လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က အသင်း ဆုဖလား အောင်ပွဲခံမှုမှာ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပေမယ့် ငြင်းဆန်ပြီး နေအိမ်ကနေပဲ မိသားစုဝင်တွေနဲ့ အတူတကွ အားပေးခဲ့ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ အခက်အခဲတွေ အများကြီးကြားက ဆုဖလား အောင်ပွဲခံမှုကို လုပ်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ကစားသမားတွေရဲ့ မိသားစုဝင်တွေကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ ချယ်ဆီးနဲ့ပွဲကို တက်ခွင့် ပေးခဲ့ပေမယ့် မာဆေးဆိုဒ် တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့တယ်။ ပွဲနီးကပ်လာချိန် နောက်ဆုံးနာရီမှာတော့ ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။

လီဗာပူးဘက်က ဆာကင်နီ၊ အီရန်ရှပ်လို ဂန္တဝင်ကြီးတွေအပြင် စတီဗင်ဂျရတ်ကိုပါ တက်ရောက်ပေးဖို့ ဖိတ်ကြားခဲ့တာပါ။ လီဗာပူးပရိသတ်တွေ ကိုယ်တိုင်က စတီဗင်ကို အသင်းအောင်ပွဲခံမှုမှာ ပါစေလိုပေမယ့် စတီဗင်ကတော့ သမိုင်းဝင် အခမ်းအနားကို အန်ဖီးကွင်းမှာ ရှိနေရမှာထက် နေအိမ်ကနေ သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ အားပေးဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ဂျရတ်က ” အိမ်က တီဗီမှာပဲ ကျနော် ကြည့်နေခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့အတူ ကြည့်ဖို့ ဖိတ်ကြားခံခဲ့ရပေမယ့် မိသားစုနဲ့အတူ အိမ်မှာပဲ ဆက်ရှိနေပြီး အတူအားပေးကြတာ ပိုကောင်းမယ်လို့ ထင်ခဲ့တယ်။ ကစားသမားတွေကိုတော့ ပျော်ပျော်ရွှင်ရွှင် သူတို့ဘာသာပဲ အောင်ပွဲခံပါစေပေါ့။

အောင်ပွဲခံမှု မြင်ရတာကတော့ အရမ်းကို ကောင်းလွန်းပါတယ်။ လီဗာပူးတစ်မြို့လုံးမှာ ကျနော် မိသားစုထက် ပိုပျော်နေတဲ့ နေအိမ်တောင် ရှိတော့မှာ မဟုတ်ပါဘူး။ ယာဂင်ကလော့ပ်ဟာ ပထမဆုံး နေ့ရက်တည်းက လူတိုင်းကို ယုံကြည်စေခဲ့ပြီး အရမ်း ထူးခြားတဲ့ ခရီးလမ်းကို လျှောက်လှမ်းခဲ့တာပါ။

ဒီတော့ လီဗာပူးအသင်း အမှတ်ပေးဖလား အနိုင်ရတာကို မြင်ရတာအတွက် ကျနော် တကယ်ကို ဂုဏ်ယူပါတယ်။ နောက်ပြီး ကစားသမားအဖြစ်ကော ပရိသတ်တစ်ယောက်အဖြစ်ပါ ကာလရှည် စောင့်မျှော်ခဲ့ရတဲ့ အမှတ်ပေးဖလား အနိုင်ရတာကို မြင်ရတော့ စိတ်သက်သာရာရမိခဲ့တယ်။ အသင်းသားတွေနဲ့ အားလုံးသော လူတွေရဲ့ ပျော်ရွှင်မှုကို ကြည့်ရတာက အရမ်းကို အဓိပ္ပာယ်ရှိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က အသင္း ဆုဖလား ေအာင္ပြဲခံမႈမွာ တက္ေရာက္ဖို႔ ဖိတ္ၾကားခံခဲ့ရေပမယ့္ ျငင္းဆန္ျပီး ေနအိမ္ကေနပဲ မိသားစုဝင္ေတြနဲ႔ အတူတကြ အားေပးခဲ့ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းဟာ အခက္အခဲေတြ အမ်ားၾကီးၾကားက ဆုဖလား ေအာင္ပြဲခံမႈကို လုပ္ႏုိင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္က ကစားသမားေတြရဲ႕ မိသားစုဝင္ေတြကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္တဲ့ ခ်ယ္ဆီးနဲ႔ပြဲကို တက္ခြင့္ ေပးခဲ့ေပမယ့္ မာေဆးဆိုဒ္ တာဝန္ရွိသူေတြက ျငင္းဆန္ခဲ့တယ္။ ပြဲနီးကပ္လာခ်ိန္ ေနာက္ဆံုးနာရီမွာေတာ့ ျပန္လည္ ခြင့္ျပဳေပးခဲ့ပါတယ္။

