လီဗာပူးဟာ အာဆင်နယ် ယူ-၂၃ အသင်းမှ တိုက်စစ်သမား ဖိုလာရင် ဘာလိုဂန်ကို စောင့်ကြည့်နေကြောင်း စကိုင်းစပေါ့က ဖော်ပြလာပါတယ်။

ဘက်တစ် ခံစစ်မှး မန်ဒီနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ထွက်နေပေမယ့် လီဗာပူးက ခံစစ်မှူးနေရာ အားဖြည့်ဖို့ ရှော်ကေးမှ အိုဇန် ကာဘတ်ကိုပဲ အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ရာသီသိမ်းခါနီး သီတင်းပတ်လောက်မှာ အီလီယော့ဟာ စီနီယာအသင်းနဲ့ လိုက်ပါခြင်း မလုပ်တော့ဘဲ ကီရာဘီမှာ ယူ-၂၃ အသင်းနဲ့ပဲ လေ့ကျင့်ရေး ဆင်းခဲ့ကာ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ သူဟာ သြဂုတ်လ ၂၂ ရက်နေ့ထိ ခွင့်ရပေမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာတင် မဲဝုဒ်ကို ပြန်လာမယ်လို့ သတင်းပို့ထားပါတယ်။

လီဗာပူးရဲ့ လုပ်ခ ပေးချေမှုက နှစ်တိုင်း ခုန်တက်လာခဲ့ပြီး ဒီရာသီမှာဆိုရင် ပေါင် သန်း ၃၁၀ ထိရောက်မယ့် လုပ်ခ ၁၇.၅% ခုန်တက်လာခဲ့ကာ အဆိုပါ အနေအထားကို ထိန်းညိဖို့ ကလပ်တာဝန်ရှိသူတွေ ကြိုးစားနေပါတယ်။

လိုဗရန်ဟာ ရုရှားကလပ် ဇင်းနစ်ကို သီးသန့်လေယာဉ်ဖြင့် ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး သူဟာ လီဗာပူးမှ အသင်းဖော် ဆာလက်နဲ့ Facetime ဖြင့် အဆက်အသွယ် လုပ်နေဆဲဖြစ်ပါတယ်။

မာဆေးဆိုဒ် အခြေစိုက် လီဗာပူးသတင်းဌာန Echo မှ လီဗာပူးသတင်းထောက် Paul Gorst က ကလပ်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဝဲလ်ဆန်နဲ့ ဂရုဂျစ်ကို ရောင်းထုတ်လိုနေတယ်လို့ ဖော်ပြသွားပါတယ်။

အင်္ဂလန်နဲ့ ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်က ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ ဦးကို ရွေးထုတ်ရာမှာ မျက်မှောက်ခေတ် ခံစစ်မှူးတွေထဲက ဗန်ဒိုက်ကို ဗီဒစ်၊ ကွန်ပနီ၊ တယ်ရီ၊ ဆိုးကမ်းဘဲလ်တို့နဲ့ တန်းတူ ရွေးချယ်လိုက်ပါတယ်။

သီယေဂို ဆေးဗားနေရာ အစားထိုးဖို့ လီဗာပူးခံစစ်မှူး မာတစ်ကို ပီအက်ဂျီ မန်နေဂျာတူချယ်က သဘောကျနေတယ်။ ဘွန်ဒက်လီဂါမှာ ရင်းနှီးထားခဲ့တဲ့ ခံစစ်မှူးက ပီအက်ဂျီရဲ့ အဓိက ပစ်မှတ်တွေထဲ ပါဝင်နေတယ်လို့ ပြင်သစ်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

က်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပြုပြင်ဖို့ လီဗာပူးမှာ ပွဲထွက်ကစားသမားနေရာမှာ ရှိမနေတဲ့ ဘယ်ဂျီယံသား အိုရီဂီကို ခေါ်ယူလိုနေပါကြောင်း ဒီကနေ့ထုတ် အင်္ဂလန်သတင်းတွေမှာ ပါဝင်လာပါတယ်။

ZAWGYI

လီဗာပူးဟာ အာဆင္နယ္ ယူ-၂၃ အသင္းမွ တိုက္စစ္သမား ဖိုလာရင္ ဘာလိုဂန္ကို ေစာင့္ၾကည့္ေနေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပလာပါတယ္။

