၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လူငယ်လေးတွေဖြစ်တဲ့ နီကိုးနဲ့ ဂျုံးတို့ ပရီးမီးယားလိဂ်ဆုတံဆိပ် ချီးမြင့်ခံရဖို့ လုံလောက်တဲ့ ပွဲကစားခွင့်တွေ ရခဲ့ပေမယ့် အီလီယော့ကတော့ ပွဲမပြည့်ခဲ့ပါဘူး။

လီဗာပူးအသင်းက နီကိုးနဲ့ ဂျုံးအပြင် အီလီယော့ကိုလည်း ချန်ပီယံဆွဲပြား ပေးခဲ့တယ်။ တရားဝင် ဆုတံဆိပ် ၄၀ အတွက်စာရင်းမှာတော့ အီလီယော့ မပါခဲ့တာဖြစ်တယ်။ ဒီကိစ္စအပေါ် ကလော့ပ်က ဘာတုန့်ပြန်မှုမှ မလုပ်ခဲ့ပေမယ့် လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ဖော်ထုတ်သွားပါတယ်။

အီလီယော့ဟာ ရာသီသိမ်းချိန်မှာ စီနီယာတွေလို ၂ ပတ် မဟုတ်ဘဲ အားလပ်ရက် ၃ ပတ်ရတဲ့ လူငယ်ကစားသမားတွေထဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အီလီယော့က ခွင့် ၂ ပတ်ပဲ ယူမယ့်အကြောင်း ကလပ်ကို သတင်းပြန်ထားပြီး သြဂုတ်လ ၁၅ ရက်နေ့ မဲဝုဒ်ကို ပြန်လာပူးပေါင်းမယ့် ကစားသမားတွေထဲမှာ သူလည်း ပါဝင်လာမှာပါ။

ရာသီသိမ်းခါနီး သီတင်းပတ်လောက်မှာ အီလီယော့ဟာ စီနီယာအသင်းနဲ့ လိုက်ပါခြင်း မလုပ်တော့ဘဲ ကီရာဘီမှာ ယူ-၂၃ အသင်းနဲ့ပဲ လေ့ကျင့်ရေး ဆင်းခဲ့ပါတယ်။ ဒါကြောင့် အီလီယော့ကို ပွဲနေ့မှာ မမြင်ရခြင်းဖြစ်ကာ လူငယ်လေးရဲ့ ချန်ပီယံဆုတံဆိပ်တွေအတွက် အာရုံစိုက်နေမယ့်အစား ရာသီသစ် စချိန်မှာ သူ့ရဲ့ ကြံ့ခိုင်ရေး အခြေအနေ အကောင်းဆုံး ဖြစ်နေဖို့ သေချာဖို့အတွက် ရွေးချယ်ခဲ့တဲ့ နည်းလမ်းဖြစ်ကြောင်း ဂျိမ်းပီယာစ့်က ပြောပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့မှာတော့ ကွန်မြူနတီဒိုင်းအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးဟာ အက်ဖ်အေဖလား ချန်ပီယံ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ စီနီယာအသင်းသားတွေကို နားချိန် ၂ ပတ်၊ လေ့ကျင့်ချိန် ၂ ပတ်နဲ့ ပွဲကြီးတစ်ပွဲ ကစားဖို့ကို ကလော့ပ်က အလျင်လိုမှာ မဟုတ်ဘဲ ကွန်မြူနတီဒိုင်းမှာတော့ အီလီယော့ အပါအဝင် လူငယ်တွေနဲ့ အရန်တွေ နေရာရဖို့ မျှော်လင့်နိုင်မှာဖြစ်တယ်။

လူငယ်တွေနဲ့ ပက်သက်ပြီး ကလော့ပ်က “ ကစားသမားတွေ ဘယ်နေရာမှာ တိုးတက်ရမယ်လို့ မဟုတ်ပါဘူး။ စီနီယာအသင်းနဲ့ လေ့ကျင့်ရုံပဲ လေ့ကျင့်နေရမှာပါ။ ခြားနားတဲ့ အခြေအနေတွေမှာ အသုံးပြုမှာပါ ” လို့ ပြောဆိုထားခဲ့တယ်။ အီလီယော့ ရွေးချယ်တဲ့ နည်းလမ်းဟာ ဒီရာသီသစ်မှာ သူ ပွဲကစားခွင့်တွေ ပိုရလာဖို့ အကျိုးဖြစ်စေမယ် မျှော်လင့်ရပါတယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ လူငယ္ေလးေတြျဖစ္တဲ့ နီကိုးနဲ႔ ဂ်ံဳးတို႔ ပရီးမီးယားလိဂ္ဆုတံဆိပ္ ခ်ီးျမင့္ခံရဖို႔ လံုေလာက္တဲ့ ပြဲကစားခြင့္ေတြ ရခဲ့ေပမယ့္ အီလီေယာ့ကေတာ့ ပြဲမျပည့္ခဲ့ပါဘူး။

