Month

March 2021

ယာဂင်ရဲ့ ခံစစ်မှူး ၂ ဦး ပလန်က ပိုမိုသေချာလာခြင်းနဲ့ ဂရုဂျစ်ကို လီဗာပူးထံ ပြန်ပို့မယ့် ပေါ်တို

၂၀၁၆ မှာ လီဗာပူးကို စတင်ရောက်ရှိလာခဲ့ပြီ အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂရုဂျစ်ဟာ ပေါ်တိုမှာတော့ အောင်မြင်တဲ့ အနေအထားကို မပိုင်ဆိုင်ဘဲ ဒီရာသီအကုန်မှာ လီဗာပူးကို ပြန်ပို့ခံရမယ်လို့ သိရပါတယ်။ ဘောလုံးရာသီ ၅ ခုအတွင်း လေးသင်းမြောက်ကို အငှားချခံခဲ့ရတဲ့ ဂရုဂျစ်ဟာ လီဗာပူးရဲ့ အနာဂတ် အစီအစဉ်တွေမှာ ပါဝင်ဖွယ် မရှိတော့ဘူးလို့ ယူဆခံရသူပါ။ သူ့အတွက် ကမ်းလှမ်းမှုတွေ မရခြင်းကြောင့် ယာယီ အငှားချမှုတွေ လုပ်နေခဲ့ရပြီး ဒီရာသီ ပေါ်တိုမှာတော့ ပွဲကစားခွင့်လည်း သိပ်မရလာခဲ့ပါဘူး။ သူကစားခွင့်ရထားတဲ့… Continue Reading →

ပေါ်တူဂီကို ကယ်တင်ခဲ့ပေမယ့် နာမည်ကောင်းမရတဲ့ လီဗာပူးတိုက်စစ်မှူး ဂျိုတာ

ဒီယေဂို ဂျိုတာဟာ စနေနေ့တုန်းက ယှဉ်ပြိုင်ကစားတဲ့ ပေါ်တူဂီ ၂-၂ ဆားဘီးယားပွဲမှာ ပေါ်တူဂီအသင်းရရှိတဲ့ သွင်းဂိုး ၂ ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။ ဂျိုတာရဲ့ ခေါင်းတိုက်ဂိုး နှစ်ဂိုးလုံးက ကမ္ဘာဖလားခြေစစ်ပွဲဝင် ပေါ်တူဂီအတွက် ဦးဆောင်ဂိုးတွေဖြစ်စေခဲ့ပေမယ့် ဆားဘီးယားဘက်ကလည်း ခြေပဂိုးတွေ ပြန်လည် သွင်းယူသွားခဲ့တယ်။ နောက်ဆုံးကစားထားတဲ့ လက်ရွေးစင်ပွဲ ၉ ပွဲမှာ ၅ ဂိုးထိ သွင်းယူထားတဲ့ ဂျိုတာဟာ ပွဲချိန် ၈၅ မိနစ်မှာတော့ လူစားလဲခံခဲ့ရပါတယ်။ သွင်းဂိုး နှစ်ဂိုးကို ထူးထူးချွန်ချွန်သွင်းယူပြီး ကမ္ဘာဖလားခြေစစ်ပွဲမှာ အုပ်စုတွင်း ဒုတိယနေရာမှာ… Continue Reading →

လာမယ့်ရာသီ လီဗာပူးအသင်း ဝတ်ဆင်ကစားမယ့် အိမ်ကွင်းဂျာစီ ဒီဇိုင်း ထွက်ပေါ်လာ

လာမယ့်ရာသီအတွက် လီဗာပူးအသင်းရဲ့ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယဂျာစီတို့ရဲ့ ပုံရိပ်တွေက ပေါက်ကြာလာခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ဂျာစီဒီဇိုင်းတွေဟာ တရားဝင် မဟုတ်သေးပေမယ့်လည်း ယခင်နှစ်တွေတုန်းကလိုပဲ အကြိုဒီဇိုင်း ပေါက်ကြားမှုတွေ ရှိလာခဲ့တာပါ။ အိမ်ကွင်းဂျာစီ အနီ၊ မီးခိုးရောင်ပုံစံ အဝေးကွင်းဂျာစီနဲ့ အဝါရောင် တတိယဂျာစီတို့ ဖြစ်မယ်လို့ သတင်းကြီးလာနေတယ်။ လီဗာပူးဝတ်ဆင်မယ့် အိမ်ကွင်းဂျာစီ အနီရောင်က ‘gym red’ ကာလာလို့ သိရတယ်။ ရင်ဘတ်မှာ အပန်းရောင်လိုင်းကို ခပ်စောင်းစောင်းပုံစံ ပါဝင်သလို အနက်ရောင် ပုခုံးလိုင်းသားလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီ ဒီဇိုင်းက… Continue Reading →

