လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က အသင်း ဆုဖလား အောင်ပွဲခံမှုမှာ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပေမယ့် ငြင်းဆန်ပြီး နေအိမ်ကနေပဲ မိသားစုနဲ့အတူ အားပေးခဲ့ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးတစ်သင်းလုံးမှာ အကျော်ကြားဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှာ ဆာလက် ဆက်ရှိနေဆဲဖြစ်ပြီး အီဂျစ်အကျော်အမော်ကို အာရပ်ကမ္ဘာတင်မဟုတ်ဘဲ အာဖရိကတိုက် တစ်ခုလုံးကပါ သူတို့ကို ကိုယ်စားပြုတဲ့ အမှတ်အသားအဖြစ် လက်ခံထားကြပါတယ်။

လီဗာပူးအသင်းဟာ ဂရိဘယ်အစွန်လူ ကွန်စတန်တီနိုကို ပေါင် ၇ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းလိုနေတယ်လို့ မာဆေးဆိုဒ် အခြေစိုက် သတင်းတွေက ဖော်ပြလာပါတယ်။

ကာတစ်ဂျုံးက သူဟာ လီဗာပူးမြို့ရဲ့ လမ်းမတွေမှာ ဘောလုံးကစားရင်း အရွယ်ရောက်လာရသူဖြစ်ပြီး အရည်အချင်းရှိသူ တစ်ယောက်အဖြစ် အမြဲတမ်း ကိုယ်ဘာသာ ယုံကြည်ချက်ရှိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသိုင်းအဝိုင်းက လာမယ့်ရာသီ လီဗာပူးကို ကြီးကြီးမားမား ပြောင်းလဲစေမယ့် ကစားသမားအဖြစ် ကီတာကို မြင်ထားကြောင်း မှတ်ချက်တွေ ပေးနေကြပါတယ်။

လီဗာပူးအသင်းနဲ့ လောလောလတ်လတ်ပဲ လမ်းခွဲခဲ့ပြီ ဖြစ်တဲ့ အရန် ဂိုးသမား လိုနာဂန်ဟာ အသင်း ထရိန်နင်မှာ ဆိုရင် သူ ရင်ဆိုင်ရမှာ စိုးရွံ့ခဲ့ရတဲ့ မှော်ဆရာလေးလို ကစားသမား ရှိပြီး သူက ရှာကွီရီဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၁ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ Nike တို့ တရားဝင် လက်တွဲမှုလုပ်အပြီး စပွန်ဆာပိုင်းမှာ အပြောင်းအလဲအချို့ ရှိလာခဲ့ကာ လက်မောင်းစပွန်ဆာဖြစ်တဲ့ Western Union ကို အသင်းဝဘ်ဆိုဒ်ကနေ ဖြုတ်ချထားတာကြောင့် ရာသီသစ်မှာ လက်မောင်းစပွန်ဆာ ပြောင်းနိုင်တယ်လို့ သတင်းကြီးနေပါတယ်။

ချန်ပီယံရှစ်ကလပ် ဒါဘီမှာ စီနီယာအတွေ့အကြုံကို စရခဲ့ပြီး ဘုန်းမောက်မှာ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ရခဲ့တဲ့ ဝဲလ်ဆန်ဟာ သူ့ကစားသမားဘဝအတွက် နောက်ထပ် စိန်ခေါ်မှုအဖြစ် ဒီနွေမှာ မန်နေဂျာယာဂင်ကလော့ပ်ထံ ခြေစွမ်းနဲ့ စိတ်ဓါတ်ပိုင်း စမ်းသပ်ခံရပါတော့မယ်။

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အဓိက စပွန်ဆာ တစ်ခုအဖြစ် Nike နဲ့ လက်တွဲမှာဖြစ်ပြီး ဒီစာချုပ်ရဲ့ တန်ကြေးဟာ ပေါင် ၇၅ သန်းကနေ ၈၅ သန်း ဝန်းကျင်ထိ မြင့်တက်နိုင်တဲ့ အနေအထားဖြစ်တယ်။