လီဗာပူးအသင္းက နီကိုးနဲ႔ ဂ်ံဳးအျပင္ အီလီေယာ့ကိုလည္း ခ်န္ပီယံဆြဲျပား ေပးခဲ့တယ္။ တရားဝင္ ဆုတံဆိပ္ ၄၀ အတြက္စာရင္းမွာေတာ့ အီလီေယာ့ မပါခဲ့တာျဖစ္တယ္။ ဒီကိစၥအေပၚ ကေလာ့ပ္က ဘာတုန္႔ျပန္မႈမွ မလုပ္ခဲ့ေပမယ့္ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ေဖာ္ထုတ္သြားပါတယ္။

အီလီေယာ့ဟာ ရာသီသိမ္းခ်ိန္မွာ စီနီယာေတြလို ၂ ပတ္ မဟုတ္ဘဲ အားလပ္ရက္ ၃ ပတ္ရတဲ့ လူငယ္ကစားသမားေတြထဲ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ အီလီေယာ့က ခြင့္ ၂ ပတ္ပဲ ယူမယ့္အေၾကာင္း ကလပ္ကို သတင္းျပန္ထားျပီး ၾသဂုတ္လ ၁၅ ရက္ေန႔ မဲဝုဒ္ကို ျပန္လာပူးေပါင္းမယ့္ ကစားသမားေတြထဲမွာ သူလည္း ပါဝင္လာမွာပါ။

ရာသီသိမ္းခါနီး သီတင္းပတ္ေလာက္မွာ အီလီေယာ့ဟာ စီနီယာအသင္းနဲ႔ လိုက္ပါျခင္း မလုပ္ေတာ့ဘဲ ကီရာဘီမွာ ယူ-၂၃ အသင္းနဲ႔ပဲ ေလ့က်င့္ေရး ဆင္းခဲ့ပါတယ္။ ဒါေၾကာင့္ အီလီေယာ့ကို ပြဲေန႔မွာ မျမင္ရျခင္းျဖစ္ကာ လူငယ္ေလးရဲ႕ ခ်န္ပီယံဆုတံဆိပ္ေတြအတြက္ အာရံုစိုက္ေနမယ့္အစား ရာသီသစ္ စခ်ိန္မွာ သူ႔ရဲ႕ ၾကံ႕ခိုင္ေရး အေျခအေန အေကာင္းဆံုး ျဖစ္ေနဖို႔ ေသခ်ာဖို႔အတြက္ ေရြးခ်ယ္ခဲ့တဲ့ နည္းလမ္းျဖစ္ေၾကာင္း ဂ်ိမ္းပီယာစ့္က ေျပာပါတယ္။

ၾသဂုတ္လ ၂၉ ရက္ေန႔မွာေတာ့ ကြန္ျမဴနတီဒိုင္းအျဖစ္ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးဟာ အက္ဖ္ေအဖလား ခ်န္ပီယံ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ စီနီယာအသင္းသားေတြကို နားခ်ိန္ ၂ ပတ္၊ ေလ့က်င့္ခ်ိန္ ၂ ပတ္နဲ႔ ပြဲၾကီးတစ္ပြဲ ကစားဖို႔ကို ကေလာ့ပ္က အလ်င္လိုမွာ မဟုတ္ဘဲ ကြန္ျမဴနတီဒိုင္းမွာေတာ့ အီလီေယာ့ အပါအဝင္ လူငယ္ေတြနဲ႔ အရန္ေတြ ေနရာရဖို႔ ေမွ်ာ္လင့္ႏုိင္မွာျဖစ္တယ္။

လူငယ္ေတြနဲ႔ ပက္သက္ျပီး ကေလာ့ပ္က “ ကစားသမားေတြ ဘယ္ေနရာမွာ တိုးတက္ရမယ္လို႔ မဟုတ္ပါဘူး။ စီနီယာအသင္းနဲ႔ ေလ့က်င့္ရံုပဲ ေလ့က်င့္ေနရမွာပါ။ ျခားနားတဲ့ အေျခအေနေတြမွာ အသံုးျပဳမွာပါ ” လို႔ ေျပာဆိုထားခဲ့တယ္။ အီလီေယာ့ ေရြးခ်ယ္တဲ့ နည္းလမ္းဟာ ဒီရာသီသစ္မွာ သူ ပြဲကစားခြင့္ေတြ ပိုရလာဖို႔ အက်ိဳးျဖစ္ေစမယ္ ေမွ်ာ္လင့္ရပါတယ္။