္ ေက်ညက္မႈနဲ႕ ထူးခၽြန္မႈေတြ အတြက္ နာမည္ေကာင္း ရွိထားပါတယ္။

” လီဗာပူးအသင္းသားေတြ အားလံုးက မယံုနိုင္စရာ စြမ္းရည္ေတြ ရွိထားတယ္ သေဘာေပါက္ထားလို႔ က်ေနာ့္ကို သိပ္ၾကီး အံ့အား မသင့္ေစခဲ့ပါဘူး။ ဒါေပမယ့္ သူတို႔ထဲကမွ က်ေနာ္ မရင္ဆိုင္ခ်င္ဆံုး တစ္ေယာက္ကေတာ့ ရွာကြီရီ ပါပဲ။ သူ ကန္သြင္းျပီဆိုရင္ ဘယ္ေျခတစ္ေပါက္နဲ႕ လုပ္ခ်င္တိုင္း လုပ္နိုင္ေနေတာ့တာပဲ။

က်ေနာ္တို႔ ၅ ေယာက္ တစ္သင္း ခြဲ ကစားၾကျပီ ဆိုရင္ က်ေနာ့္မွာ သူ က်ေနာ္တို႔ဘက္က က်ပါေစ အျမဲ ၾကိတ္ ဆုေတာင္းခဲ့ရတယ္။ သူက ကိုယ့္ျပိဳင္ဘက္ အသင္းမွာ က်ျပီ ဆိုလို႔ကေတာ့ တကယ့္ ေမွွာ္ဆရာေလး တစ္ေယာက္လိုပဲ၊ အဆံုးသတ္ေတြက အလန္းစားပါ။ ” လို႔ လိုနာဂန္ က ညႊန္းဆိုခဲ့ပါတယ္။

ရွာကြီရီဟာ လီဗာပူးအသင္းနဲ႕ အတူ နွစ္နွစ္တာ ရွိခဲ့ျပီ ဆိုေပမယ့္ ပံုမွန္ ပြဲ ကစားခြင့္ ရဖို႔ ရုန္းကန္ေနရဆဲ ျဖစ္ပါတယ္။ တိုက္စစ္မွာ ဆာလက္၊ ဖာမီနို၊ မာေနးတို႔ ပံုစံေကာင္း ရေနတာေၾကာင့္ လူစား၀င္ ကစားခြင့္သာ ရရွိေနပါတယ္။