လီဗာပူးအသင်းဟာ ဘယ်အစွန်နေရာမှာ ရော်ဘတ်ဆန်ကို အားဖြည့်ပေးဖို့အတွက် ကစားသမားသစ် ရှာဖွေရာမှာ စိတ်ကြိုက်တစ်ဦး တွေ့ရှိခဲ့ပြီးလို့ လီဗာပူးသတင်းထောက်တွေက အတည်ပြု ဖော်ပြလာပါတယ်။

နော်ဝစ်အသင်းမှ လူငယ်ဘယ်အစွန်လူ အသက် ၂၂ နှစ်အရွယ် ဂျမယ် လူးဝစ်ကို ခေါ်ယူဖို့အား ကလော့ပ်နဲ့ လီဗာပူး ကစားသမားသစ် ခေါ်ယူရေး အဖွဲ့က သဘောညီခဲ့ကြတယ်လို့ သိရတယ်။ သူ့ကို ခေါ်ယူဖို့ ကြိုးစားရာမှာ ပွဲကစားခွင့် အာမခံချက် မရှိခြင်း တစ်ချက်ကပဲ လီဗာပူးအတွက် ညိနှိုင်းမှုတွေကို အခက်တွေ့နိုင်ပါတယ်။

လီဗာပူးဘက်က ဂျမယ်လူးဝစ်ကို ခေါ်ယူနိုင်ဖို့ ပေါင် ၁၀ သန်း ဝန်းကျင်ပေးရမှာဖြစ်တယ်။ သူ့ရဲ့ အလားအလာနဲ့ အရည်အချင်းဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဟူးစီးတီးကနေ ရော်ဘတ်ဆန်ကို ပေါင် ၈ သန်းဖြင့် ခေါ်ယူခဲ့စဉ် အခြေအနေနဲ့ တူညီမှုရှိတယ်လို့ ကလပ်ဘက်က ယူဆထားပါတယ်။

ရော်ဘတ်ဆန် ရောက်လာစဉ်က ခံစစ်မှာ မိုရီနိုအပေါ် စိတ်ရှည်မှုတွေ ကုန်ခမ်းနေချိန်ဖြစ်လို့ လအတန်ကြာမှာပဲ နေရာစရခဲ့တယ်။ လူးဝစ်ကတော့ တူညီတဲ့ အခွင့်အရေး ရမှာ မဟုတ်ဘဲ ကလပ်မှာ သင်ယူမှုတွေ လုပ်ကာ အခွင့်အရေးကို စောင့်ဆိုင်းရမှာဖြစ်တယ်။

ကလော့ပ်က ဒေတာစိစစ်ရေး ဌာနက ပေးပို့လိုတဲ့ လူးဝစ်ရဲ့ အချက်အလက်တွေကို ဆန်းစစ်ထားမှုတွေကို နှစ်သက် အထင်ကြီးနေတယ်။ စွယ်စုံရသလို ခံစစ်ပိုင်းမှာ ပိုမို လုံခြုံတဲ့ ဖြည့်စွက်မှုတွေကို ပေးနိုင်မယ့် လူငယ်တစ်ဦးအဖြစ်လည်း မြင်ထားတယ်။ လူးဝစ်ကို ခေါ်ယူနိုင်ရေး အားသာချက်က ၎င်းတို့ဟာ လီဗာပူးအသင်း ဘယ်အစွန်လူ လာရိုစီကို ခေါ်ယူလိုနေတဲ့ အချက်ကို အသုံးချနိုင်တာဖြစ်ပါတယ်။

ကလော့ပ်က ဘရိုက်တန်မှ ဘမ်ဝိုက်နဲ့ ဘုန်းမောက်မှ လွိုက်ကယ်လီတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေသေးတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘယ္အစြန္ေနရာမွာ ေရာ္ဘတ္ဆန္ကို အားျဖည့္ေပးဖို႔အတြက္ ကစားသမားသစ္ ရွာေဖြရာမွာ စိတ္ၾကိဳက္တစ္ဦး ေတြ႔ရွိခဲ့ျပီးလို႔ လီဗာပူးသတင္းေထာက္ေတြက အတည္ျပဳ ေဖာ္ျပလာပါတယ္။

