လီဗာပူးခံစစ်မှူးဟောင်းနဲ့ လက်ရှိ လက်စတာအသင်း လက်ထောက်နည်းပြ တိုရေးက အသင်းဟောင်းရဲ့ အဓိက ခံစစ်မှူးဖြစ်နေသူ ဗန်ဒိုက်နဲ့ ပက်သက်လို့ ထင်မြင်ချက် ပေးသွားပါတယ်။

သူက ဗန်ဒိုက်ဟာ အရာအားလုံးမှာ ထူးချွန်းသူဖြစ်ပေမယ့် တစ်ဦးချင်း ထိပ်တိုက် တွေ့မှုမှာ ပေါက်ကွဲအားကောင်းကောင်း ကစားတတ်သူတွေနဲ့ဆိုရင် ရုန်းကန်ရလေ့ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။

ကိုလို တိုရေးက ပြောရာမှာ ” ဗန်ဒိုက်က မယုံနိုင်စရာ ကစားသမားကောင်းတစ်ဦး ဖြစ်ပါတယ်။ သူက ထိပ်တန်းကစားသမားပါ။ မြန်ဆန်မှုနဲ့ ဘောလုံးကစားနိုင်တယ်။ အရပ်မြင့်တယ်၊ အမြင့်ဘောကောင်းတယ်။ နည်းစနစ်ပိုင်းလည်း ကောင်းသလို အဝေဘောပေးနိုင်စွမ်းလည်း ကောင်းပါတယ်။ သူက ခံစစ်သမားတစ်ဦး ရှိရမယ့် အရည်အချင်းကောင်းတွေ ရှိထားသူဖြစ်တယ်။

ဗန်ဒိုက်ကို ပြိုင်ဘက်က စားသမားတွေက တစ်ဦးချင်း ထိပ်တိုက် ယှဉ်ပြိုင်ကြတာမျိုးတွေ နည်းပါတယ်။ ကျနော် အမြင့်အရတော့ ဗန်ဒိုက်ရဲ့ အားနည်းချက်က တစ်ဦးချင်း ထိပ်တိုက်တွေ့မှုမှာ ဖြစ်ပါတယ်။ သူက အရပ်ရှည်တော့ ဘောလုံးနဲ့အတူ သူ့ကို ထိပ်တိုက် ယှဉ်ပြိုင်ရင် ရုန်းကန်ရတတ်ပါတယ်။ အဲ့လို မဖြစ်အောင်လည်း ဗန်ဒိုက်က ပါးပါးနပ်နပ် လုပ်နိုင်ပါတယ်။

သူက ခံစစ်ကို နောက်ဆုတ်ဆင်းပြီး ခုခံရာမှာ ထူးချွန်တယ်။ ပြိုင်ဘက်တွေက တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ဗန်ဒိုက်ကို တစ်ဦးချင်း ထိပ်တိုက် ယှဉ်ပြိုင်ရင် သူ ရုန်းကန်ရတတ်ပါတယ်။ အဲ့လို ရင်ဆိုင်ကြမယ်ဆိုရင် ဗန်ဒိုက်ရဲ့ အားနည်းချက်ကို မြင်ကြရမှာပါ။

ဗန်ဒိုက်က ကိုယ်တိုင်လည်း ထူးချွန်သလို တွဲဘက်အဖြစ် ဂိုးမက်စ်လို ကစားသမားကောင်းနဲ့လည်း လက်တွဲ ကစားနေရတယ်။ သူ့ဘေးနားမှာ ကူညီပေးမယ့် ကစားသမားကောင်းတွေလည်း ရှိတယ်။ ဒါတွေကပဲ သူ့ကို ပိုမို လွယ်ကူစေတာပါ။ ဗန်ဒိုက်က အရည်အချင်းရှိတဲ့ ခံစစ်မှူးဖြစ်ပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI





