လီဗာပူးအသင်းဟာ စီးအီးအို ပီတာမိုး (၂၀၁၇-၂၀၂၀) လက်ထက်မှာတော့ ကမ္ဘာတန်ကြေးအကြီးဆုံး အသင်းများစာရင်းရဲ့ နံပါတ် ၄ နေရာထိ ခုန်တက်လာခဲ့ပါတယ်။

ဒါပေမယ့်လို့ အခြားတစ်ဘက်မှာလည်း လီဗာပူးရဲ့ လုပ်ခ ပေးချေမှုက နှစ်တိုင်း ခုန်တက်လာခဲ့ပြီး ဒီရာသီမှာဆိုရင် လုပ်ခ ၁၇.၅% ထိ ခုန်တက်လာခဲ့တယ်။ ဒါကြောင့် လီဗာပူးဟာ ကမ္ဘာပေါ်မှာ လုပ်ခ ပေးချေမှု အများဆုံးအသင်းတွေထဲ နံပါတ် ၅ အဖြစ် တစ်နှစ်ကို ပေါင် သန်း ၃၁၀ ထိ ပေးချေနေရတာဖြစ်ပါတယ်။ လီဗာပူးရဲ့ လုပ်ခပေးမှုက အာဆင်နယ်၊ ချယ်ဆီးတို့ကို ကျော်တက်သွားပါတယ်။

လီဗာပူးအသင်းမှာ လက်ရှိ လုပ်ခ အများဆုံးက ဆာလက်ဖြစ်ပြီး သူ့နောက်မှာတော့ ဗန်ဒိုက်နဲ့ ဖာမင်နိုတို့ ရပ်တည်နေတာပါ။ သူတို့ သုံးဦးအတွက် တစ်နှစ်ကို လုပ်ခ ပေါင် သန်း ၃၀ ဝန်းကျင် ကုန်ကျနေပါတယ်။ လီဗာပူးရဲ့ နောက်ထပ် ပစ်မှတ်ကတော့ အဓိက ကစားသမားတွေကို ဆက်ထိန်းရေးဖြစ်ကာ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကို သက်တမ်းတိုးဖို့ ဖြစ်ပါတယ်။

လက်ရှိ လုပ်ခပေးချေမှုက လီဗာပူးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သေးပေမယ့် ကိုဗစ်ကပ်ဘေးအတွင်းမှာတော့ အတော်လေး ခေါင်းခဲစရာ ဖြစ်လာခဲ့တယ်။ ကွင်းဝင်ကြေးနဲ့ စပွန်ဆာကြေးတွေ ညိနှိုင်းရမှုတွေကြောင့်လည်း ကလပ်ရဲ့ ကစားသမား ခေါ်ယူရေးကိစ္စတွေကို ပြန်လည် သုံးသပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

အားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ်ဟာ လယ်လာနာ၊ လိုဗရန်၊ ကလိုင်းတို့ကို အသင်းကနေ ထွက်ခွာဖို့ ကိစ္စတွေကို လုပ်ဆောင်ခဲ့သလို လိုဗရန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်း ပြန်ရှာခဲ့တယ်။ သူတို့ သုံးဦး ထွက်ခွာမှုကနေ တစ်နှစ်ကို လုပ်ခ ပေါင် ၁၅ သန်း သက်သာသွားမှာဖြစ်တယ်။

ထပ်ပြီးလည်း အငှားချထားတဲ့ ကစားသမားတွေနဲ့ အသင်းနဲ့ အံမဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်မှုတွေ လုပ်ဖို့ ကြိုးစားသွားဖွယ် ရှိပါတယ်။ ဒီလုပ်ဆောင်မှုဟာ အနာဂတ်မှာ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကို လုပ်ခ တိုးမြင့်ပေးနိုင်ဖို့နဲ့ ထိပ်တန်း ကစားသမားတွေ ထပ်ခေါ်တဲ့အခါ လုပ်ခ ဆတိုး မြင့်တက်လာမှုတွေကို ကြိုတင် ထိန်းချုပ်ဖို့ လုပ်ဆောင်နေခြင်းဖြစ်တယ်။

ကိုဗစ်ကပ်ဘေးမှာ ကလပ်ရဲ့ လက်ရှိ လုပ်ငန်းစဉ်ဟာ ငြင်သာတဲ့ ပြောင်းလဲမှု အဖြစ် အသင်းကို ထိခိုက်မှု မရှိစေဘဲ အကျိုးသက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ စီးအီးအို ပီတာမိုး (၂၀၁၇-၂၀၂၀) လက္ထက္မွာေတာ့ ကမၻာတန္ေၾကးအၾကီးဆံုး အသင္းမ်ားစာရင္းရဲ႕ နံပါတ္ ၄ ေနရာထိ ခုန္တက္လာခဲ့ပါတယ္။

