ဘောလုံးလောကမှာ အောင်မြင်မှုရအောင် ကြိုးစားရတာက ခက်ခဲပေမယ့် ပိုမိုခက်ခဲတာက ရထားတဲ့ အောင်မြင်မှုကို ရေရှည် ဆက်ထိန်းထားဖို့ ကိစ္စပဲဖြစ်ပါတယ်။

လီဗာပူးဟာ နှစ်ပေါင်း ၃၀ စောင့်လာခဲ့ရတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို အနိုင်ရခဲ့ပါပြီ။ ဒါပေမယ့်လို့ မန်စီးတီးနဲ့ ချယ်ဆီးတို့လို ဒီအောင်မြင်မှုကို ရေရှည် ဆက်ထိန်းဖို့အတွက် အားထုတ်ရဖို့ လိုအပ်လာပါတယ်။ ဒါကပဲ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လီဗာပူး ဦးတည်ရမယ့် အဓိက ကိစ္စဖြစ်ကြောင်း မာဆေးဆိုဒ် သတင်းဌာနက သုံးသပ်ပြပါတယ်။

ယူနိုက်တက်ဟာ ၁၉၆၈ ခုနှစ်မှာ အဆင့်မြင့်တန်း ချန်ပီယံဖြစ်ပြီးနောက် ၁၉၉၃ ခုနှစ်မှာမှ ချန်ပီယံ ပြန်ဖြစ်ခ့ကာ ၂၆ နှစ်ကြာ ဆုဖလား အောင်မြင်မှု ဝေးကွာခဲ့တယ်။ ဒါပေမယ့်လို့ သူတို့ဟာ ချန်ပီယံပြန်ဖြစ်ပြီးနောက် ဘောလုံးရာသီ ၂၀ အတွင်း ချန်ပီယံ ၁၃ ကြိမ် ဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာလည်း ၁၉၆၈ ခုနှစ်မှာ ချန်ပီယံဖြစ်ပြီးနောက် ၂၀၁၂ ခုနှစ်မှာမှ နောက်ထပ် ချန်ပီယံ ပြန်ဖြစ်ခဲ့ကာ နှစ်ပေါင်း ၄၄ နှစ်ကြာ အချိန်စောင့်ခဲ့ရတယ်။ ချန်ပီယံပြန်ဖြစ်ပြီးနောက်မှာ သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ် ကိုင်မြောက်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးဟာ ၁၉၅၅ မှာ နောက်ဆုံးရခဲ့တဲ့ ချန်ပီယံဖလားကို ၂၀၀၅ ခုနှစ်မှ ကိုင်မြောက်နိုင်ခဲ့ကာ ချန်ပီယံဖြစ်ရေး ၄၉ နှစ်ကြာ စောင့်ခဲ့ရတယ်။ ဒါပေမယ့်လို့ ဆယ်စုနှစ်အတွင်း အင်္ဂလန်ပြည်တွင်းရဲ့ အအောင်မြင်ဆုံး ကလပ်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

သူတို့တွေဟာလည်း ချန်ပီယံဆုကို ပုံမှန်စိန်ခေါ်နိုင်တဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ဖို့အတွက် ကိုယ်ပိုင် နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ကြတာပါ။ ဒါတွေကို အတုယူပြီး လီဗာပူးဟာ လာမယ့် ရာသီတွေမှာ ဆုဖလား စိန်ခေါ်နိုင်အောင် ကြိုးစားဖို့ လိုအပ်မှာဖြစ်တယ်။ အဓိက လူစာရင်းကို ထိန်းသိမ်းပြီး ကစားသမားကောင်းတွေကို အင်အားဖြည့်ခြင်းမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားနိုင်ဖို့ လိုပါတယ်။

ဘလက်ဘန်းနဲ့ လက်စတာတို့ဟာလည်း ပရီးမီးယားလိဂ် ချန်ပီယံတွေ ဖြစ်ခဲ့ကြသေးပေမယ့် သူတို့ဟာ အောင်မြင်မှုကို ရေရှည် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ကြဘူး။ လာမယ့်ရာသီဟာ လီဗာပူးအသင်းအတွက် သမိုင်းတစ်လျှောက် စိန်ခေါ်မှုအကြီးဆုံး ဘောလုံးရာသီ ဖြစ်လာနိုင်ပြီး ရေရှည် စိန်ခေါ်မှုတွေအတွက် အခြေခံ အုတ်မြစ်ကို ချနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ZAWGYI

ေဘာလံုးေလာကမွာ ေအာင္ျမင္မႈရေအာင္ ၾကိဳးစားရတာက ခက္ခဲေပမယ့္ ပိုမိုခက္ခဲတာက ရထားတဲ့ ေအာင္ျမင္မႈကို ေရရွည္ ဆက္ထိန္းထားဖို႔ ကိစၥပဲျဖစ္ပါတယ္။

