လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ဂျာစီစပွန်ဆာအဖြစ် Nike ကို ပြောင်းလဲမယ့် ကိစ္စ နည်းတူ လေ့ကျင့်ရေးကွင်းကိုလည်း ကွင်းသစ်ထံ ရွှေ့ဆိုင်းဖို့ ပြင်ဆင်ထားခဲ့ပါတယ်။

ဒါပေမယ့်လို့ ကိုဗစ်ကာလအတွင်း တည်ဆောက်မှုတွေကို ရပ်ဆိုင်းထားခဲ့မှု အရရော၊ ရောဂါ အခြေအနေ ထိန်းချုပ်ထားခြင်းမှာ မပြီးပြတ်သေးတဲ့ အခြေအနေတွေအရ မဲဝုဒ်ကို မှန်းဆထားသလို ခပ်မြန်မြန် စွန့်ခွာသွားဖွယ် မရှိဘူးလို့ သိရပါတယ်။ တနည်းအားဖြင့် လေ့ကျင့်ရေးကွင်းသစ်ကို ပြောင်းမယ့် ကိစ္စက နှောင့်နှေးနေမှာဖြစ်တယ်။

ဘောလုံးရာသီအပြီး နားရက် နှစ်ပတ်ရထားတဲ့ လီဗာပူးအသင်းသားတွေဟာ သြဂုတ်လ ၂၉ ရက်နေ့မှာ ကွန်မြူနတီဒိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ ကလော့ပ်နဲ့ အသင်းသားတွေက မဲဝုဒ်ကိုပဲ ပြန်လာပြီး လေ့ကျင့်ရေး ပြန်ဆင်းမှာဖြစ်သလို ရာသီကြို ပြင်ဆင်မှုကိုလည်း မဲဝုဒ်မှာပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက်နဲ့ အကြိမ် ၂၀ မြောက် အမှတ်ပေးဖလားအတွက် ကြိုးစားရမယ့် လီဗာပူးဟာ ဒီနွေမှာ မဲဝုဒ်လေ့ကျင့်ရေးကွင်းကို စွန့်ခွာပြီး ကရာဘီ လေ့ကျင့်ရေးကွင်းသစ်ထံ ပြောင်းဖို့ ကြိုတင် စီစဉ်ထားခဲ့တာပါ။ လက်ရှိ အနေအထားအရ ဘယ်အချိန်မှာ ကွင်းသစ်ကို ပြောင်းဖို့ စီစဉ်မလဲ မပြောနိုင်သေးပါဘူး။

ကရာဘီဟာ လက်ရှိ မဲဝုဒ်ထက် ပိုမို ကြီးမားသလို အကယ်ဒမီ အသင်းတွေနဲ့ စီနီယာအသင်းတွေကို တစ်နေရာတည်း စီမံနိုင်မှာပါ။ ဒါပေမယ့်လို့ ကိုဗစ် ကာကွယ်ရေးအတွက် တစ်လမ်းဝင်စနစ်တွေ၊ ယာယီ အဝတ်လဲခန်းတွေ ထည့်တွင်းမှုတွေအပြင် မဲဝုဒ်ကွင်းမှာ ယာယီ ရွက်ဖျင်တဲ တည်ဆောက်မှုတွေက အကုန်လုံး အဆင်ပြေနေခြင်းကြောင့်လည်း ကရာဘီကိစ္စကို အလျင်မလိုခြင်း ဖြစ်ပါတယ်။

စီနီယာအသင်းကို အစောတလျင် မပြောင်းရွှေ့ခြင်းကြောင့် ကရာဘီမှာ လက်ရှိ လုပ်ဆောင်နေတဲ့ အနုစိတ် သရုပ်ဖော်တွေပိုင်းတွေကို အချိန်ယူ တည်ဆောက်သွားဖို့ အချိန်ရသွားမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာေတာ့ ဂ်ာစီစပြန္ဆာအျဖစ္ Nike ကို ေျပာင္းလဲမယ့္ ကိစၥ နည္းတူ ေလ့က်င့္ေရးကြင္းကိုလည္း ကြင္းသစ္ထံ ေရႊ႔ဆုိင္းဖို႔ ျပင္ဆင္ထားခဲ့ပါတယ္။