အေစီမီလန်နဲ့ ဂျုူဗင်တပ်ကိုကျော်ပြီး လီဗာပူးက ဒိုရယ် မာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာ

လီဗာပူးအသင်းဟာ ပီအက်စ်ဗီတိုက်စစ်သမား ဒိုရယ် မာလန်းကို ခေါ်ယူနိုင်ရေးမှာ အေစီမီလန်နဲ့ ဂျူဗင်တပ်တို့ကို အသာစီးရထားပါကြောင်း ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။ ပီအက်စ်ဗီဘက်က ၎င်းတို့ရဲ့ နယ်သာလန်တိုက်စစ်သမားကို ဒီနွေမှာ ပေါင် သန်း ၃၀ ဖြင့် ရောင်းထုတ်မယ်လို့ သတင်းကြီးနေတယ်။ မာလန်းကတော့ နယ်သာလန်သား အသင်းဖော်တွေဖြစ်တဲ့ ဝိုက်နယ်ဒမ်နဲ့ ဗန်ဒိုက်ရှိရာ လီဗာပူးကို ပြောင်းဖို့ကို စိတ်ဝင်စားမှုရှိတယ်လို့လည်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ မာလန်းဟာ နယ်သာလန်လိဂ်ရဲ့ အဆုံးသတ်ကောင်းသူအဖြစ် ဒီဘက်နှစ်တွေမှာ နာမည်ရလာပါတယ်။ သူဟာ ၂၀၁၇… Continue Reading →

ယာဂင်ကလော့ပ်ရဲ့ အိပ်မက် ကွင်းလယ်အတွဲကို လီဗာပူးအသင်းမှာ မြင်နေရပါပြီဆိုတဲ့ အီရန်ရိုက်

ဘောလုံးသုံးသပ်မှု အစီအစဉ်မှာတော့ ပရီးမီးယားလိဂ်ကစားသမားဟောင်း အီရန်ရိုက်က လီဗာပူးကွင်းလယ်မှာ ယာဂင်ကလော့ပ် အိပ်မက်မက်ခဲ့ရတဲ့ အတွဲကို တွေ့နေရပါပြီလို့ ထုတ်ပြောလာပါတယ်။ သူပြောတဲ့ ကွင်းလယ်အတွဲက ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို ဆိုလိုတာဖြစ်တယ်။ ဒီရာသီမှာ ဖာဘင်ညိုကို ခံစစ်မှာသုံးနေတာအတွက် ကလော့ပ်အပေါ် ဝေဖန်မှုတွေ များနေသလို သီယာဂိုရဲ့ နံပါတ် ၆ နေရာမှာ ရုန်းကန်နေရမှုအပေါ်မှာလည်း အားမရမှုတွေ အများကြီး ရှိထားခဲ့တာပါ။ ဖာဘင်ညိုဟာ ကမ္ဘာအကောင်းဆုံး ကွင်းလယ်ခံစစ်တွေထဲက တစ်ဦးအဖြစ် သက်မှတ်ခံရသူဖြစ်ကာ သူ့နဲ့တွဲဘက်ပြီး သီယာဂိုက နံပါတ် ၈ နေရာကနေ ပိုမို… Continue Reading →