လီဗာပူးဟာ ႏွစ္ေပါင္း ၃၀ ေစာင့္လာခဲ့ရတဲ့ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို အႏုိင္ရခဲ့ပါျပီ။ ဒါေပမယ့္လို႔ မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔လို ဒီေအာင္ျမင္မႈကို ေရရွည္ ဆက္ထိန္းဖို႔အတြက္ အားထုတ္ရဖို႔ လိုအပ္လာပါတယ္။ ဒါကပဲ လာမယ့္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ လီဗာပူး ဦးတည္ရမယ့္ အဓိက ကိစၥျဖစ္ေၾကာင္း မာေဆးဆိုဒ္ သတင္းဌာနက သံုးသပ္ျပပါတယ္။

ယူႏုိက္တက္ဟာ ၁၉၆၈ ခုႏွစ္မွာ အဆင့္ျမင့္တန္း ခ်န္ပီယံျဖစ္ျပီးေနာက္ ၁၉၉၃ ခုႏွစ္မွာမွ ခ်န္ပီယံ ျပန္ျဖစ္ခ့ကာ ၂၆ ႏွစ္ၾကာ ဆုဖလား ေအာင္ျမင္မႈ ေဝးကြာခဲ့တယ္။ ဒါေပမယ့္လို႔ သူတို႔ဟာ ခ်န္ပီယံျပန္ျဖစ္ျပီးေနာက္ ေဘာလံုးရာသီ ၂၀ အတြင္း ခ်န္ပီယံ ၁၃ ၾကိမ္ ျဖစ္ခဲ့ပါတယ္။

မန္စီးတီးအသင္းဟာလည္း ၁၉၆၈ ခုႏွစ္မွာ ခ်န္ပီယံျဖစ္ျပီးေနာက္ ၂၀၁၂ ခုႏွစ္မွာမွ ေနာက္ထပ္ ခ်န္ပီယံ ျပန္ျဖစ္ခဲ့ကာ ႏွစ္ေပါင္း ၄၄ ႏွစ္ၾကာ အခ်ိန္ေစာင့္ခဲ့ရတယ္။ ခ်န္ပီယံျပန္ျဖစ္ျပီးေနာက္မွာ သူတို႔ဟာ ပရီးမီးယားလိဂ္ဖလားကို ၄ ၾကိမ္ ကိုင္ေျမာက္ျပႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ၁၉၅၅ မွာ ေနာက္ဆံုးရခဲ့တဲ့ ခ်န္ပီယံဖလားကို ၂၀၀၅ ခုႏွစ္မွ ကိုင္ေျမာက္ႏုိင္ခဲ့ကာ ခ်န္ပီယံျဖစ္ေရး ၄၉ ႏွစ္ၾကာ ေစာင့္ခဲ့ရတယ္။ ဒါေပမယ့္လို႔ ဆယ္စုႏွစ္အတြင္း အဂၤလန္ျပည္တြင္းရဲ႕ အေအာင္ျမင္ဆံုး ကလပ္အျဖစ္ မွတ္တမ္းဝင္ထားပါတယ္။

သူတို႔ေတြဟာလည္း ခ်န္ပီယံဆုကို ပံုမွန္စိန္ေခၚႏုိင္တဲ့ လမ္းေၾကာင္းမွန္ေပၚကို ေရာက္ဖို႔အတြက္ ကိုယ္ပိုင္ နည္းလမ္းေတြနဲ႔ ၾကိဳးစားခဲ့ၾကတာပါ။ ဒါေတြကို အတုယူျပီး လီဗာပူးဟာ လာမယ့္ ရာသီေတြမွာ ဆုဖလား စိန္ေခၚႏုိင္ေအာင္ ၾကိဳးစားဖို႔ လိုအပ္မွာျဖစ္တယ္။ အဓိက လူစာရင္းကို ထိန္းသိမ္းျပီး ကစားသမားေကာင္းေတြကို အင္အားျဖည့္ျခင္းမွာ မွန္ကန္တဲ့ နည္းလမ္းနဲ႔ သြားႏုိင္ဖို႔ လိုပါတယ္။

ဘလက္ဘန္းနဲ႔ လက္စတာတို႔ဟာလည္း ပရီးမီးယားလိဂ္ ခ်န္ပီယံေတြ ျဖစ္ခဲ့ၾကေသးေပမယ့္ သူတို႔ဟာ ေအာင္ျမင္မႈကို ေရရွည္ ထိန္းသိမ္းႏုိင္စြမ္း မရွိခဲ့ၾကဘူး။ လာမယ့္ရာသီဟာ လီဗာပူးအသင္းအတြက္ သမိုင္းတစ္ေလွ်ာက္ စိန္ေခၚမႈအၾကီးဆံုး ေဘာလံုးရာသီ ျဖစ္လာနုိင္ျပီး ေရရွည္ စိန္ေခၚမႈေတြအတြက္ အေျခခံ အုတ္ျမစ္ကို ခ်ႏုိင္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။