လီဗာပူးဘက္က ဆာကင္နီ၊ အီရန္ရွပ္လို ဂႏၱဝင္ၾကီးေတြအျပင္ စတီဗင္ဂ်ရတ္ကိုပါ တက္ေရာက္ေပးဖို႔ ဖိတ္ၾကားခဲ့တာပါ။ လီဗာပူးပရိသတ္ေတြ ကိုယ္တုိင္က စတီဗင္ကို အသင္းေအာင္ပြဲခံမႈမွာ ပါေစလိုေပမယ့္ စတီဗင္ကေတာ့ သမိုင္းဝင္ အခမ္းအနားကို အန္ဖီးကြင္းမွာ ရွိေနရမွာထက္ ေနအိမ္ကေန သူ႔ရဲ႕ မိသားစုဝင္ေတြနဲ႔အတူ အားေပးဖို႔ကိုပဲ ေရြးခ်ယ္ခဲ့ပါတယ္။

ဂ်ရတ္က ” အိမ္က တီဗီမွာပဲ က်ေနာ္ ၾကည့္ေနခဲ့ပါတယ္။ လီဗာပူးအသင္းနဲ႔အတူ ၾကည့္ဖို႔ ဖိတ္ၾကားခံခဲ့ရေပမယ့္ မိသားစုနဲ႔အတူ အိမ္မွာပဲ ဆက္ရွိေနျပီး အတူအားေပးၾကတာ ပိုေကာင္းမယ္လို႔ ထင္ခဲ့တယ္။ ကစားသမားေတြကိုေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ သူတို႔ဘာသာပဲ ေအာင္ပြဲခံပါေစေပါ့။

ေအာင္ပြဲခံမႈ ျမင္ရတာကေတာ့ အရမ္းကို ေကာင္းလြန္းပါတယ္။ လီဗာပူးတစ္ျမိဳ႔လံုးမွာ က်ေနာ္ မိသားစုထက္ ပိုေပ်ာ္ေနတဲ့ ေနအိမ္ေတာင္ ရွိေတာ့မွာ မဟုတ္ပါဘူး။ ယာဂင္ကေလာ့ပ္ဟာ ပထမဆံုး ေန႔ရက္တည္းက လူတိုင္းကို ယံုၾကည္ေစခဲ့ျပီး အရမ္း ထူးျခားတဲ့ ခရီးလမ္းကို ေလွ်ာက္လွမ္းခဲ့တာပါ။

ဒီေတာ့ လီဗာပူးအသင္း အမွတ္ေပးဖလား အႏုိင္ရတာကို ျမင္ရတာအတြက္ က်ေနာ္ တကယ္ကို ဂုဏ္ယူပါတယ္။ ေနာက္ျပီး ကစားသမားအျဖစ္ေကာ ပရိသတ္တစ္ေယာက္အျဖစ္ပါ ကာလရွည္ ေစာင့္ေမွ်ာ္ခဲ့ရတဲ့ အမွတ္ေပးဖလား အႏုိင္ရတာကို ျမင္ရေတာ့ စိတ္သက္သာရာရမိခဲ့တယ္။ အသင္းသားေတြနဲ႔ အားလံုးေသာ လူေတြရဲ႕ ေပ်ာ္ရႊင္မႈကို ၾကည့္ရတာက အရမ္းကို အဓိပၸာယ္ရွိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။