လီဗာပူးဟာ အာဆင်နယ် ယူ-၂၃ အသင်းမှ တိုက်စစ်သမား ဖိုလာရင် ဘာလိုဂန်ကို စောင့်ကြည့်နေကြောင်း စကိုင်းစပေါ့က ဖော်ပြလာပါတယ်။

ဂန်းနားတို့က စီနီယာပွဲကစားခွင့် လုံးဝ မရထားတဲ့ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမားအတွက် ပေါင် ၈ သန်း ဈေးခေါ်ထားတယ်။ လာမယ့်ရာသီ စာချုပ်ကုန်တော့မယ့် လူငယ်လေးဟာ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်ထားတာကြောင့် ဒီနွေမှာ ရောင်းထုတ်ဖို့ ကိုးစားဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ်-၂ မှာ ၁၅ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းထားတဲ့ လူငယ်လေးကို လီဗာပူးအပြင် ဘွန်ဒက်လီဂါ ကလပ်တွေကလည်း စောင့်ကြည့်နေတာပါ။ သူ့ရဲ့ တိုက်စစ်ကို တိုက်ရိုက် ကစားဟန်၊ ခြေနှစ်ဘက်လုံး အဆုံးသတ်နိုင်စွမ်း ရှိမှုတွေကို လီဗာပူးက အထင်ကြီးပေမယ့် ပေါင် ၈ သန်းဖြင့်တော့ ကမ်းလှမ်းဖွယ် မရှိဘူးလို့ သိရတယ်။

ဒါ့အပြင် ရှော်ကေးအသင်းသားဖြစ်ပြီး ဗန်ဒိုက်ကို စံပြအဖြစ် နှစ်သက် အားပေးတဲ့ တူရကီခံစစ်သမားလေး အိုဇန် ကာဘတ်ကို လီဗာပူးဘက်က စိတ်ဝင်စားနေမှု သတင်တွေကလည်း ပိုများလာပါတယ်။ သူ့ကို ခေါ်ယူလိုရင် စာချုပ်ပါ ယူရို သန်း ၄၀ ထက် ၁၂ သန်းလောက် လျော့နည်းတဲ့ ပမာဏဖြင့် ကမ်းလှမ်းခွင့်ရမယ်လို့ သိထားရတယ်။

လိုဗရန်ကို ရောင်းထုတ်ထားတာကြောင့် ခံစစ်မှူးသစ် ထပ်ရှာနေတဲ့ လီဗာပူးအသင်းဟာ အသက်အရွယ် ငယ်ပြီး တက်လမ်းရှိတဲ့ ကာဘတ်ကို အတော်လေး စိတ်ဝင်စားနေတဲ့ အနေအထားပါ။ ဒီရက်ထဲမှာ လီဗာပူး ခံစစ်သမားဖြစ်သူ မာတစ်ကို ပီအက်ဂျီက ချိန်ရွယ်နေကြောင်း သတင်းတွေလည်း ထွက်နေပါတယ်။

ZAWGYI

လီဗာပူးဟာ အာဆင္နယ္ ယူ-၂၃ အသင္းမွ တိုက္စစ္သမား ဖိုလာရင္ ဘာလိုဂန္ကို ေစာင့္ၾကည့္ေနေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပလာပါတယ္။

ဂန္းနားတို႔က စီနီယာပြဲကစားခြင့္ လံုးဝ မရထားတဲ့ အသက္ ၁၉ ႏွစ္အရြယ္ တိုက္စစ္သမားအတြက္ ေပါင္ ၈ သန္း ေစ်းေခၚထားတယ္။ လာမယ့္ရာသီ စာခ်ဳပ္ကုန္ေတာ့မယ့္ လူငယ္ေလးဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ျငင္းဆန္ထားတာေၾကာင့္ ဒီေႏြမွာ ေရာင္းထုတ္ဖို႔ ကိဳးစားဖြယ္ ရွိေနပါတယ္။

ပရီးမီးယားလိဂ္-၂ မွာ ၁၅ ပြဲ ကစားျပီး ၁၀ ဂိုး သြင္းထားတဲ့ လူငယ္ေလးကို လီဗာပူးအျပင္ ဘြန္ဒက္လီဂါ ကလပ္ေတြကလည္း ေစာင့္ၾကည့္ေနတာပါ။ သူ႔ရဲ႕ တိုက္စစ္ကို တိုက္ရိုက္ ကစားဟန္၊ ေျခႏွစ္ဘက္လံုး အဆံုးသတ္ႏုိင္စြမ္း ရွိမႈေတြကို လီဗာပူးက အထင္ၾကီးေပမယ့္ ေပါင္ ၈ သန္းျဖင့္ေတာ့ ကမ္းလွမ္းဖြယ္ မရွိဘူးလို႔ သိရတယ္။

ဒါ့အျပင္ ေရွာ္ေကးအသင္းသားျဖစ္ျပီး ဗန္ဒိုက္ကို စံျပအျဖစ္ ႏွစ္သက္ အားေပးတဲ့ တူရကီခံစစ္သမားေလး အိုဇန္ ကာဘတ္ကို လီဗာပူးဘက္က စိတ္ဝင္စားေနမႈ သတင္ေတြကလည္း ပိုမ်ားလာပါတယ္။ သူ႔ကို ေခၚယူလိုရင္ စာခ်ဳပ္ပါ ယူရို သန္း ၄၀ ထက္ ၁၂ သန္းေလာက္ ေလ်ာ့နည္းတဲ့ ပမာဏျဖင့္ ကမ္းလွမ္းခြင့္ရမယ္လို႔ သိထားရတယ္။

လိုဗရန္ကို ေရာင္းထုတ္ထားတာေၾကာင့္ ခံစစ္မွဴးသစ္ ထပ္ရွာေနတဲ့ လီဗာပူးအသင္းဟာ အသက္အရြယ္ ငယ္ျပီး တက္လမ္းရွိတဲ့ ကာဘတ္ကို အေတာ္ေလး စိတ္ဝင္စားေနတဲ့ အေနအထားပါ။ ဒီရက္ထဲမွာ လီဗာပူး ခံစစ္သမားျဖစ္သူ မာတစ္ကို ပီအက္ဂ်ီက ခ်ိန္ရြယ္ေနေၾကာင္း သတင္းေတြလည္း ထြက္ေနပါတယ္။