မာဆေးဆိုဒ် အခြေစိုက် လီဗာပူးသတင်းဌာန Echo မှ လီဗာပူးသတင်းထောက် Paul Gorst က ကလပ်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဝဲလ်ဆန်နဲ့ ဂရုဂျစ်ကို ရောင်းထုတ်လိုနေတယ်လို့ ဖော်ပြသွားပါတယ်။

Paul Gorst က ” ဝဲလ်ဆန်နဲ့ ဂရုဂျစ်ဟာ ရာသီကြိုမှာ သူတို့ ဘာလုပ်နိုင်လဲဆိုတာကို ပြရမှာပါ။ ဒါပေမယ့် ရာသီကြိုကာလက တိုတောင်းပြီး သူတို့ ရာနှုန်းပြည့် အစွမ်းပြနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ အခုချိန်မှာ သူတို့ ဘာတွေဆက်ဖြစ်မလဲ ကြိုတင် ပြောပြဖို့က ခက်ခဲပါတယ်။

ကျနော် ပြောနိုင်တာက မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရလာခဲ့ရင် သူတို့ကို ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ ဂရုဂျစ်က အတိတ်မှာလည်း ကမ်းလှမ်းမှုတွေ အများကြီး ရထားခဲ့တယ်။ ဝဲလ်ဆန်ကတော့ ဂရုဂျစ်ထက်စာရင် စီနီယာလူစာရင်းထဲ ပါသွားဖို့ အခွင့်အရေး ပိုများပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဝဲလ်ဆန်နဲ့ ဂရုဂျစ်တို့ဟာ အသက် ၂၄ နှစ်အရွယ်တွေဖြစ်ပြီး လီဗာပူးနဲ့ စာချုပ်တွေ ကျန်နေပါသေးတယ်။ သူတို့နှစ်ဦးတည်းက အနည်းဆုံး တစ်ဦးကိုတော့ ရောင်းထုတ်ဖွယ်ရှိပြီး ဂရုဂျစ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေက ဂျာမနီမှာ အများအပြား ရှိနေတာဖြစ်တယ်။

တဆက်တည်းမှာပဲ ဗဟိုခံစစ်မှူး မာတစ်ကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်ဂျီက စိတ်ဝင်စားနေကြောင်း ပြင်သစ်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။ သီယေဂို ဆေးဗားနေရာ အစားထိုးဖို့ မန်နေဂျာတူချယ်က ဘွန်ဒက်လီဂါမှာ ရင်းနှီးထားခဲ့တဲ့ မာတစ်ကို သဘောကျနေတာလို့ ဆိုတယ်။

ထပ်ပြီးလည်း အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပြုပြင်ဖို့ လီဗာပူးမှာ ပွဲထွက်ကစားသမားနေရာမှာ ရှိမနေတဲ့ ဘယ်ဂျီယံသား အိုရီဂီကို ခေါ်ယူလိုနေပါကြောင်း ဒီကနေ့ထုတ် အင်္ဂလန်သတင်းတွေမှာ ပါဝင်လာပါတယ်။

ZAWGYI

မာေဆးဆိုဒ္ အေျခစိုက္ လီဗာပူးသတင္းဌာန Echo မွ လီဗာပူးသတင္းေထာက္ Paul Gorst က ကလပ္ဟာ လူငယ္ကစားသမားေတြျဖစ္တဲ့ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္ကို ေရာင္းထုတ္လိုေနတယ္လုိ႔ ေဖာ္ျပသြားပါတယ္။

Paul Gorst က ” ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္ဟာ ရာသီၾကိဳမွာ သူတို႔ ဘာလုပ္ႏုိင္လဲဆိုတာကို ျပရမွာပါ။ ဒါေပမယ့္ ရာသီၾကိဳကာလက တိုေတာင္းျပီး သူတို႔ ရာႏႈန္းျပည့္ အစြမ္းျပႏိုင္ဖို႔ မျဖစ္ႏုိင္ပါဘူး။ ဒီေတာ့ အခုခ်ိန္မွာ သူတို႔ ဘာေတြဆက္ျဖစ္မလဲ ၾကိဳတင္ ေျပာျပဖို႔က ခက္ခဲပါတယ္။

က်ေနာ္ ေျပာႏုိင္တာက မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြ ရလာခဲ့ရင္ သူတို႔ကို ေရာင္းထုတ္သြားမွာျဖစ္ပါတယ္။ ဂရုဂ်စ္က အတိတ္မွာလည္း ကမ္းလွမ္းမႈေတြ အမ်ားၾကီး ရထားခဲ့တယ္။ ဝဲလ္ဆန္ကေတာ့ ဂရုဂ်စ္ထက္စာရင္ စီနီယာလူစာရင္းထဲ ပါသြားဖို႔ အခြင့္အေရး ပိုမ်ားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္တို႔ဟာ အသက္ ၂၄ ႏွစ္အရြယ္ေတြျဖစ္ျပီး လီဗာပူးနဲ႔ စာခ်ဳပ္ေတြ က်န္ေနပါေသးတယ္။ သူတို႔ႏွစ္ဦးတည္းက အနည္းဆံုး တစ္ဦးကိုေတာ့ ေရာင္းထုတ္ဖြယ္ရွိျပီး ဂရုဂ်စ္ကို ေခၚယူလိုတဲ့ ကလပ္ေတြက ဂ်ာမနီမွာ အမ်ားအျပား ရွိေနတာျဖစ္တယ္။

တဆက္တည္းမွာပဲ ဗဟိုခံစစ္မွဴး မာတစ္ကို ေခၚယူဖို႔ ျပင္သစ္ကလပ္ ပီအက္ဂ်ီက စိတ္ဝင္စားေနေၾကာင္း ျပင္သစ္အေျခစိုက္ သတင္းေတြက ေဖာ္ျပပါတယ္။ သီေယဂို ေဆးဗားေနရာ အစားထိုးဖို႔ မန္ေနဂ်ာတူခ်ယ္က ဘြန္ဒက္လီဂါမွာ ရင္းႏွီးထားခဲ့တဲ့ မာတစ္ကို သေဘာက်ေနတာလို႔ ဆိုတယ္။

ထပ္ျပီးလည္း အက္စတြန္ဗီလာအသင္းဟာ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို ျပဳျပင္ဖို႔ လီဗာပူးမွာ ပြဲထြက္ကစားသမားေနရာမွာ ရွိမေနတဲ့ ဘယ္ဂ်ီယံသား အိုရီဂီကို ေခၚယူလိုေနပါေၾကာင္း ဒီကေန႔ထုတ္ အဂၤလန္သတင္းေတြမွာ ပါဝင္လာပါတယ္။