ဒါေပမယ့္လို႔ အျခားတစ္ဘက္မွာလည္း လီဗာပူးရဲ႕ လုပ္ခ ေပးေခ်မႈက ႏွစ္တိုင္း ခုန္တက္လာခဲ့ျပီး ဒီရာသီမွာဆိုရင္ လုပ္ခ ၁၇.၅% ထိ ခုန္တက္လာခဲ့တယ္။ ဒါေၾကာင့္ လီဗာပူးဟာ ကမၻာေပၚမွာ လုပ္ခ ေပးေခ်မႈ အမ်ားဆံုးအသင္းေတြထဲ နံပါတ္ ၅ အျဖစ္ တစ္ႏွစ္ကို ေပါင္ သန္း ၃၁၀ ထိ ေပးေခ်ေနရတာျဖစ္ပါတယ္။ လီဗာပူးရဲ႕ လုပ္ခေပးမႈက အာဆင္နယ္၊ ခ်ယ္ဆီးတို႔ကို ေက်ာ္တက္သြားပါတယ္။

လီဗာပူးအသင္းမွာ လက္ရွိ လုပ္ခ အမ်ားဆံုးက ဆာလက္ျဖစ္ျပီး သူ႔ေနာက္မွာေတာ့ ဗန္ဒိုက္နဲ႔ ဖာမင္ႏိုတို႔ ရပ္တည္ေနတာပါ။ သူတို႔ သံုးဦးအတြက္ တစ္ႏွစ္ကို လုပ္ခ ေပါင္ သန္း ၃၀ ဝန္းက်င္ ကုန္က်ေနပါတယ္။ လီဗာပူးရဲ႕ ေနာက္ထပ္ ပစ္မွတ္ကေတာ့ အဓိက ကစားသမားေတြကို ဆက္ထိန္းေရးျဖစ္ကာ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကို သက္တမ္းတိုးဖို႔ ျဖစ္ပါတယ္။

လက္ရွိ လုပ္ခေပးေခ်မႈက လီဗာပူးအတြက္ ဝန္ထုပ္ဝန္ပိုး မျဖစ္ေသးေပမယ့္ ကိုဗစ္ကပ္ေဘးအတြင္းမွာေတာ့ အေတာ္ေလး ေခါင္းခဲစရာ ျဖစ္လာခဲ့တယ္။ ကြင္းဝင္ေၾကးနဲ႔ စပြန္ဆာေၾကးေတြ ညိႏိႈင္းရမႈေတြေၾကာင့္လည္း ကလပ္ရဲ႕ ကစားသမား ေခၚယူေရးကိစၥေတြကို ျပန္လည္ သံုးသပ္ဖို႔ ျဖစ္လာခဲ့ပါတယ္။

အားကစားဒါရိုက္တာ မုိင္ကယ္အတ္ဝပ္ဟာ လယ္လာနာ၊ လိုဗရန္၊ ကလိုင္းတို႔ကို အသင္းကေန ထြက္ခြာဖို႔ ကိစၥေတြကို လုပ္ေဆာင္ခဲ့သလို လိုဗရန္အတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၁ သန္း ျပန္ရွာခဲ့တယ္။ သူတို႔ သံုးဦး ထြက္ခြာမႈကေန တစ္ႏွစ္ကို လုပ္ခ ေပါင္ ၁၅ သန္း သက္သာသြားမွာျဖစ္တယ္။

ထပ္ျပီးလည္း အငွားခ်ထားတဲ့ ကစားသမားေတြနဲ႔ အသင္းနဲ႔ အံမဝင္တဲ့ ကစားသမားေတြကို ေရာင္းထုတ္မႈေတြ လုပ္ဖို႔ ၾကိဳးစားသြားဖြယ္ ရွိပါတယ္။ ဒီလုပ္ေဆာင္မႈဟာ အနာဂတ္မွာ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကို လုပ္ခ တိုးျမင့္ေပးႏုိင္ဖို႔နဲ႔ ထိပ္တန္း ကစားသမားေတြ ထပ္ေခၚတဲ့အခါ လုပ္ခ ဆတိုး ျမင့္တက္လာမႈေတြကို ၾကိဳတင္ ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္ေနျခင္းျဖစ္တယ္။

ကိုဗစ္ကပ္ေဘးမွာ ကလပ္ရဲ႕ လက္ရွိ လုပ္ငန္းစဥ္ဟာ ျငင္သာတဲ့ ေျပာင္းလဲမႈ အျဖစ္ အသင္းကို ထိခိုက္မႈ မရွိေစဘဲ အက်ိဳးသက္ေရာက္မႈ ရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။