တစ်တီရဲ့ လက်ထောက်နည်းပြဖြစ်သူ Sylvinho က ပြောရာမှာ ” အယ်လီဆန်နဲ့ ဖာမင်နိုတို့က အရမ်းကို နိမ့်ချပြီး အသင်းအတွက် အလေးအနက်ကို ကြိုးစားကြသူတွေဖြစ်ပါတယ်။ ” လို ဂါးဒီးယန်း သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပြပါတယ်။

” အယ်လီဆန်က ကမ္ဘာအကောင်းဆုံး ဂိုးသမားတေါထဲက တစ်ဦးပါ။ ဒါကို ကမ္ဘာကြီးကို လိုက်ပြောနေစရာလည်း လိုမယ် မထင်ပါဘူး။ ဘရာဇီးနဲ့အတူ ကျနေ်ာတို့ အလုပ်လုပ်တော့ တစ်တီက ဘန်လေနဲ့ပွဲမှာ ဖာမင်နို ကစားခဲ့တဲ့ ဗီဒီယိုကို ကြည့်ခိုင်းပါတယ်။

တီဗီထဲမှာ ဖာမင်နို ကစားတာကိုကြည့်ပြီး သူက သိပ်ကောင်းတာပဲလို့ ထင်စရာပဲ။ အပြင်မှာဆိုရင် သူက အဲ့ထက်ကို ပိုကောင်းနေပါတယ်။ သူ့ရဲ့ ကစားဟန်က သိပ်ကို စွဲမက်ဖို့ ကောင်းပါတယ်။ ဘောလုံးက အခြားတစ်ဘက်မှာ ရှိနေစဉ် သူ့ရဲ့ လှုပ်ရှားမှုကို ခင်ဗျားတို့ မြင်နိုင်တယ်။ အသင်းဖော်တွေနဲ့ တွဲဘက်ကစားတာတွေမှာ သိပ်ကောင်းတယ်။ သူက ဘောလုံးကို လုံးဝ ဆုံးရံှူးမခံဘူး။ ပရီးမီးယားလိဂ်မှာ လုပ်ဖို့ သိပ်ခက်တဲ့ ကိစ္စဖြစ်ပါတယ်။

ဂိုး ၄၀ လောက် သွင်းပေးနိုင်တဲ့ တိုက်စစ်သမား လိုချင်တယ်ဆိုရင်တော့ ဖာမင်နိုက အဲ့လို တိုက်စစ်သမား မဟုတ်ပါဘူး။ ဒါပေမယ့် နေရာလွတ်တွေ၊ အတွင်းအပြင် နေရာအားလုံးမှာ ပြည့်စုံတဲ့ ဟန်ချက်ညီမှုကို လိုချင်တယ်ဆိုရင်တော့ ဖာမင်နိုက သိပ်ကို ပြည့်စုံတဲ့ ကစားသမား ဖြစ်ပါတယ် ” လို့ သူက ဆိုခဲ့တာဖြစ်တယ်။

ဖာမင်နိုနဲ့ အယ်လီဆန်တို့ဟာ လီဗာပူးအတွက် အဓိက ကျတဲ့ ကစားသမားတွေ ဖြစ်သလို သူတို့ဟာ ဘရာဇီးအသင်း ၂၀၁၉ ကိုပါအမေရိကဖလား အနိုင်ရမှုမှာ အရေးပါခဲ့သူတွေဖြစ်တယ်။ အယ်လီဆန်ဟာ အဆိုပါ ပြိုင်ပွဲမှာ ရွှေလက်အိတ်ဆုပါ ရခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

တစ္တီရဲ႕ လက္ေထာက္နည္းျပျဖစ္သူ Sylvinho က ေျပာရာမွာ ” အယ္လီဆန္နဲ႔ ဖာမင္ႏိုတို႔က အရမ္းကို နိမ့္ခ်ျပီး အသင္းအတြက္ အေလးအနက္ကို ၾကိဳးစားၾကသူေတြျဖစ္ပါတယ္။ ” လို ဂါးဒီးယန္း သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာျပပါတယ္။

” အယ္လီဆန္က ကမၻာအေကာင္းဆံုး ဂိုးသမားေတါထဲက တစ္ဦးပါ။ ဒါကို ကမၻာၾကီးကို လိုက္ေျပာေနစရာလည္း လိုမယ္ မထင္ပါဘူး။ ဘရာဇီးနဲ႔အတူ က်ေန္ာတို႔ အလုပ္လုပ္ေတာ့ တစ္တီက ဘန္ေလနဲ႔ပြဲမွာ ဖာမင္ႏို ကစားခဲ့တ့ဲ ဗီဒီယိုကို ၾကည့္ခိုင္းပါတယ္။

တီဗီထဲမွာ ဖာမင္ႏို ကစားတာကိုၾကည့္ျပီး သူက သိပ္ေကာင္းတာပဲလို႔ ထင္စရာပဲ။ အျပင္မွာဆိုရင္ သူက အဲ့ထက္ကို ပိုေကာင္းေနပါတယ္။ သူ႔ရဲ႕ ကစားဟန္က သိပ္ကို စြဲမက္ဖို႔ ေကာင္းပါတယ္။ ေဘာလံုးက အျခားတစ္ဘက္မွာ ရွိေနစဥ္ သူ႔ရဲ႕ လႈပ္ရွားမႈကို ခင္ဗ်ားတို႔ ျမင္ႏုိင္တယ္။ အသင္းေဖာ္ေတြနဲ႔ တြဲဘက္ကစားတာေတြမွာ သိပ္ေကာင္းတယ္။ သူက ေဘာလံုးကို လံုးဝ ဆံုးရံွဴးမခံဘူး။ ပရီးမီးယားလိဂ္မွာ လုပ္ဖို႔ သိပ္ခက္တဲ့ ကိစၥျဖစ္ပါတယ္။

ဂိုး ၄၀ ေလာက္ သြင္းေပးႏုိင္တဲ့ တိုက္စစ္သမား လိုခ်င္တယ္ဆိုရင္ေတာ့ ဖာမင္ႏိုက အဲ့လို တုိက္စစ္သမား မဟုတ္ပါဘူး။ ဒါေပမယ့္ ေနရာလြတ္ေတြ၊ အတြင္းအျပင္ ေနရာအားလံုးမွာ ျပည့္စံုတဲ့ ဟန္ခ်က္ညီမႈကို လိုခ်င္တယ္ဆိုရင္ေတာ့ ဖာမင္နိုက သိပ္ကို ျပည့္စံုတဲ့ ကစားသမား ျဖစ္ပါတယ္ ” လို႔ သူက ဆိုခဲ့တာျဖစ္တယ္။

ဖာမင္ႏိုနဲ႔ အယ္လီဆန္တို႔ဟာ လီဗာပူးအတြက္ အဓိက က်တဲ့ ကစားသမားေတြ ျဖစ္သလို သူတို႔ဟာ ဘရာဇီးအသင္း ၂၀၁၉ ကိုပါအေမရိကဖလား အႏုိင္ရမႈမွာ အေရးပါခဲ့သူေတြျဖစ္တယ္။ အယ္လီဆန္ဟာ အဆိုပါ ျပိဳင္ပြဲမွာ ေရႊလက္အိတ္ဆုပါ ရခဲ့ေသးတာ ျဖစ္ပါတယ္။