ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ ဦးကို ရွေးထုတ်ဖို့ မေးမြန်းခံရရာမှာ အင်္ဂလန်နဲ့ ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်က သူ့အကြိုက် ၅ ဦးကို ရွေးထုတ်ပါတယ်။

ဖာဒီနန်က ” ကျနော်ရဲ့ အကောင်းဆုံး ခံစစ်သမား ၅ ဦးကို ရွေးထုတ်ပေးရမယ်ဆိုရင်၊ ကျနော်ကတော့ ဗီဒစ်၊ ကွန်ပနီ၊ တယ်ရီ၊ ဗန်ဒိုက်နဲ့ ဆိုးကမ်းဘဲလ်တို့ကို ရွေးလိုပါတယ်။ သူတို့က ကျနော်အတွက် အကောင်းဆုံး ဗဟိုခံစစ်သမား ၅ ဦးပါပဲ ” လို့ ရွေးချယ်ခဲ့တာဖြစ်တယ်။

ယူနိုက်တက် ကစားသမားဟောင်းတစ်ဦး ဖြစ်သော်လည်း ဖာဒီနန်က ဗန်ဒိုက်ကို အကောင်းဆုံး ခံစစ်သမားအဖြစ် ရွေးချယ်ဖို့ ရှက်ရွံ့ မနေပါဘူး။ သူဟာ နယ်သာလန်သားကို အတော်လေး အထင်ကြီးပြီး ကမ္ဘာအကောင်းဆုံးအဖြစ်ပါ မြင်တာကို ပွင့်ပွင့်လင်းလင်း ထပ်ပြောပါတယ်။

ဖာဒီနန်က ” ကျနော် ဗန်ဒိုက်ကို နှစ်သက်ပါတယ်။ အခုချိန်မှာဆိုရင် သူက ကမ္ဘာအကောင်းဆုံးလို့တောင် ထင်မိပါတယ်။ သူက တကယ်ကိုပဲ ထိပ်တန်း ကစားသမားပါ။ ကျနေ်ာတို့ခေတ်မှာ ခံစစ်သမားကောင်း ၉ ဦးလောက်ထိ ရှိပေမယ့် အခု ပရီးမီးယားလိဂ်မှာတော့ လက်တစ်ဘက်တောင် မပြည့်ပါဘူး။

ဒါက လက်ရှိ ခံစစ်သမားတွေကို မလေးစားတာတော့ မဟုတ်ပါဘူး။ ကျနေ်ာတို့ ပြောနေတာက ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေအကြောင်းပါ။ ဗန်ဒိုက်ကတော့ ဘယ်ခေတ်က ကစားသမားနဲ့မဆို ယှဉ်လို့ရတဲ့ ထိပ်တန်း ကစားသမား ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ဘလွန်းဒီအော့ ဒုတိယနေရာတို့ကို ရခဲ့တဲ့ ဗန်ဒိုက်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ်သမားအဖြစ် မှတ်ယူခံထားရသူဖြစ်တယ်။ သူဟာ လီဗာပူးမှာ ၂ ရာသီဆက် ပွဲချိန်ပြည့် ကစားပေးထားသူလည်း ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုး ဗဟိုခံစစ္မွဴး ၅ ဦးကို ေရြးထုတ္ဖို႔ ေမးျမန္းခံရရာမွာ အဂၤလန္နဲ႔ ယူႏုိက္တက္ ခံစစ္မွဴးေဟာင္း ဖာဒီနန္က သူ႔အၾကိဳက္ ၅ ဦးကို ေရြးထုတ္ပါတယ္။

ဖာဒီနန္က ” က်ေနာ္ရဲ႕ အေကာင္းဆံုး ခံစစ္သမား ၅ ဦးကို ေရြးထုတ္ေပးရမယ္ဆိုရင္၊ က်ေနာ္ကေတာ့ ဗီဒစ္၊ ကြန္ပနီ၊ တယ္ရီ၊ ဗန္ဒိုက္နဲ႔ ဆိုးကမ္းဘဲလ္တို႔ကို ေရြးလိုပါတယ္။ သူတို႔က က်ေနာ္အတြက္ အေကာင္းဆံုး ဗဟိုခံစစ္သမား ၅ ဦးပါပဲ ” လို႔ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ ကစားသမားေဟာင္းတစ္ဦး ျဖစ္ေသာ္လည္း ဖာဒီနန္က ဗန္ဒိုက္ကို အေကာင္းဆံုး ခံစစ္သမားအျဖစ္ ေရြးခ်ယ္ဖို႔ ရွက္ရြံ႔ မေနပါဘူး။ သူဟာ နယ္သာလန္သားကို အေတာ္ေလး အထင္ၾကီးျပီး ကမၻာအေကာင္းဆံုးအျဖစ္ပါ ျမင္တာကို ပြင့္ပြင့္လင္းလင္း ထပ္ေျပာပါတယ္။

ဖာဒီနန္က ” က်ေနာ္ ဗန္ဒိုက္ကို ႏွစ္သက္ပါတယ္။ အခုခ်ိန္မွာဆိုရင္ သူက ကမၻာအေကာင္းဆံုးလို႔ေတာင္ ထင္မိပါတယ္။ သူက တကယ္ကိုပဲ ထိပ္တန္း ကစားသမားပါ။ က်ေန္ာတို႔ေခတ္မွာ ခံစစ္သမားေကာင္း ၉ ဦးေလာက္ထိ ရွိေပမယ့္ အခု ပရီးမီးယားလိဂ္မွာေတာ့ လက္တစ္ဘက္ေတာင္ မျပည့္ပါဘူး။

ဒါက လက္ရွိ ခံစစ္သမားေတြကို မေလးစားတာေတာ့ မဟုတ္ပါဘူး။ က်ေန္ာတို႔ ေျပာေနတာက ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုး ကစားသမားေတြအေၾကာင္းပါ။ ဗန္ဒိုက္ကေတာ့ ဘယ္ေခတ္က ကစားသမားနဲ႔မဆို ယွဥ္လို႔ရတဲ့ ထိပ္တန္း ကစားသမား ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုနဲ႔ ဘလြန္းဒီေအာ့ ဒုတိယေနရာတို႔ကို ရခဲ့တဲ့ ဗန္ဒိုက္ဟာ လက္ရွိ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး ခံစစ္သမားအျဖစ္ မွတ္ယူခံထားရသူျဖစ္တယ္။ သူဟာ လီဗာပူးမွာ ၂ ရာသီဆက္ ပြဲခ်ိန္ျပည့္ ကစားေပးထားသူလည္း ျဖစ္ပါတယ္။