ေနာ္ဝစ္အသင္းမွ လူငယ္ဘယ္အစြန္လူ အသက္ ၂၂ ႏွစ္အရြယ္ ဂ်မယ္ လူးဝစ္ကို ေခၚယူဖို႔အား ကေလာ့ပ္နဲ႔ လီဗာပူး ကစားသမားသစ္ ေခၚယူေရး အဖြဲ႔က သေဘာညီခဲ့ၾကတယ္လို႔ သိရတယ္။ သူ႔ကို ေခၚယူဖို႔ ၾကိဳးစားရာမွာ ပြဲကစားခြင့္ အာမခံခ်က္ မရွိျခင္း တစ္ခ်က္ကပဲ လီဗာပူးအတြက္ ညိႏိႈင္းမႈေတြကို အခက္ေတြ႔ႏုိင္ပါတယ္။

လီဗာပူးဘက္က ဂ်မယ္လူးဝစ္ကို ေခၚယူႏုိင္ဖို႔ ေပါင္ ၁၀ သန္း ဝန္းက်င္ေပးရမွာျဖစ္တယ္။ သူ႔ရဲ႕ အလားအလာနဲ႔ အရည္အခ်င္းဟာ လြန္ခဲ့တဲ့ သံုးႏွစ္က ဟူးစီးတီးကေန ေရာ္ဘတ္ဆန္ကို ေပါင္ ၈ သန္းျဖင့္ ေခၚယူခဲ့စဥ္ အေျခအေနနဲ႔ တူညီမႈရွိတယ္လို႔ ကလပ္ဘက္က ယူဆထားပါတယ္။

ေရာ္ဘတ္ဆန္ ေရာက္လာစဥ္က ခံစစ္မွာ မိုရီႏိုအေပၚ စိတ္ရွည္မႈေတြ ကုန္ခမ္းေနခ်ိန္ျဖစ္လို႔ လအတန္ၾကာမွာပဲ ေနရာစရခဲ့တယ္။ လူးဝစ္ကေတာ့ တူညီတဲ့ အခြင့္အေရး ရမွာ မဟုတ္ဘဲ ကလပ္မွာ သင္ယူမႈေတြ လုပ္ကာ အခြင့္အေရးကို ေစာင့္ဆုိင္းရမွာျဖစ္တယ္။

ကေလာ့ပ္က ေဒတာစိစစ္ေရး ဌာနက ေပးပို႔လိုတဲ့ လူးဝစ္ရဲ႕ အခ်က္အလက္ေတြကို ဆန္းစစ္ထားမႈေတြကို ႏွစ္သက္ အထင္ၾကီးေနတယ္။ စြယ္စံုရသလို ခံစစ္ပိုင္းမွာ ပိုမို လံုျခံဳတဲ့ ျဖည့္စြက္မႈေတြကို ေပးႏုိင္မယ့္ လူငယ္တစ္ဦးအျဖစ္လည္း ျမင္ထားတယ္။ လူးဝစ္ကို ေခၚယူႏုိင္ေရး အားသာခ်က္က ၄င္းတို႔ဟာ လီဗာပူးအသင္း ဘယ္အစြန္လူ လာရိုစီကို ေခၚယူလိုေနတဲ့ အခ်က္ကို အသံုးခ်ႏုိင္တာျဖစ္ပါတယ္။

ကေလာ့ပ္က ဘရိုက္တန္မွ ဘမ္ဝိုက္နဲ႔ ဘုန္းေမာက္မွ လိြဳက္ကယ္လီတို႔ကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားေနေသးတာျဖစ္ပါတယ္။