ဂျွန်ဘမ်းစ်ကို လီဗာပူးဂန္တဝင်အဖြစ် ပရိသတ်တွေ သိကြပေမယ့် ၂၀၁၂ ခုနှစ်တုန်းက ဖီဖာရဲ့ လူငယ်နဲ့ နည်းပြတွေကို သင်တန်းပို့ချရေး အစီအစဉ်အရ ရန်ကုန်ကို တစ်ပတ်ကြာ လာရောက်ဖူးတာကိုတော့ လူသိနည်းပါလိမ့်မယ်။

ထိုစဉ်တုန်းက သူဟာ ဟေးဘရော့ဖြစ်ရပ်အတွက် အမှန်တရားတစ်ခု ပေါ်ထွက်တဲ့အပေါ် ကျေနပ်မိကြောင်းကို သုဝဏမှာလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြောပြခဲ့တယ်။ သူက မြန်မာ လူငယ်ဘောလုံးသမားတွေရဲ့ ဘောလုံးကစားနိုင်မှုကို အထင်ကြီးကြောင်း ပြောခဲ့သေးသလို လီဗာပူးပရိသတ်တွေနဲ့ တွေ့ဆုံမှုပါ လုပ်ခဲ့သေးတာဖြစ်တယ်။ (ဗဟုသုတအဖြစ် ထည့်ပြောတာပါ)

ဒီနွေအတွက် လီဗာပူးရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေအပေါ် ဂျွန်ဘမ်းက သုံးသပ်ရာမှာ သူက ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာ အပြောင်းအရွှေ့ သတင်းကို သိပ်သဘောမကျပါဘူး။ သီယေဂိုကို ခေါ်ယူရင် လီဗာပူးရဲ့ နည်းစနစ်က ထိခိုက်နိုင်တယ်လို့ သူမြင်ပါတယ်။

ဂျွန်ဘမ်းစ်က ” နောက်ထပ် ကွင်းလယ် ဖန်တီးရှင် ထပ်ပါလာမယ်ကွာ၊ အစွန်သမားတွေနဲ့ တိုက်စစ်သမား သုံးယောက်ကိုလည်း တိုက်စစ်လိုက်ဖို့ သုံးရမယ်။ ဒီတော့ အသင်းက ပေးဂိုးတွေ ပိုများလာဖို့ရှိတယ်။ မန်စီးတီးက ဖန်တီးမှုများတဲ့ ကွင်းလယ်လူတွေနဲ့ ကစားနေတာ မဟုတ်လား?

ဒါပေမယ့် ဘယ်လိုဖြစ်လာလဲ၊ လီဗာပူးက သူတို့ကို ရမှတ် ၂၀ လောက် ဖြတ်ထားခဲ့တာပဲလေ။ မန်စီးတီးကလည်း လှုပ်အားကောင်းတဲ့ ကွင်းလယ်လူတွေကို ခေါ်ပြီး လီဗာပူးကို အမှီပြန်လိုက်မယ်လို့ တွေးကောင်းတွေးနေမှာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘမ်းစ်ပြောလိုတာက လီဗာပူးဟာ တိုက်စစ်ကို အစွန်နှစ်ဦး၊ တိုက်စစ်သမား ၃ ဦးတို့ဖြင့် ကစားနေပြီး ဗဟိုခံစစ်မှူး ၂ ဦးနဲ့ ကွင်းလယ်လူ သုံးဦးကပဲ ကျန်နေရာတွေကို ဖြည့်ကစားပေးခြင်းဖြစ်တယ်။ ဒီထဲက ကွင်းလယ်လူ တစ်ဦးကိုပါ တိုက်စစ်ကို ထပ်လိုက်စေရင် အသင်းရဲ့ စနစ်မှာ ခံစစ်ကာကွယ်ဖို့ လူနည်းသွားမှာဖြစ်လို့ မန်စီးတီးလို ပေးဂိုးတွေ ပြန်များလာလိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ZAWGYI