ဘက္တစ္ ခံစစ္မွး မန္ဒီနဲ႔ အေျပာင္းအေရႊ႔ ကိစၥေတြ ထြက္ေနေပမယ့္ လီဗာပူးက ခံစစ္မွဴးေနရာ အားျဖည့္ဖို႔ ေရွာ္ေကးမွ အိုဇန္ ကာဘတ္ကိုပဲ အဓိက ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

ရာသီသိမ္းခါနီး သီတင္းပတ္ေလာက္မွာ အီလီေယာ့ဟာ စီနီယာအသင္းနဲ႔ လိုက္ပါျခင္း မလုပ္ေတာ့ဘဲ ကီရာဘီမွာ ယူ-၂၃ အသင္းနဲ႔ပဲ ေလ့က်င့္ေရး ဆင္းခဲ့ကာ ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနဖို႔ ၾကိဳတင္ျပင္ဆင္ထားပါတယ္။ သူဟာ ၾသဂုတ္လ ၂၂ ရက္ေန႔ထိ ခြင့္ရေပမယ့္ ၾသဂုတ္လ ၁၅ ရက္ေန႔မွာတင္ မဲဝုဒ္ကို ျပန္လာမယ္လို႔ သတင္းပို႔ထားပါတယ္။

လီဗာပူးရဲ႕ လုပ္ခ ေပးေခ်မႈက ႏွစ္တိုင္း ခုန္တက္လာခဲ့ျပီး ဒီရာသီမွာဆိုရင္ ေပါင္ သန္း ၃၁၀ ထိေရာက္မယ့္ လုပ္ခ ၁၇.၅% ခုန္တက္လာခဲ့ကာ အဆိုပါ အေနအထားကို ထိန္းညိဖို႔ ကလပ္တာဝန္ရွိသူေတြ ၾကိဳးစားေနပါတယ္။

လိုဗရန္ဟာ ရုရွားကလပ္ ဇင္းနစ္ကို သီးသန္႔ေလယာဥ္ျဖင့္ ေရာက္ရွိသြားခဲ့ျပီျဖစ္ျပီး သူဟာ လီဗာပူးမွ အသင္းေဖာ္ ဆာလက္နဲ႔ Facetime ျဖင့္ အဆက္အသြယ္ လုပ္ေနဆဲျဖစ္ပါတယ္။

မာေဆးဆိုဒ္ အေျခစိုက္ လီဗာပူးသတင္းဌာန Echo မွ လီဗာပူးသတင္းေထာက္ Paul Gorst က ကလပ္ဟာ လူငယ္ကစားသမားေတြျဖစ္တဲ့ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္ကို ေရာင္းထုတ္လိုေနတယ္လုိ႔ ေဖာ္ျပသြားပါတယ္။

အဂၤလန္နဲ႔ ယူႏုိက္တက္ ခံစစ္မွဴးေဟာင္း ဖာဒီနန္က ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆံုး ဗဟိုခံစစ္မွဴး ၅ ဦးကို ေရြးထုတ္ရာမွာ မ်က္ေမွာက္ေခတ္ ခံစစ္မွဴးေတြထဲက ဗန္ဒိုက္ကို ဗီဒစ္၊ ကြန္ပနီ၊ တယ္ရီ၊ ဆိုးကမ္းဘဲလ္တို႔နဲ႔ တန္းတူ ေရြးခ်ယ္လိုက္ပါတယ္။

သီေယဂို ေဆးဗားေနရာ အစားထိုးဖို႔ လီဗာပူးခံစစ္မွဴး မာတစ္ကို ပီအက္ဂ်ီ မန္ေနဂ်ာတူခ်ယ္က သေဘာက်ေနတယ္။ ဘြန္ဒက္လီဂါမွာ ရင္းႏွီးထားခဲ့တဲ့ ခံစစ္မွဴးက ပီအက္ဂ်ီရဲ႕ အဓိက ပစ္မွတ္ေတြထဲ ပါဝင္ေနတယ္လို႔ ျပင္သစ္အေျခစိုက္ သတင္းေတြက ေဖာ္ျပပါတယ္။

က္စတြန္ဗီလာအသင္းဟာ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို ျပဳျပင္ဖို႔ လီဗာပူးမွာ ပြဲထြက္ကစားသမားေနရာမွာ ရွိမေနတဲ့ ဘယ္ဂ်ီယံသား အိုရီဂီကို ေခၚယူလိုေနပါေၾကာင္း ဒီကေန႔ထုတ္ အဂၤလန္သတင္းေတြမွာ ပါဝင္လာပါတယ္။