လီဗာပူးအသင်းဟာ ဇင်းနစ်ကို ရောင်းထုတ်လိုက်တဲ့ လိုဗရန်နေရာ အစားထိုးဖို့ ဗဟိုခံစစ်မှူးသစ်တွေ ရှာဖွေထားပြီး နှစ်ဦး သုံးဦးနဲ့ သတင်းကြီးမှုတွေ ရှိနေပါတယ်။

ဘက်တစ်မှ မန်ဒီ၊ ရှော်ကေးမှ အိုဇန် ကာဘတ် နဲ့ ဘရိုက်တန်မှ ဘမ်ဝိုက်တို့ဟာ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေသူတွေပါ။ သူတို့ထဲမှာ လက်တလောအတွင်း မန်ဒီနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ပိုကြီးနေပေမယ့် ဒါက စပိန်ဘက်က ဖော်ပြနေခြင်းတွေပဲ ဖြစ်တယ်။ လီဗာပူးကတော့ ဦးစားပေးအဖြစ် ဘမ်ဝိုက်ကိုပဲ အများကြီး မျှော်လင့်ထားပါတယ်။

လီဗာပူး အားကစားခေါ်ယူရေးဆိုင်ရာ အဖွဲ့က စေလွှတ်ထားတဲ့ ကင်းထောက်တွေဟာ ဘမ်ဝိုက်ကို တစ်ရာသီလုံးနီးပါး စောင့်ကြည့်ခဲ့ပြီး ဒေတာစိစစ်မှု ဌာနကလည်း ဘမ်ဝိုက်က လီဗာပူးအတွက် အံဝင်သူလို့ အစီရင်ခံစာ တင်ထားတာဖြစ်တယ်။ ခံစစ်မှူး ခေါ်ယူရေးနဲ့ ပက်သက်ပြီး The Athletic လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အခုလို ပြောပါတယ်။

ဂျိမ်းပီရက်စ်က ” လီဗာပူးက ဟိုဗာနဲ့ ဗန်ဒန်ဘယ်ရာတို့ နှစ်ဦးအပေါ် အများကြီး မျှော်လင့်ထားတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကလည်း သက်သေပြမှုတွေတော့ မလုပ်နိုင်သေးပါဘူး။ မျှော်လင့်ချက်တွေ အားလုံး သူတို့နှစ်ဦးကို ပုံပေးလိုက်ပြီး အသက်အရွယ် ငယ်ငယ်နဲ့ မျှော်လင့်ချက်တွေကို ဖြည့်စည်းပေးဖို့ဆိုတာကလည်း ခက်ခဲပါတယ်။

မာတစ်ရဲ့ ဒဏ်ရာပြဿနာမှတ်တမ်းဆိုးအရ လီဗာပူးက ဗဟိုခံစစ်မှူးသစ်ကို ခေါ်ယူဖို့ကို ဦးစားပေးအဖြစ် သက်မှတ်ထားပါတယ်။ လီဗာပူးအသင်းမှာ အင်အားဖြည့်ရမယ့် နေရာတွေရှိနေပါတယယ်။ လိုဗရန်နေရာ အစားထိုးဖို့ကို စိတ်ဝင်စားတဲ့ ကစားသမား အနည်းငယ် ရှိထားပေမယ့် ဒီအခြေအနေမှာတော့ ထူးထူးခြားခြား အခြေအနေတွေမှာ မရှိသေးပါဘူး။

လီဗာပူးက ဘမ်ဝိုက်ကို အတော်လေး သဘောကျတယ်။ ဘမ်ဝိုက်က လိဒ်အသင်းမှာ သိပ်ကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားတယ်။ ဘရိုက်တန်က သူ့ကို ရောင်းထုတ်ပေးဖို့ အင်တင်တင် ဖြစ်နေဆဲဖြစ်ပါတယ် ” လို့ သတင်းပေးခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဇင္းနစ္ကို ေရာင္းထုတ္လုိက္တဲ့ လိုဗရန္ေနရာ အစားထိုးဖို႔ ဗဟိုခံစစ္မွဴးသစ္ေတြ ရွာေဖြထားျပီး ႏွစ္ဦး သံုးဦးနဲ႔ သတင္းၾကီးမႈေတြ ရွိေနပါတယ္။

