ခံစစ်မှူး လိုဗရန်က ဇင်းနစ် စိန့်ပီတာဘတ်ကို ရောက်ရောက်ချင်းမှာပဲ လေဆိပ်ကနေ အထွက်မှာ ဆာလက်ကို FaceTime ဖြင့် ဖုန်းခေါ်ခဲ့ပါတယ်။

မူရင်း ဗီဒီယိုက ကော်ပီရိုက်ရှိလို့ မဖော်ပြပေမယ့် သူတို့တွေ ပျော်ပျော်ရွှင်ရွှင် ပြောဆိုကြတာတွေကို ဖော်ပြလိုက်ပါတယ်။

ဗီဒီယိုဖွင့်ဖွင့်ချင်းမှာ ဆာလက်ရဲ့ ခပ်တိုတိုဆံပင်ကေကိုကြည့်ပြီး ” ဝိုး ကေအလန်းပဲ ” လို့ လိုဗရန်က စပြီးပြောတော့ ဆာလက်က သူ့ကေကို ဟိုဘက် ဒီဘက် လှည့်ကြည့်ရင်း ” ကျေးဇူးပါကွာ၊ မင်းကေထက်တော့ ပိုမိုက်တယ် ” လို့ ခပ်တည်တည် ပြန်ဖြေတယ်။

လိုဗရန်က အေးကွာဆိုပြီး ပြန်ဖြေသလို သူ့ရဲ့ ရုရှားရောက် ပထမဆုံး အတွေ့အကြုံကို ဖောက်သည်ချခဲ့တယ်။

” လေဆိပ်ကိုရောက်တော့ ငါ့ကိုသိတဲ့ လူတွေက ကြိုဆိုကြတယ်။ ပြီးတော့ နောက်မှာ ဝက်ဝံကြီးကွား။ ငါကလည်း ဝက်ဝံက တိရိစ္ဆာန်ရုံကနေ လွတ်လာတာလား မသိဘူးလို့ မေးတော့ စိတ်မပူနဲ့ အဲ့ကောင်ကြီးက လူတွေနဲ့ ရင်းနှီးပါတယ်တဲ့ကွာ ” ဆိုပြီး ဆာလက်ကို ပြောပြခဲ့တယ်။

သူတို့နှစ်ယောက် စကားအတည်းငယ် ပြောကြပြီးနောက် ဆာလက်ကပဲ ” မင်းမနက်ဖြန် လေ့ကျင့်ရေးဆင်းရမယ်မှတ်လား၊ အဲ့မှာ မင်းက အသင်းခေါင်းဆောင်လား?” ဆိုပြီး စခဲ့တယ်။

ဖုန်းချခါနီးမှာ လိုဗရန်က ဆာလက်ရဲ့ ဆံပင်ကေက လိုက်ဖက်တယ်လို့ ချီးကျူးခဲ့တယ်။ ဆာလက်က လိုက်မှာပေါ့ ဈေးကြီးပေး ညှပ်ရတာကိုးလို့ ပြန်ဖြေတယ်။ လိုဗရန်က ” အဲ့တာကြောင့် မင်းဆံပင်က အတော်လေး ရှည်နေခဲ့တာကို၊ မင်းက အတော်လေး စီးပွားရေး ကျပ်တည်းနေတဲ့ကောင်ပဲ ” လို့ စနောက်ရင်း ဖုန်းချခဲ့ပါတယ်။

ကမ္ဘာကြီးက ရွာဖြစ်လာတဲ့နောက် အင်္ဂလန်က ဆာလက်နဲ့ ရုရှားက လိုဗရန်တို့ဟာ ခင်မင်ရင်းနှီးမှုတွေ ရှေ့ဆက်လို့ ရနေဦးမှာပါ။ သူတို့ကြား ချစ်ခင်မှုက လီဗာပူးအသင်းသားတွေကြား ရင်းနှီးမှုရဲ့ သာဓကလည်း ဖြစ်နေပါလိမ့်မယ်။

