ဘောလုံးသမားတွေမှာ ကိုယ်ပိုင် စတိုင်တွေရှိတတ်ကြပါတယ်။ ပါးစပ်ဖွာဖွာ ကစားတတ်တဲ့ ကာရေဂါလို၊ ရိုးအေးလွန်းတဲ့ ဟန်ဒိုလို၊ မာန်မာနကြီးပြီး ယုံကြည်ချက်ရှိတဲ့ ဗန်ဒိုက်လို၊ သြဇာလွှမ်းပြီး ပေါက်ကွဲအားများတဲ့ ဂျရတ်လို ကစားသမားမျိုးတွေပေါ့။

လီဗာပူးအကယ်ဒမီကနေ ထင်ပေါ်လာတဲ့ ထရန့်ဟာလည်း ရိုးအေးပြီး ရှက်လွယ်တဲ့ ကစားသမားပါ။ ဒါပေမယ့် ဒီတစ်ယောက်ကတော့ မတူပါဘူး။ ကားတစ်ဂျုံးဆိုတဲ့ ကစားသမားက မာန်မာနကြီးပြီး ကိုယ်ဘာသာ ယုံကြည်မှုရှိသူတစ်ဦးပါ။ လူငယ် နည်းပြတွေကတော့ ထိပ်တန်းကစားသမား တစ်ဦးမှာ ရှိရမယ့် ကိုယ်ဘာသာ ယုံကြည်ကိုယ်စား အထင်ကြီးမှုကို ကားတစ်ဂျုံးမှာ မြင်ရတယ်လို့ ဖွင့်ပြောထားပါတယ်။

” ကျနော်က သိပ်ကို ကြိုးစားတဲ့ မိသားစုကနေ မွေးဖွားလာသူပါ။ ဒါကလွဲရင် ထူးထူးခြားခြား မရှိတဲ့ သာမာန် မိသားစုတစ်ခုကနေ ဆင်းသက်လာသူဖြစ်တယ် ” လို့ ဂျုံးက မာဆေးဆိုဒ်အခြေစိုက် Echo သတင်းကို ဖြေပေးပါတယ်။

လီဗာပူးသားလေးကပဲ ” ကျနော် ဘောလုံးစကစားတော့ လူတိုင်းလိုပဲ လမ်းမတွေပေါ်မှာပဲ ဖြစ်ပါတယ်။ လီဗာပူးက ဂျယ်ဘတ်လမ်းမထိပ်မှာပဲ ဘောလုံးကစားခဲ့တယ်။ ကျနော် တက်တဲ့ကျောင်းက စိန့်ဗင်းဆင့်ဒီပေါလ်ကျောင်းပါ။ လမ်းမမှာ အမှတ်အသားတွေချပြီး ကျနေ်ာတို့ ဘောလုံးကစားခဲ့ကြပါတယ်။

လီဗာပူးသား လူငယ်တစ်ယောက်အဖြစ် ဘာမှ ထူးထူးခြားခြား လုပ်စရာ မရှိပါဘူး။ လုပ်စရာက ဘောလုံးကစားဖို့ပါ။ ကျနော်မှာ ဘောလုံးကစားခွင့်ကို လက်ဆောင်အဖြစ် ရထားတာ ကံကောင်းပါတယ်။ အရည်အချင်းတွေ ပြခွင့်လည်းရတာပေါ့။ သီတင်းပတ်တွေမှာ အားတိုင်းလည်း Mossley Hill မှာ ဘောလုံးကစားလေ့ရှိပါတယ်။ အဲ့မှာ ပြိုင်ပွဲတွေရှိတယ်။

လူငယ်ဘဝက အနိုင်ရထားတဲ့ ဆုတွေ အခုချိန်ထိ ကျနော်မှာ ရှိသေးတယ်။ တစ်နှစ်တာ အကောင်းဆုံးဆု၊ ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံး ကစားသမားဆုတွေပေါ့။ အမြဲတမ်း ကိုယ်ဘာသာ တွေးမိတာက ကျနော်က အရည်အချင်းရှိသူပါ။

