လီဗာပူးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Echo မှ လီဗာပူးအသင်းဆိုင်ရာ သတင်းထောက်ဖြစ်သူ Paul Gorst ရဲ့ ဖြေဆိုပေးမှုဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာရဲ့ ကိုယ်စားလှယ်ကို ကမ်းလှမ်းမှုလုပ်ထားတဲ့ ကလပ် သုံးသင်းထဲက တစ်သင်းဖြစ်ပါတယ်။ အခြားနှစ်သင်းဖြစ်တဲ့ ဝုဗ်၊ ပဲလေစ့်တိ့နဲ့အပြိုင် ကစားသမားကို ဘယ်လို အနေအထားနဲ့ ခေါ်ယူနိုင်မလဲ မေးမြန်းမှုကို ကမ်းလှမ်းထားတာဖြစ်တယ်။ ဒါပေမယ့် လာမယ့်ရာသီအတွက် ခေါ်ယူဖို့ဆိုပြီး မသေချာသေးပါဘူး။

ဘရိုက်တန် ခံစစ်သမား ဘန်ဝိုက်ကို လီဗာပူးက တစ်ရာသီလုံး စောင့်ကြည့်ထားခဲ့တယ်။ သူက ကလပ်ရဲ့ စတုတ္ထဦးစားပေး ခံစစ်မှူး ဖြစ်သင့်သူလို့ လီဗာပူးဘက်က ယုံကြည်တယ်။

ဘက်တစ်က မန်ဒီရဲ့ သတင်းတွေဟာ ကောလဟာလအဖြစ် မခံစားရဘဲ အခြားသော ကိစ္စတွေထက် ပိုပြီး ဖြစ်နိုင်ချေ ရှိနေပါတယ်။ ဈေးနှုန်းနဲ့ အသက်အရွယ်ကလည်း လီဗာပူး လိုအပ်ချက်နဲ့ ကိုက်ညီတယ် စောင့်ကြည့်ရမယ့်သူပါ။

လီဗာပူးက မာတစ်ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ကလပ်မှာ စီနီယာခံစစ်မှူး ၃ ဦးပဲ ရှိပါတယ်။ သူ့ကို ဆုံးရံှူးမယ်ဆိုရင် ဗန်ဒိုက်နဲ့ ဂိုးမက်စ် နှစ်ဦးပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။

ဇန်နဝါရီတုန်းက ကလပ်ဟာ ရှာကွီရီအတွက် ပေါင် ၂၅ သန်း တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲ့တန်ကြေးထိ သဘောတူညီမှု မရောက်ခဲ့ပါဘူး။ ဒီနွေမှာလည်း ကမ်းလှမ်းမှုက အဲ့လောက် မရောက်ရင် လီဗာပူးက ဈေးချပေးမှာပါ။ ဝယ်လက်ရှာနိုင်ရင် ရောင်းထုတ်မှာဖြစ်ပါတယ်။

လီဗာပူးက အရန်ထားဖို့ ဘယ်အစွန်နဲ့ ဗဟိုခံစစ်မှူးကိုတော့ ခေါ်ယူမှာပါ။ အပြောင်းအရွှေ့ နောက်ပိုင်းမှ ခေါ်ယူတာလည်း ဖြစ်နိုင်ပါတယ်။

ZAWGYI

လီဗာပူးအေျခစိုက္ သတင္းဌာနျဖစ္တဲ့ Echo မွ လီဗာပူးအသင္းဆိုင္ရာ သတင္းေထာက္ျဖစ္သူ Paul Gorst ရဲ႕ ေျဖဆိုေပးမႈျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာရဲ႕ ကိုယ္စားလွယ္ကို ကမ္းလွမ္းမႈလုပ္ထားတဲ့ ကလပ္ သံုးသင္းထဲက တစ္သင္းျဖစ္ပါတယ္။ အျခားႏွစ္သင္းျဖစ္တဲ့ ဝုဗ္၊ ပဲေလစ့္တိ႔နဲ႔အျပိဳင္ ကစားသမားကို ဘယ္လို အေနအထားနဲ႔ ေခၚယူႏုိင္မလဲ ေမးျမန္းမႈကို ကမ္းလွမ္းထားတာျဖစ္တယ္။ ဒါေပမယ့္ လာမယ့္ရာသီအတြက္ ေခၚယူဖို႔ဆိုျပီး မေသခ်ာေသးပါဘူး။

ဘရိုက္တန္ ခံစစ္သမား ဘန္ဝိုက္ကို လီဗာပူးက တစ္ရာသီလံုး ေစာင့္ၾကည့္ထားခဲ့တယ္။ သူက ကလပ္ရဲ႕ စတုတၳဦးစားေပး ခံစစ္မွဴး ျဖစ္သင့္သူလို႔ လီဗာပူးဘက္က ယံုၾကည္တယ္။

ဘက္တစ္က မန္ဒီရဲ႕ သတင္းေတြဟာ ေကာလဟာလအျဖစ္ မခံစားရဘဲ အျခားေသာ ကိစၥေတြထက္ ပိုျပီး ျဖစ္ႏုိင္ေခ် ရွိေနပါတယ္။ ေစ်းႏႈန္းနဲ႔ အသက္အရြယ္ကလည္း လီဗာပူး လိုအပ္ခ်က္နဲ႔ ကိုက္ညီတယ္ ေစာင့္ၾကည့္ရမယ့္သူပါ။

လီဗာပူးက မာတစ္ကို လက္လြတ္ခံမွာ မဟုတ္ပါဘူး။ ကလပ္မွာ စီနီယာခံစစ္မွဴး ၃ ဦးပဲ ရွိပါတယ္။ သူ႔ကို ဆံုးရံွဴးမယ္ဆိုရင္ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္ ႏွစ္ဦးပဲ က်န္ရွိေတာ့မွာျဖစ္ပါတယ္။

ဇန္နဝါရီတုန္းက ကလပ္ဟာ ရွာကီြရီအတြက္ ေပါင္ ၂၅ သန္း ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ အဲ့တန္ေၾကးထိ သေဘာတူညီမႈ မေရာက္ခဲ့ပါဘူး။ ဒီေႏြမွာလည္း ကမ္းလွမ္းမႈက အဲ့ေလာက္ မေရာက္ရင္ လီဗာပူးက ေစ်းခ်ေပးမွာပါ။ ဝယ္လက္ရွာႏုိင္ရင္ ေရာင္းထုတ္မွာျဖစ္ပါတယ္။

လီဗာပူးက အရန္ထားဖို႔ ဘယ္အစြန္နဲ႔ ဗဟိုခံစစ္မွဴးကိုေတာ့ ေခၚယူမွာပါ။ အေျပာင္းအေရႊ႔ ေနာက္ပိုင္းမွ ေခၚယူတာလည္း ျဖစ္ႏုိင္ပါတယ္။