ZAWGYI

ခံစစ္မွဴး လိုဗရန္က ဇင္းနစ္ စိန္႔ပီတာဘတ္ကို ေရာက္ေရာက္ခ်င္းမွာပဲ ေလဆိပ္ကေန အထြက္မွာ ဆာလက္ကို FaceTime ျဖင့္ ဖုန္းေခၚခဲ့ပါတယ္။

မူရင္း ဗီဒီယိုက ေကာ္ပီရိုက္ရွိလို႔ မေဖာ္ျပေပမယ့္ သူတို႔ေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေျပာဆိုၾကတာေတြကို ေဖာ္ျပလိုက္ပါတယ္။

ဗီဒီယိုဖြင့္ဖြင့္ခ်င္းမွာ ဆာလက္ရဲ႕ ခပ္တိုတိုဆံပင္ေကကိုၾကည့္ျပီး ” ဝိုး ေကအလန္းပဲ ” လို႔ လိုဗရန္က စျပီးေျပာေတာ့ ဆာလက္က သူ႔ေကကို ဟိုဘက္ ဒီဘက္ လွည့္ၾကည့္ရင္း ” ေက်းဇူးပါကြာ၊ မင္းေကထက္ေတာ့ ပိုမိုက္တယ္ ” လို႔ ခပ္တည္တည္ ျပန္ေျဖတယ္။

လိုဗရန္က ေအးကြာဆိုျပီး ျပန္ေျဖသလို သူ႔ရဲ႕ ရုရွားေရာက္ ပထမဆံုး အေတြ႔အၾကံဳကို ေဖာက္သည္ခ်ခဲ့တယ္။

” ေလဆိပ္ကိုေရာက္ေတာ့ ငါ့ကိုသိတဲ့ လူေတြက ၾကိဳဆိုၾကတယ္။ ျပီးေတာ့ ေနာက္မွာ ဝက္ဝံၾကီးကြား။ ငါကလည္း ဝက္ဝံက တိရိစၦာန္ရံုကေန လြတ္လာတာလား မသိဘူးလို႔ ေမးေတာ့ စိတ္မပူနဲ႔ အဲ့ေကာင္ၾကီးက လူေတြနဲ႔ ရင္းႏွီးပါတယ္တဲ့ကြာ ” ဆိုျပီး ဆာလက္ကို ေျပာျပခဲ့တယ္။

သူတို႔ႏွစ္ေယာက္ စကားအတည္းငယ္ ေျပာၾကျပီးေနာက္ ဆာလက္ကပဲ ” မင္းမနက္ျဖန္ ေလ့က်င့္ေရးဆင္းရမယ္မွတ္လား၊ အဲ့မွာ မင္းက အသင္းေခါင္းေဆာင္လား?” ဆိုျပီး စခဲ့တယ္။

ဖုန္းခ်ခါနီးမွာ လိုဗရန္က ဆာလက္ရဲ႕ ဆံပင္ေကက လိုက္ဖက္တယ္လို႔ ခ်ီးက်ဴးခဲ့တယ္။ ဆာလက္က လိုက္မွာေပါ့ ေစ်းၾကီးေပး ညွပ္ရတာကိုးလို႔ ျပန္ေျဖတယ္။ လိုဗရန္က ” အဲ့တာေၾကာင့္ မင္းဆံပင္က အေတာ္ေလး ရွည္ေနခဲ့တာကို၊ မင္းက အေတာ္ေလး စီးပြားေရး က်ပ္တည္းေနတဲ့ေကာင္ပဲ ” လို႔ စေနာက္ရင္း ဖုန္းခ်ခဲ့ပါတယ္။

ကမၻာၾကီးက ရြာျဖစ္လာတဲ့ေနာက္ အဂၤလန္က ဆာလက္နဲ႔ ရုရွားက လိုဗရန္တို႔ဟာ ခင္မင္ရင္းႏွီးမႈေတြ ေရွ႔ဆက္လို႔ ရေနဦးမွာပါ။ သူတို႔ၾကား ခ်စ္ခင္မႈက လီဗာပူးအသင္းသားေတြၾကား ရင္းႏွီးမႈရဲ႕ သာဓကလည္း ျဖစ္ေနပါလိမ့္မယ္။