ဘက္တစ္မွ မန္ဒီ၊ ေရွာ္ေကးမွ အိုဇန္ ကာဘတ္ နဲ႔ ဘရိုက္တန္မွ ဘမ္ဝိုက္တို႔ဟာ လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းထြက္ေနသူေတြပါ။ သူတို႔ထဲမွာ လက္တေလာအတြင္း မန္ဒီနဲ႔ အေျပာင္းအေရႊ႔ ကိစၥေတြ ပိုၾကီးေနေပမယ့္ ဒါက စပိန္ဘက္က ေဖာ္ျပေနျခင္းေတြပဲ ျဖစ္တယ္။ လီဗာပူးကေတာ့ ဦးစားေပးအျဖစ္ ဘမ္ဝိုက္ကိုပဲ အမ်ားၾကီး ေမွ်ာ္လင့္ထားပါတယ္။

လီဗာပူး အားကစားေခၚယူေရးဆိုင္ရာ အဖြဲ႔က ေစလႊတ္ထားတဲ့ ကင္းေထာက္ေတြဟာ ဘမ္ဝိုက္ကို တစ္ရာသီလံုးနီးပါး ေစာင့္ၾကည့္ခဲ့ျပီး ေဒတာစိစစ္မႈ ဌာနကလည္း ဘမ္ဝိုက္က လီဗာပူးအတြက္ အံဝင္သူလို႔ အစီရင္ခံစာ တင္ထားတာျဖစ္တယ္။ ခံစစ္မွဴး ေခၚယူေရးနဲ႔ ပက္သက္ျပီး The Athletic လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အခုလို ေျပာပါတယ္။

ဂ်ိမ္းပီရက္စ္က ” လီဗာပူးက ဟိုဗာနဲ႔ ဗန္ဒန္ဘယ္ရာတို႔ ႏွစ္ဦးအေပၚ အမ်ားၾကီး ေမွ်ာ္လင့္ထားတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ဦးကလည္း သက္ေသျပမႈေတြေတာ့ မလုပ္ႏုိင္ေသးပါဘူး။ ေမွ်ာ္လင့္ခ်က္ေတြ အားလံုး သူတို႔ႏွစ္ဦးကို ပံုေပးလိုက္ျပီး အသက္အရြယ္ ငယ္ငယ္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္စည္းေပးဖို႔ဆိုတာကလည္း ခက္ခဲပါတယ္။

မာတစ္ရဲ႕ ဒဏ္ရာျပႆနာမွတ္တမ္းဆိုးအရ လီဗာပူးက ဗဟိုခံစစ္မွဴးသစ္ကို ေခၚယူဖို႔ကို ဦးစားေပးအျဖစ္ သက္မွတ္ထားပါတယ္။ လီဗာပူးအသင္းမွာ အင္အားျဖည့္ရမယ့္ ေနရာေတြရွိေနပါတယယ္။ လိုဗရန္ေနရာ အစားထိုးဖို႔ကို စိတ္ဝင္စားတဲ့ ကစားသမား အနည္းငယ္ ရွိထားေပမယ့္ ဒီအေျခအေနမွာေတာ့ ထူးထူးျခားျခား အေျခအေနေတြမွာ မရွိေသးပါဘူး။

လီဗာပူးက ဘမ္ဝိုက္ကို အေတာ္ေလး သေဘာက်တယ္။ ဘမ္ဝိုက္က လိဒ္အသင္းမွာ သိပ္ေကာင္းတဲ့ ေဘာလံုးရာသီကို ပိုင္ဆုိင္ထားတယ္။ ဘရိုက္တန္က သူ႔ကို ေရာင္းထုတ္ေပးဖို႔ အင္တင္တင္ ျဖစ္ေနဆဲျဖစ္ပါတယ္ ” လို႔ သတင္းေပးခဲ့ပါတယ္။