ဒါေပမယ့္လို႔ ကိုဗစ္ကာလအတြင္း တည္ေဆာက္မႈေတြကို ရပ္ဆုိင္းထားခဲ့မႈ အရေရာ၊ ေရာဂါ အေျခအေန ထိန္းခ်ဳပ္ထားျခင္းမွာ မျပီးျပတ္ေသးတဲ့ အေျခအေနေတြအရ မဲဝုဒ္ကို မွန္းဆထားသလို ခပ္ျမန္ျမန္ စြန္႔ခြာသြားဖြယ္ မရွိဘူးလို႔ သိရပါတယ္။ တနည္းအားျဖင့္ ေလ့က်င့္ေရးကြင္းသစ္ကို ေျပာင္းမယ့္ ကိစၥက ေႏွာင့္ေႏွးေနမွာျဖစ္တယ္။

ေဘာလံုးရာသီအျပီး နားရက္ ႏွစ္ပတ္ရထားတဲ့ လီဗာပူးအသင္းသားေတြဟာ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲ ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ ကေလာ့ပ္နဲ႔ အသင္းသားေတြက မဲဝုဒ္ကိုပဲ ျပန္လာျပီး ေလ့က်င့္ေရး ျပန္ဆင္းမွာျဖစ္သလို ရာသီၾကိဳ ျပင္ဆင္မႈကိုလည္း မဲဝုဒ္မွာပဲ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

လက္ရွိ ခ်န္ပီယံဆုကို ကာကြယ္ဖို႔အတြက္နဲ႔ အၾကိမ္ ၂၀ ေျမာက္ အမွတ္ေပးဖလားအတြက္ ၾကိဳးစားရမယ့္ လီဗာပူးဟာ ဒီေႏြမွာ မဲဝုဒ္ေလ့က်င့္ေရးကြင္းကို စြန္႔ခြာျပီး ကရာဘီ ေလ့က်င့္ေရးကြင္းသစ္ထံ ေျပာင္းဖို႔ ၾကိဳတင္ စီစဥ္ထားခဲ့တာပါ။ လက္ရွိ အေနအထားအရ ဘယ္အခ်ိန္မွာ ကြင္းသစ္ကို ေျပာင္းဖို႔ စီစဥ္မလဲ မေျပာႏုိင္ေသးပါဘူး။

ကရာဘီဟာ လက္ရွိ မဲဝုဒ္ထက္ ပိုမို ၾကီးမားသလို အကယ္ဒမီ အသင္းေတြနဲ႔ စီနီယာအသင္းေတြကို တစ္ေနရာတည္း စီမံႏုိင္မွာပါ။ ဒါေပမယ့္လို႔ ကိုဗစ္ ကာကြယ္ေရးအတြက္ တစ္လမ္းဝင္စနစ္ေတြ၊ ယာယီ အဝတ္လဲခန္းေတြ ထည့္တြင္းမႈေတြအျပင္ မဲဝုဒ္ကြင္းမွာ ယာယီ ရြက္ဖ်င္တဲ တည္ေဆာက္မႈေတြက အကုန္လံုး အဆင္ေျပေနျခင္းေၾကာင့္လည္း ကရာဘီကိစၥကို အလ်င္မလိုျခင္း ျဖစ္ပါတယ္။

စီနီယာအသင္းကို အေစာတလ်င္ မေျပာင္းေရႊ႔ျခင္းေၾကာင့္ ကရာဘီမွာ လက္ရွိ လုပ္ေဆာင္ေနတဲ့ အႏုစိတ္ သရုပ္ေဖာ္ေတြပိုင္းေတြကို အခ်ိန္ယူ တည္ေဆာက္သြားဖို႔ အခ်ိန္ရသြားမွာ ျဖစ္ပါတယ္။