ဒီဘက်နှစ်တွေမှာ လီဗာပူးအသင်း ဆုဖလာတွေ စိန်ခေါ်လာခဲ့တာကြောင့် ဗန်ဒိုက်၊ ထရန့်၊ မာနေး၊ ရော်ဘတ်ဆန်၊ အယ်လီဆန်၊ မာနေး၊ ဆာလက် တို့လို ကစားသမားတွေကလည်း ကမ္ဘာဘောလုံး ဇာတ်ခုံပေါ် ထိပ်တန်းအဆင့်တွေအဖြစ် ဝင်ရောက်လာခဲ့ပါတယ်။

အထူးသဖြင့် ဗန်ဒိုက်၊ ထရန့်၊ အယ်လီဆန်နဲ့ မာနေးတို့ဟာ ဒီဘက်နှစ်တွေမှာ နာမည် တစ်ရှိန်ထိုး တက်လာခဲ့ကြသူတွေဖြစ်တယ်။ ဗန်ဒိုက်ဟာ ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူး နှစ်ဦးထဲက တစ်ဦးဖြစ်သလို ဘလွန်းဒီအော့ဆု စိန်ခေါ်သူအဆင့်ကိုပါ ရောက်လာခဲ့တယ်။ ဒါပေမယ့်လို့ ဒီကစားတွေထက် အားပေးခံရမှု ပိုများသူအဖြစ် ဆာလက်က ဦးဆောင်နေဆဲပါပဲ။

၂၀၁၇ ခုနှစ်မှာ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဆာလက်ဟာ အဆိုပါနှစ်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၃၂ ဂိုး သွင်းခဲ့သူပါ။ ကမ္ဘာဖလား မတိုင်ခင်မှာ သူဟာ ဘလွန်းဒီအော့ဆုအတွက် ရေပန်းစားသူ တစ်ဦးတောင်မှ ဖြစ်ခဲ့သေးတာဖြစ်တယ်။ ဒါပေမယ့်လို့ နောက်ပိုင်း နှစ်တွေမှာတော့ လိဂ် သွင်းဂိုး ၂၂ ဂိုးနဲ့ သွင်းဂိုး ၁၉ ဂိုးတွေပဲ သွင်းနိုင်ခဲ့ပါတယ်။

အကောင်းဆုံးဆုတွေအတွက် ရေပန်းစားမှုမှာ ဆာလက်က အသင်းဖော်တွေ ကျော်တက်ခြင်းကို ခံလာရတယ်။ မနှစ်က PFA ဆုကို ဗန်ဒိုက် ရခဲ့ပြီး ဒီရာသီ PFA ဆုကို ဟန်ဒါဆန်၊ မာနေးတို့က ရေပန်းစားနေပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ် PFA နဲ့ လီဗာပူးတစ်နှစ်တာ အကောင်းဆုံးဆုရှင်ဟာ အဆိုပါနှစ် နောက်ပိုင်း အကောင်းဆုံးဆုတွေအတွက် ရေပန်းစားသူအဖြစ် ရှိမနေပါဘူး။

ဒါပေမယ့်လို့ လီဗာပူးအတွက် သွင်းဂိုးရယူပေးနိုင်စွမ်း၊ နိုင်ပွဲရယူပေးနိုင်စွမ်းမှာ ဆာလက်ဟာ အကောင်းဆုံးအဖြစ်မှာ ဆက်ရှိနေဆဲဖြစ်တယ်။ သူ့ရဲ့ သွင်းဂိုးအတွက် ခြိမ်းခြောက်မှု xG ဟာ ကမ္ဘာအဆင့် တိုက်စစ်သမားတွေဖြစ်တဲ့ မက်ဆီ၊ လီဝမ်ဒေါ့စကီးတို့နဲ့ မကွာတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဆာလက်ဟာ အီဂျစ်ရဲ့ ဂန္တဝင်လို ကစားသမားအဖြစ် အားပေးခံရသူဖြစ်ပြီး သူဟာ အာရပ်ကမ္ဘာတင်မဟုတ်ဘဲ အာဖရိကတိုက် တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အမှတ်အသားအဖြစ်ပါ တင်စားခံရသူပါ။ အာရပ်ကမ္ဘာကို သွားရောက်လေ့လာခဲ့သူတွေကတော့ အဆိုပါ ဒေသတွေမှာ ဆာလက်ဟာ ဂလိုဘယ်စတားအဖြစ် မက်ဆီ၊ ရော်နယ်ဒိုထက်တောင် ပိုအားပေးခံရသူလို့ ဖွင့်ဟထားပါတယ်။

ဆာလက်ဟာ သွင်းဂိုး ဆာလောင်သူဖြစ်သလို သူ့ရဲ့ ဂိုး၊ နိုင်ပွဲနဲ့ ဆုဖလား ဆာလောင်စိတ်တွေက လီဗာပူးကို မောင်းနင်နိုင်စွမ်းရှိတယ်။ လီဗာပူးကို ကမ္ဘာဘောလုံး ဇာတ်ခုံပေါ် ပြန်ရောက်စေသူတွေထဲက တစ်ဦးဖြစ်တဲ့ ဆာလက်ဟာ လာမယ့်ရာသီ အဓိက ဆုဖလားတွေနဲ့ တစ်ဦးချင်း ဆုတံဆိပ်ကို စိန်ခေါ်ပြဖို့ စိတ်ပြင်းပြနေဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီဘက္ႏွစ္ေတြမွာ လီဗာပူးအသင္း ဆုဖလာေတြ စိန္ေခၚလာခဲ့တာေၾကာင့္ ဗန္ဒိုက္၊ ထရန္႔၊ မာေနး၊ ေရာ္ဘတ္ဆန္၊ အယ္လီဆန္၊ မာေနး၊ ဆာလက္ တို႔လို ကစားသမားေတြကလည္း ကမၻာေဘာလံုး ဇာတ္ခံုေပၚ ထိပ္တန္းအဆင့္ေတြအျဖစ္ ဝင္ေရာက္လာခဲ့ပါတယ္။