လမ်းမမှာ ဘောလုံးကစားရင် ဘယ်တော့မှ အသင်းတွေဆိုပြီး မရှိဘူး။ လူတိုင်က ကိုယ်ဘာသာ အသင်းပါပဲ။ ကိုယ်ကို ဘယ်သူမှလည်း ဘောလုံးမပေးဘူး။ ဒီလို လမ်းမကနေပဲ ကျနော်ရဲ့ စွမ်းရည်တွေကို သင်ယူလာခဲ့တယ်။ ဘောလုံးရလာရင် ကိုယ်လုပ်ပြနိုင်ရမယ်။ အနိုင်ရဖို့အတွက် လိမ်ခေါက်မှုတွေ ကန်သွင်းမှုတွေကို ကျနော် လုပ်ခဲ့ရတယ်။ ဒါက ကျနော် ကြီးပြင်းလာရတဲ့ ဘောလုံးစတိုင်ပဲ။ အခုထိလည်း ဒီလိုပဲ ကစားတတ်တယ်။

လမ်းမတွေမှာ ကိုယ်ထက် အသက်ပိုကြီးတဲ့ ဘဲတွေနဲ့ ကစားရတာကလည်း ကျနော်ကို ပိုကောင်းလာဖို့ အကူအညီဖြစ်ခဲ့ပါတယ်။ ပိုမြန်ပြီး ပိုသန်မာလာခဲ့တယ်။ ကျနော် အရည်အချင်းတွေ ရှိလာတယ်။ လမ်းမတွေမှာ ကစားခဲ့တာက ကျနော်ကို အကူအညီဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက် အနာဂတ်မှာ ကာတစ်ဂျုံးကလည်း ထရန့်လို အဓိက ကစားသမားဖြစ်လာမလား? စတီဗင်ဂျရတ်နဲ့ ကာရေဂါလို အကယ်ဒမီထွက် တွဲဘက်တွေအဖြစ် ထရန့်နဲ့ အတွဲညီမလား? စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ေဘာလံုးသမားေတြမွာ ကိုယ္ပိုင္ စတိုင္ေတြရွိတတ္ၾကပါတယ္။ ပါးစပ္ဖြာဖြာ ကစားတတ္တဲ့ ကာေရဂါလို၊ ရိုးေအးလြန္းတဲ့ ဟန္ဒိုလို၊ မာန္မာနၾကီးျပီး ယံုၾကည္ခ်က္ရွိတဲ့ ဗန္ဒိုက္လို၊ ၾသဇာလႊမ္းျပီး ေပါက္ကြဲအားမ်ားတဲ့ ဂ်ရတ္လို ကစားသမားမ်ိဳးေတြေပါ့။

လီဗာပူးအကယ္ဒမီကေန ထင္ေပၚလာတဲ့ ထရန္႔ဟာလည္း ရိုးေအးျပီး ရွက္လြယ္တဲ့ ကစားသမားပါ။ ဒါေပမယ့္ ဒီတစ္ေယာက္ကေတာ့ မတူပါဘူး။ ကားတစ္ဂ်ံဳးဆိုတဲ့ ကစားသမားက မာန္မာနၾကီးျပီး ကိုယ္ဘာသာ ယံုၾကည္မႈရွိသူတစ္ဦးပါ။ လူငယ္ နည္းျပေတြကေတာ့ ထိပ္တန္းကစားသမား တစ္ဦးမွာ ရွိရမယ့္ ကိုယ္ဘာသာ ယံုၾကည္ကိုယ္စား အထင္ၾကီးမႈကို ကားတစ္ဂ်ံဳးမွာ ျမင္ရတယ္လို႔ ဖြင့္ေျပာထားပါတယ္။

” က်ေနာ္က သိပ္ကို ၾကိဳးစားတဲ့ မိသားစုကေန ေမြးဖြားလာသူပါ။ ဒါကလြဲရင္ ထူးထူးျခားျခား မရွိတဲ့ သာမာန္ မိသားစုတစ္ခုကေန ဆင္းသက္လာသူျဖစ္တယ္ ” လို႔ ဂ်ံဳးက မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းကို ေျဖေပးပါတယ္။

