Month

March 2021

ပွဲစဉ်တွေအပေါ် ကလော့ပ်နဲ့ ဂွာဒီယိုလာရဲ့ မတူညီတဲ့ ချဉ်းကပ်မှုကို ဂွမ်ဒိုဂန် ထုတ်ပြော

ဂျာမာန်ကွင်းလယ်လူ ဂွမ်ဒိုဂန်က လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ အသင်းသားတွေထံကနေ အကောင်းဆုံးတွေ ထွက်ပေါ်လာဖို့ရာ လုံ့ဆော်နိုင်စွမ်း ရှိသူဖြစ်ကြောင်း ထုတ်ပြောခဲ့တယ်။ ကလော့ပ်နဲ့ ဂွမ်ဒိုဂန်တို့ဟာ ဒေါ့မွန်မှာ အတူလက်တွဲခဲ့ကြပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လို့ လက်ရှိမှာတော့ သူတို့ နှစ်ဦးဟာ မတူညီတဲ့ ကလပ်တွေမှာ ရှိနေကြပြီး ဂွမ်ဒိုဂန်က နည်းပြဟောင်းအပေါ် လေးစားရင်းစွဲ ရှိနေဆဲဖြစ်ကာ လက်ရှိ သူ့ရဲ့ မန်နေဂျာဖြစ်တဲ့ ဂွာဒီယိုလာနဲ့ ကလော့ပ်ကြား နှိုင်းယှဉ်မှုလည်း လုပ်ခဲ့ပါသေးတယ်။ ဂွမ်ဒိုဂန်က ” နှစ်ဦးလုံးက ထူးချွန်သလို… Continue Reading →

လီဗာပူး ကွင်းလယ်လူကို သူ့ရဲ့ စံပြအဖြစ် သက်မှတ် သင်ယူပါတယ်ဆိုတဲ့ စပါး ကြယ်ပွင့် အိုလီစကစ်

စပါးကွင်းလယ်လူ အိုလီစကစ်က လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ထံကနေ ကွင်းအတွင်း ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းတွေကို သင်ယူပါတယ်လို့ ထုတ်ဖော် ဝန်ခံပါတယ်။ စကစ်က ဟန်ဒါဆန်နဲ့ ရိုက်တို့ နှစ်ဦးကို စံနမူနာယူခြင်းက အနာဂတ်မှာ အင်္ဂလန်ကွင်းလယ်လူ တစ်ဦးအဖြစ် သူရဲ့တိုးတက်မှုတွေအတွက် အကူအညီဖြစ်မယ်လို့ မျှော်လင့်နေတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ဒီရာသီ ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ နော့ဝစ်အသင်းအတွက် အဓိက ကစားသမားတစ်ဦးနေရာက ပါဝင်ပေးနေသူဖြစ်ပါတယ်။ စပါးကနေ အငှားထွက်ကစားနေတဲ့ စကစ်က လာမယ့်ရာသီမှာ မိခင်ကလပ်ကို ပြန်လာဖွယ်ရှိတယ်။ သူ့အတွက် စိန်ခေါ်မှုကတော့… Continue Reading →

ကွင်းလယ်အတွက် လီဗာပူး စောင့်ကြည့်နေတာက ရမ်းဆေး မဟုတ်ကြောင်း Romano ထုတ်ဖော်

နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက်ဖြစ်သူ Fabrizio Romano က လီဗာပူးအသင်းရဲ့ ကွင်းလယ်အတွက် စောင့်ကြည့်မှုဟာ ရမ်ဆေးလို ဒဏ်ရာပြဿနာ မှတ်တမ်းဟောင်းတွေရှိသူ မဟုတ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။ Fabrizio Romano က လီဗာပူးဘက်က ကင်းထောက်နေသူမျိုးက ငယ်ရွယ်ပြီး တိုးတက်လာမယ့် အလားအလာတွေ ရှိနေသေးတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့် သြဂုတ်လမှာ အသက် ၂၄ နှစ်ပြည့်မယ့် ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်လို ကစားသမားမျိုးက လီဗာပူးရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေပါတယ်။ Fabrizio Romano… Continue Reading →

လီဗာပူးကို ပြောင်းဖြစ်မယ် မဆိုလိုပေမယ့် အမ်ဘတ်ပီက လီဗာပူးကို အမှန်တကယ် နှစ်သက်နေတယ်