အထူးသျဖင့္ ဗန္ဒိုက္၊ ထရန္႔၊ အယ္လီဆန္နဲ႔ မာေနးတို႔ဟာ ဒီဘက္ႏွစ္ေတြမွာ နာမည္ တစ္ရွိန္ထိုး တက္လာခဲ့ၾကသူေတြျဖစ္တယ္။ ဗန္ဒိုက္ဟာ ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴး ႏွစ္ဦးထဲက တစ္ဦးျဖစ္သလို ဘလြန္းဒီေအာ့ဆု စိန္ေခၚသူအဆင့္ကိုပါ ေရာက္လာခဲ့တယ္။ ဒါေပမယ့္လို႔ ဒီကစားေတြထက္ အားေပးခံရမႈ ပိုမ်ားသူအျဖစ္ ဆာလက္က ဦးေဆာင္ေနဆဲပါပဲ။

၂၀၁၇ ခုႏွစ္မွာ လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဆာလက္ဟာ အဆိုပါႏွစ္မွာ ပရီးမီးယားလိဂ္သြင္းဂိုး ၃၂ ဂိုး သြင္းခဲ့သူပါ။ ကမၻာဖလား မတိုင္ခင္မွာ သူဟာ ဘလြန္းဒီေအာ့ဆုအတြက္ ေရပန္းစားသူ တစ္ဦးေတာင္မွ ျဖစ္ခဲ့ေသးတာျဖစ္တယ္။ ဒါေပမယ့္လို႔ ေနာက္ပိုင္း ႏွစ္ေတြမွာေတာ့ လိဂ္ သြင္းဂိုး ၂၂ ဂိုးနဲ႔ သြင္းဂိုး ၁၉ ဂိုးေတြပဲ သြင္းႏုိင္ခဲ့ပါတယ္။

အေကာင္းဆံုးဆုေတြအတြက္ ေရပန္းစားမႈမွာ ဆာလက္က အသင္းေဖာ္ေတြ ေက်ာ္တက္ျခင္းကို ခံလာရတယ္။ မႏွစ္က PFA ဆုကို ဗန္ဒိုက္ ရခဲ့ျပီး ဒီရာသီ PFA ဆုကို ဟန္ဒါဆန္၊ မာေနးတို႔က ေရပန္းစားေနပါတယ္။ ၂၀၁၇-၂၀၁၈ ခုႏွစ္ PFA နဲ႔ လီဗာပူးတစ္ႏွစ္တာ အေကာင္းဆံုးဆုရွင္ဟာ အဆုိပါႏွစ္ ေနာက္ပိုင္း အေကာင္းဆံုးဆုေတြအတြက္ ေရပန္းစားသူအျဖစ္ ရွိမေနပါဘူး။

ဒါေပမယ့္လို႔ လီဗာပူးအတြက္ သြင္းဂိုးရယူေပးႏုိင္စြမ္း၊ ႏုိင္ပြဲရယူေပးႏုိင္စြမ္းမွာ ဆာလက္ဟာ အေကာင္းဆံုးအျဖစ္မွာ ဆက္ရွိေနဆဲျဖစ္တယ္။ သူ႔ရဲ႕ သြင္းဂိုးအတြက္ ျခိမ္းေျခာက္မႈ xG ဟာ ကမၻာအဆင့္ တိုက္စစ္သမားေတြျဖစ္တဲ့ မက္ဆီ၊ လီဝမ္ေဒါ့စကီးတို႔နဲ႔ မကြာတဲ့ အေနအထားမွာ ရွိေနပါတယ္။

ဆာလက္ဟာ အီဂ်စ္ရဲ႕ ဂႏၱဝင္လို ကစားသမားအျဖစ္ အားေပးခံရသူျဖစ္ျပီး သူဟာ အာရပ္ကမၻာတင္မဟုတ္ဘဲ အာဖရိကတိုက္ တစ္ခုလံုးကို ကိုယ္စားျပဳတဲ့ အမွတ္အသားအျဖစ္ပါ တင္စားခံရသူပါ။ အာရပ္ကမၻာကို သြားေရာက္ေလ့လာခဲ့သူေတြကေတာ့ အဆိုပါ ေဒသေတြမွာ ဆာလက္ဟာ ဂလိုဘယ္စတားအျဖစ္ မက္ဆီ၊ ေရာ္နယ္ဒိုထက္ေတာင္ ပိုအားေပးခံရသူလို႔ ဖြင့္ဟထားပါတယ္။

ဆာလက္ဟာ သြင္းဂိုး ဆာေလာင္သူျဖစ္သလို သူ႔ရဲ႕ ဂိုး၊ ႏိုင္ပြဲနဲ႔ ဆုဖလား ဆာေလာင္စိတ္ေတြက လီဗာပူးကို ေမာင္းနင္ႏိုင္စြမ္းရွိတယ္။ လီဗာပူးကို ကမာၻေဘာလုံး ဇာတ္ခုံေပၚ ျပန္ေရာက္ေစသူေတြထဲက တစ္ဦးျဖစ္တဲ့ ဆာလက္ဟာ လာမယ့္ရာသီ အဓိက ဆုဖလားေတြနဲ႔ တစ္ဦးခ်င္း ဆုတံဆိပ္ကို စိန္ေခၚျပဖို႔ စိတ္ျပင္းျပေနဦးမွာ ျဖစ္ပါတယ္။