လီဗာပူးမှာ ေ-ာက်ရမ်းကောင်းလာမယ့် ကစားသမားကို ထုတ်ဖော် ချီးကျူးတဲ့ ဒေါင်းနင်း

လီဗာပူးအသင်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းကို အငှားချထားတဲ့ ဟာဗေး အီးလီးယော့ဟာ ပရီးမီးယားလိဂ်ကစားသမားအဖြစ် ထွန်းတောက်လာပါလိမ့်မယ်လို့ အင်္ဂလန်တောင်ပံသမားဟောင်း ဒေါင်းနင်းက ထုတ်ပြောလာပါတယ်။ ဒီရာသီမှာ ကိုယ်တိုင် ၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားနိုင်တဲ့ အီးလီးယော့ဟာ ၂၀၁၉ ကမှ လီဗာပူးကို ပြောင်းလာခဲ့သူပါ။ သူဟာ မာဆေးဆိုဒ်ကလပ်ရဲ့ မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိခြင်း ခံရသူဖြစ်ကာ လာမယ့်ရာသီမှာ စီနီယာအသင်းအတွက် ကြိုးစားပြခွင့် ရလာမယ်လို့ ယုံကြည်ရတယ်။ ဒေါင်းနင်းက ” ကျနော် မြင်နေတဲ့အတိုင်းဆိုရင် သူက… Continue Reading →

တိုရီနို ခံစစ်မှူးအတွက် လီဗာပူးရဲ့ ယူရို သန်း ၂၀ တန် ကမ်းလှမ်းမှု မအောင်မြင်

၂၀၂၀ ဇွန်လမှာ စတင်ပြီး စီးရီးအေ ပွဲကစားခွင့် စတင်ကာ ရရှိလာခဲ့တဲ့ စွယ်စုံရ ခံစစ်မှူး ဆိုင်ဂိုကို လီဗာပူးက ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ အသက် ၂၀ အရွယ် ခံစစ်သမားက ဒီရာသီမှာ ပွဲပေါင်း ၂၃ ပွဲ ကစားထားကာ အဆိုပါထဲက ၁၇ ပွဲဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့် ရခဲ့ခြင်းပဲ ဖြစ်ပါတယ်။ စီးရီးအေကလပ် တိုရီနိုရဲ့ တောက်ပတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် စောင့်ကြည့်ခံနေရတဲ့ ခံစစ်မှူးဟာ နေရာစုံ ကစားနိုင်စွမ်းလည်း ရှိသူဖြစ်တယ်။… Continue Reading →

ပရီးမီးယားလိဂ် ရာသီသစ်အတွက် စတင်မယ့်ရက်ကို တရားဝင် ကြေညာ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ကို စတင်မယ့် ရက်စွဲအား အတည်ပြု ကြေညာမှုတွေ လုပ်လာခဲ့ပြီဖြစ်ကာ ကလပ်တွေကလည်း လက်ခံခဲ့ပြီဖြစ်ပါတယ်။ ဒီနွေမှာ ယူရိုပြိုင်ပွဲ ကစားရဖို့ ရှိနေတာကြောင့် ရာသီသစ် စတင်ရက်ကို နောက်ဆုတ်ပေးဖို့ ကလပ်တွေက တောင်းဆိုထားခဲ့တာပါ။ လိဂ်ဘုတ်အဖွဲ့က ပြိုင်ပွဲ စတင်ရက်ကို နောက်ဆုတ်ပေးခဲ့ပြီး လာမယ့် သြဂုတ်လ ၁၄-၁၅ ရက်မှာ စတင်ကာ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်မှာ ရာသီကုန် နောက်ဆုံးပွဲကို ကစားမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဘောလုံးရာသီက… Continue Reading →

လီဗာပူးနဲ့ ချန်ပီယံလိဂ် ကွာတားပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ နှစ်ဦး ဒဏ်ရာရရှိ

စပိန်သတင်းဌာန Marca က လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား နှစ်ဦး ဒဏ်ရာရခဲ့တာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဖော်ပြလာပါတယ်။ ကွင်းလယ်လူ ဗယ်ဗာဒီဟာ အင်္ဂါနေ့တည်းက ကြွက်သား ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအတွက် လေ့ကျင့်ရေး လုပ်နိုင်ခြင်း မရှိတော့တာဖြစ်တယ်။ သူ့ရဲ့ ဒဏ်ရာဟာ နောက်ထပ် ၂ ပတ်လောက်ထိ အနားယူရဖွယ်ရှိကာ လီဗာပူးနဲ့ပွဲကို လွဲချော်သွားဖို့ ရာနှုန်းများနေပါတယ်။ မတ်လ နိုင်ငံတကာ သီတင်းပတ်အတွက် ဂျာမနီအသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့တဲ့ တိုနီ ခရုစ်ကလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!