ကမ္ဘာဖလားချန်ပီယံ အမ်ဘတ်ပီက ပီအက်စ်ဂျီကနေ ထွက်ခွာမယ်ဆိုရင် ပရီးမီးယားလိဂ်ကို ပြောင်းလိုစိတ်ရှိပြီး လီဗာပူးကိုလည်း နှစ်သက်မှုရှိတယ်လို့ အားကစားသတင်းထောက် Duncan Castles က ဆိုပါတယ်။ အမ်ဘတ်ပီဟာ ဒီရာသီကုန်ရင် ပြင်သစ်ကလပ်နဲ့ စာချုပ် တစ်နှစ်ပဲ ကျန်တော့မှာပါ။ စာချုပ်သစ် ချုပ်ဆိုဖို့ကို သဘောတူခြင်း မရှိတာကြောင့် ဒီနွေမှာ အမ်ဘတ်ပီကို မရောင်းထုတ်ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ရနိုင်တဲ့ အခြေအနေကို ပီအက်စ်ဂျီတို့ ရင်ဆိုင်နေရတယ်။ ယူရို သန်း ၁၈၀ လောက် အကုန်အကျခံပြီး ခေါ်ယူထားရတဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး တစ်ပြားမှ… Continue Reading →

ကော်တင်ညိုကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်လိုနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းက ၎င်းတို့အသင်း သမိုင်းမှာ အဆိုးရွားဆုံးသော အပြောင်းအရွှေ့ ကိစ္စအဖြစ် နာမည်ကြီးတဲ့ ကော်တင်ညိုကို ဒီနွေမှာ ရောင်းထုတ်ဖို့ ကြိုးစားသွားမယ်လို့ စပိန်သတင်းတေါက ဖော်ပြမှုအရ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ လီဗာပူးအသင်းထံကနေ ကမ္ဘာတတိယမြောက် ဈေးအကြီးဆုံး ခေါ်ယူမှုဖြင့် ဘာစီလိုနာက ကော်တင်ညိုကို လက်မှတ်ထိုးခဲ့တာပါ။ ၂၀၂၀ ခုနှစ်ထိ မည်သည့် လီဗာပူးကစားသမားကိုမှ မခေါ်ယူပါဘူးဆိုတဲ့ သဘောတူညီချက် အပါအဝင် ဘာစီလိုနာဟာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်း ထပ်တိုး ပေါင် ၃၆… Continue Reading →

ဒန်နီအင့်နဲ့ အယ်ဘာတိုအတွက် လီဗာပူးရမယ့် ပေါင် ၂၃ သန်းကို အဆုံးအဖြတ်ပေးမယ့် နွေဈေးကွက်

မတ်လ နိုင်ငံတကာ သီတင်းပတ်အတွင်း နောက်ဆုံးသိလာတဲ့ လီဗာပူးသတင်းတွေမှာတော့ ဒီနွေဟာ ကလပ်အတွက် အရေးကြီးတဲ့ sell-on clause တွေ အသက်ဝင်ဖို့ အရေးပါတဲ့ ကာလအပိုင်းအခြားကို ရောက်နေတယ်လို့ သိရပါတယ်။ အရေးကြီးတဲ့ စာချုပ်နှစ်ခုကတော့ ဆောက်သမ်တန် တိုက်စစ်သမား ဒန်နီအင့်နဲ့ လာဇီယို ကွင်းလယ်တိုက်စစ်သမား လူးဝစ် အယ်ဘာတိုတို့ ဖြစ်ပါတယ်။ နှစ်ဦးလုံးက အသက် ၂၈ နှစ်အရွယ်တွေ ရောက်နေကြပြီဖြစ်ကာ အင့်ရဲ့ စာချုပ်က ၂၀၂၂ ခုနှစ်မှာ ကုန်မှာဖြစ်ပြီး အယ်ဘာတိုရဲ့ စာချုပ်ကတော့ ၂၀၂၅ ခုနှစ်ထိ… Continue Reading →

ဟာလန်းနဲ့ အမ်ဘတ်ပီထဲက သူ့အတွက် ပိုကောင်းတဲ့ နံပါတ် ၉ တိုက်စစ်မှူးကို ဆွာရက်စ် ရွေးထုတ်