ဂၽြန္ဘမ္းစ္ကို လီဗာပူးဂႏၱဝင္အျဖစ္ ပရိသတ္ေတြ သိၾကေပမယ့္ ၂၀၁၂ ခုႏွစ္တုန္းက ဖီဖာရဲ႕ လူငယ္နဲ႔ နည္းျပေတြကို သင္တန္းပို႔ခ်ေရး အစီအစဥ္အရ ရန္ကုန္ကို တစ္ပတ္ၾကာ လာေရာက္ဖူးတာကိုေတာ့ လူသိနည္းပါလိမ့္မယ္။

ထိုစဥ္တုန္းက သူဟာ ေဟးဘေရာ့ျဖစ္ရပ္အတြက္ အမွန္တရားတစ္ခု ေပၚထြက္တဲ့အေပၚ ေက်နပ္မိေၾကာင္းကို သုဝဏမွာလုပ္တဲ့ ေလ့က်င့္ေရး အစီအစဥ္မွာ ေျပာျပခဲ့တယ္။ သူက ျမန္မာ လူငယ္ေဘာလံုးသမားေတြရဲ႕ ေဘာလံုးကစားႏုိင္မႈကို အထင္ၾကီးေၾကာင္း ေျပာခဲ့ေသးသလို လီဗာပူးပရိသတ္ေတြနဲ႔ ေတြ႔ဆံုမႈပါ လုပ္ခဲ့ေသးတာျဖစ္တယ္။ (ဗဟုသုတအျဖစ္ ထည့္ေျပာတာပါ)

ဒီေႏြအတြက္ လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ အစီအစဥ္ေတြအေပၚ ဂၽြန္ဘမ္းက သံုးသပ္ရာမွာ သူက ဘိုင္ယန္ကြင္းလယ္လူ အယ္ကန္တာရာ အေျပာင္းအေရႊ႔ သတင္းကို သိပ္သေဘာမက်ပါဘူး။ သီေယဂိုကို ေခၚယူရင္ လီဗာပူးရဲ႕ နည္းစနစ္က ထိခိုက္ႏုိင္တယ္လို႔ သူျမင္ပါတယ္။

ဂၽြန္ဘမ္းစ္က ” ေနာက္ထပ္ ကြင္းလယ္ ဖန္တီးရွင္ ထပ္ပါလာမယ္ကြာ၊ အစြန္သမားေတြနဲ႔ တိုက္စစ္သမား သံုးေယာက္ကိုလည္း တိုက္စစ္လိုက္ဖို႔ သံုးရမယ္။ ဒီေတာ့ အသင္းက ေပးဂိုးေတြ ပိုမ်ားလာဖို႔ရွိတယ္။ မန္စီးတီးက ဖန္တီးမႈမ်ားတဲ့ ကြင္းလယ္လူေတြနဲ႔ ကစားေနတာ မဟုတ္လား?

ဒါေပမယ့္ ဘယ္လိုျဖစ္လာလဲ၊ လီဗာပူးက သူတို႔ကို ရမွတ္ ၂၀ ေလာက္ ျဖတ္ထားခဲ့တာပဲေလ။ မန္စီးတီးကလည္း လႈပ္အားေကာင္းတဲ့ ကြင္းလယ္လူေတြကို ေခၚျပီး လီဗာပူးကို အမွီျပန္လိုက္မယ္လို႔ ေတြးေကာင္းေတြးေနမွာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဘမ္းစ္ေျပာလိုတာက လီဗာပူးဟာ တိုက္စစ္ကို အစြန္ႏွစ္ဦး၊ တိုက္စစ္သမား ၃ ဦးတို႔ျဖင့္ ကစားေနျပီး ဗဟိုခံစစ္မွဴး ၂ ဦးနဲ႔ ကြင္းလယ္လူ သံုးဦးကပဲ က်န္ေနရာေတြကို ျဖည့္ကစားေပးျခင္းျဖစ္တယ္။ ဒီထဲက ကြင္းလယ္လူ တစ္ဦးကိုပါ တိုက္စစ္ကို ထပ္လိုက္ေစရင္ အသင္းရဲ႕ စနစ္မွာ ခံစစ္ကာကြယ္ဖို႔ လူနည္းသြားမွာျဖစ္လို႔ မန္စီးတီးလို ေပးဂိုးေတြ ျပန္မ်ားလာလိမ့္မယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။