လီဗာပူးသားေလးကပဲ ” က်ေနာ္ ေဘာလံုးစကစားေတာ့ လူတိုင္းလိုပဲ လမ္းမေတြေပၚမွာပဲ ျဖစ္ပါတယ္။ လီဗာပူးက ဂ်ယ္ဘတ္လမ္းမထိပ္မွာပဲ ေဘာလံုးကစားခဲ့တယ္။ က်ေနာ္ တက္တဲ့ေက်ာင္းက စိန္႔ဗင္းဆင့္ဒီေပါလ္ေက်ာင္းပါ။ လမ္းမမွာ အမွတ္အသားေတြခ်ျပီး က်ေန္ာတို႔ ေဘာလံုးကစားခဲ့ၾကပါတယ္။

လီဗာပူးသား လူငယ္တစ္ေယာက္အျဖစ္ ဘာမွ ထူးထူးျခားျခား လုပ္စရာ မရွိပါဘူး။ လုပ္စရာက ေဘာလံုးကစားဖို႔ပါ။ က်ေနာ္မွာ ေဘာလံုးကစားခြင့္ကို လက္ေဆာင္အျဖစ္ ရထားတာ ကံေကာင္းပါတယ္။ အရည္အခ်င္းေတြ ျပခြင့္လည္းရတာေပါ့။ သီတင္းပတ္ေတြမွာ အားတိုင္းလည္း Mossley Hill မွာ ေဘာလံုးကစားေလ့ရွိပါတယ္။ အဲ့မွာ ျပိဳင္ပြဲေတြရွိတယ္။

လူငယ္ဘဝက အႏုိင္ရထားတဲ့ ဆုေတြ အခုခ်ိန္ထိ က်ေနာ္မွာ ရွိေသးတယ္။ တစ္ႏွစ္တာ အေကာင္းဆံုးဆု၊ ဂိုးသြင္းအမ်ားဆံုးဆု၊ အေကာင္းဆံုး ကစားသမားဆုေတြေပါ့။ အျမဲတမ္း ကိုယ္ဘာသာ ေတြးမိတာက က်ေနာ္က အရည္အခ်င္းရွိသူပါ။

လမ္းမမွာ ေဘာလံုးကစားရင္ ဘယ္ေတာ့မွ အသင္းေတြဆိုျပီး မရွိဘူး။ လူတိုင္က ကိုယ္ဘာသာ အသင္းပါပဲ။ ကိုယ္ကို ဘယ္သူမွလည္း ေဘာလံုးမေပးဘူး။ ဒီလို လမ္းမကေနပဲ က်ေနာ္ရဲ႕ စြမ္းရည္ေတြကို သင္ယူလာခဲ့တယ္။ ေဘာလံုးရလာရင္ ကိုယ္လုပ္ျပႏုိင္ရမယ္။ အႏုိင္ရဖို႔အတြက္ လိမ္ေခါက္မႈေတြ ကန္သြင္းမႈေတြကို က်ေနာ္ လုပ္ခဲ့ရတယ္။ ဒါက က်ေနာ္ ၾကီးျပင္းလာရတဲ့ ေဘာလံုးစတိုင္ပဲ။ အခုထိလည္း ဒီလိုပဲ ကစားတတ္တယ္။

လမ္းမေတြမွာ ကိုယ္ထက္ အသက္ပိုၾကီးတဲ့ ဘဲေတြနဲ႔ ကစားရတာကလည္း က်ေနာ္ကို ပိုေကာင္းလာဖို႔ အကူအညီျဖစ္ခဲ့ပါတယ္။ ပိုျမန္ျပီး ပိုသန္မာလာခဲ့တယ္။ က်ေနာ္ အရည္အခ်င္းေတြ ရွိလာတယ္။ လမ္းမေတြမွာ ကစားခဲ့တာက က်ေနာ္ကို အကူအညီျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းအတြက္ အနာဂတ္မွာ ကာတစ္ဂ်ံဳးကလည္း ထရန္႔လို အဓိက ကစားသမားျဖစ္လာမလား? စတီဗင္ဂ်ရတ္နဲ႔ ကာေရဂါလို အကယ္ဒမီထြက္ တြဲဘက္ေတြအျဖစ္ ထရန္႔နဲ႔ အတြဲညီမလား? ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။