လီဗာပူးအသင်း တိုက်စစ်သမားဟောင်း ဥရုဂွေးက နံပါတ် ၉ တိုက်စစ်နေရာအတွက် အထူးချွန်ဆုံး လူငယ်နှစ်ဦးနဲ့ ပက်သက်လို့ မှတ်ချက်စကား ပြောဆိုလာပါတယ်။ လီဗာပူးဖြင့် ထွန်းတောက်လာခဲ့သလို ဘာစီလိုနာမှာ ကမ္ဘာအကောင်းဆုံး နံပါတ် ၉ အဖြစ် အောင်မြင်ခဲ့တဲ့ ဆွာရက်စ်က လူငယ် တိုက်စစ်သမား နှစ်ဦးဖြစ်တဲ့ ဟာလန်း၊ အမ်ဘတ်ပီတို့နဲ့ ပက်သက်ပြီး သူ့အမြင်ကို ထုတ်ပြောလာတာပါ။ လူငယ် နှစ်ဦးဟာ ဥရောပကလပ်တွေရဲ့ သည်းခြေကြိုက် ကစားသမားတွေ ဖြစ်လာနေကာ ရီးရဲလ်၊ ဘာကာ၊ မန်စီးတီး၊ လီဗာပူး အစရှိတဲ့ ထိပ်သီးအသင်းတွေက… Continue Reading →

ဗန်ဒိုက် ဘောလုံးပြန်ကစားနိုင်ဖို့ ၈ ပတ်ပဲ လိုတော့တာကြောင့် ခေါင်းခဲနေရတဲ့ လီဗာပူး

ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ခံစစ်မှူး ဗန်ဒိုက်ဟာ ဘောလုံး ပြန်ကစားဖို့ နီးစပ်နေပြီဖြစ်ကာ သူ့ရဲ့ ပြန်လည် လေ့ကျင့်ရေး သက်မှတ်ကာလကို ပြည့်ဖို့ ၈ ပတ်ပဲ လိုတော့တယ်လို့ သိရပါတယ်။ မန်နေဂျာကလော့ပ်က ဗန်ဒိုက်ရဲ့ အခြေအနေကို စိတ်ရှည်စွာ စောင့်ကြည့်ဖို့ ဖိအားရှိနေပေမယ့် ဒီနွေမှာ ယူရို ပြိုင်ပွဲရှိနေတာက ပြဿနာတစ်ရပ် ဖြစ်လာခဲ့တယ်။ သူ့လို ကစားသမားကို ယူရိုပြိုင်ပွဲမှာ ထုတ်မသုံးဘူးဆိုရင် နယ်သာလန်အသင်းက ဖိအားတွေ ဝင်လာမှာဖြစ်သလို လီဗာပူးအတွက်လည်း ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ရာသီ နောက်ပိုင်းပွဲတွေမှာ လီဗာပူးက… Continue Reading →

Goal ရဲ့ NXGN 2021 အကောင်းဆုံး လူငယ် ၅၀ ထဲမှာ ပါဝင်သွားတဲ့ အီးလီးယော့

နာမည်ကျော် Goal သတင်းဌာနက ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး ဆယ်ကျော်သက် ၅၀ စာရင်းကို ထုတ်ပြန်သွားခဲ့ပြီဖြစ်ကာ လီဗာပူးကြယ်ပွင့် အီးလီးယော့လည်း ပါဝင်လာပါတယ်။ နှစ်တိုင်း ထုတ်ပြန်လေ့ရှိတဲ့ Goal ရဲ့ NXGN စာရင်းမှာ ပါဝင်တဲ့ လူငယ်တွေဟာ အနာဂတ်မှာ ထွန်းတောက်တဲ့ ကစားသမားတွေ ဖြစ်လာလေ့ရှိပါတယ်။ အထူးသဖြင့် ဒီစာရင်းထဲ ပါဝင်တဲ့ လူငယ်တွေဟာ ကလပ်တွေရဲ့ သတိထားမှုတွေကို အာရုံစိုက်ခံလာရတတ်သလို စီနီယာအဆင့်မှာ နေရာပေးခံရမှုတွေ၊ နွေအပြောင်းအရွှေ့မှာ ကမ်းလှမ်းခံရမှုတွေလည်း ရှိလာလေ့ရှိတယ်။ အသက် ၁၇ နှစ်အရွယ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!