အန်ဖီးကွင်းပြင်ပ အဓိက မျက်နာစာမှာတော့ Nike ရဲ့ ပုံရိပ်တွေနဲ့ ဂျာစီသစ် ပုံရိပ်တွေကို ပြောင်းလဲ တပ်ဆင်မှု ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က အသင္း ဆုဖလား ေအာင္ပြဲခံမႈမွာ တက္ေရာက္ဖို႔ ဖိတ္ၾကားခံခဲ့ရေပမယ့္ ျငင္းဆန္ျပီး ေနအိမ္ကေနပဲ မိသားစုနဲ႔အတူ အားေပးခဲ့ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးတစ္သင္းလံုးမွာ အေက်ာ္ၾကားဆံုး ကစားသမားအျဖစ္ ထိပ္ဆံုးမွာ ဆာလက္ ဆက္ရွိေနဆဲျဖစ္ျပီး အီဂ်စ္အေက်ာ္အေမာ္ကို အာရပ္ကမၻာတင္မဟုတ္ဘဲ အာဖရိကတိုက္ တစ္ခုလံုးကပါ သူတို႔ကို ကိုယ္စားျပဳတဲ့ အမွတ္အသားအျဖစ္ လက္ခံထားၾကပါတယ္။

လီဗာပူးအသင္းဟာ ဂရိဘယ္အစြန္လူ ကြန္စတန္တီႏိုကို ေပါင္ ၇ သန္းဝန္းက်င္ျဖင့္ ကမ္းလွမ္းလိုေနတယ္လို႔ မာေဆးဆိုဒ္ အေျခစိုက္ သတင္းေတြက ေဖာ္ျပလာပါတယ္။

ကာတစ္ဂ်ံဳးက သူဟာ လီဗာပူးျမိဳ႔ရဲ႕ လမ္းမေတြမွာ ေဘာလံုးကစားရင္း အရြယ္ေရာက္လာရသူျဖစ္ျပီး အရည္အခ်င္းရွိသူ တစ္ေယာက္အျဖစ္ အျမဲတမ္း ကိုယ္ဘာသာ ယံုၾကည္ခ်က္ရွိတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသိုင္းအဝုိင္းက လာမယ့္ရာသီ လီဗာပူးကို ၾကီးၾကီးမားမား ေျပာင္းလဲေစမယ့္ ကစားသမားအျဖစ္ ကီတာကို ျမင္ထားေၾကာင္း မွတ္ခ်က္ေတြ ေပးေနၾကပါတယ္။

လီဗာပူးအသင္းနဲ႕ ေလာေလာလတ္လတ္ပဲ လမ္းခြဲခဲ့ျပီ ျဖစ္တဲ့ အရန္ ဂိုးသမား လိုနာဂန္ဟာ အသင္း ထရိန္နင္မွာ ဆိုရင္ သူ ရင္ဆိုင္ရမွာ စိုးရြံ႕ခဲ့ရတဲ့ ေမွာ္ဆရာေလးလို ကစားသမား ရွိျပီး သူက ရွာကီြရီျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ၾသဂုတ္လ ၁ ရက္ေန႔မွာ လီဗာပူးအသင္းနဲ႔ Nike တို႔ တရားဝင္ လက္တြဲမႈလုပ္အျပီး စပြန္ဆာပိုင္းမွာ အေျပာင္းအလဲအခ်ိဳ႔ ရွိလာခဲ့ကာ လက္ေမာင္းစပြန္ဆာျဖစ္တဲ့ Western Union ကို အသင္းဝဘ္ဆိုဒ္ကေန ျဖဳတ္ခ်ထားတာေၾကာင့္ ရာသီသစ္မွာ လက္ေမာင္းစပြန္ဆာ ေျပာင္းႏုိင္တယ္လုိ႔ သတင္းၾကီးေနပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ဒါဘီမွာ စီနီယာအေတြ႔အၾကံဳကို စရခဲ့ျပီး ဘုန္းေမာက္မွာ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳေတြ ရခဲ့တဲ့ ဝဲလ္ဆန္ဟာ သူ႔ကစားသမားဘဝအတြက္ ေနာက္ထပ္ စိန္ေခၚမႈအျဖစ္ ဒီေႏြမွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ထံ ေျခစြမ္းနဲ႔ စိတ္ဓါတ္ပိုင္း စမ္းသပ္ခံရပါေတာ့မယ္။

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ အဓိက စပြန္ဆာ တစ္ခုအျဖစ္ Nike နဲ႔ လက္တြဲမွာျဖစ္ျပီး ဒီစာခ်ဳပ္ရဲ႕ တန္ေၾကးဟာ ေပါင္ ၇၅ သန္းကေန ၈၅ သန္း ဝန္းက်င္ထိ ျမင့္တက္ႏုိင္တဲ့ အေနအထားျဖစ္တယ္။

အန္ဖီးကြင္းျပင္ပ အဓိက မ်က္နာစာမွာေတာ့ Nike ရဲ႕ ပံုရိပ္ေတြနဲ႔ ဂ်ာစီသစ္ ပံုရိပ္ေတြကို ေျပာင္းလဲ တပ္ဆင္မႈ ျပီးေျမာက္ခဲ့ျပီျဖစ္ပါတယ္။