၂၀၂၀ ဇွန်လမှာ စတင်ပြီး စီးရီးအေ ပွဲကစားခွင့် စတင်ကာ ရရှိလာခဲ့တဲ့ စွယ်စုံရ ခံစစ်မှူး ဆိုင်ဂိုကို လီဗာပူးက ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

အသက် ၂၀ အရွယ် ခံစစ်သမားက ဒီရာသီမှာ ပွဲပေါင်း ၂၃ ပွဲ ကစားထားကာ အဆိုပါထဲက ၁၇ ပွဲဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့် ရခဲ့ခြင်းပဲ ဖြစ်ပါတယ်။ စီးရီးအေကလပ် တိုရီနိုရဲ့ တောက်ပတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် စောင့်ကြည့်ခံနေရတဲ့ ခံစစ်မှူးဟာ နေရာစုံ ကစားနိုင်စွမ်းလည်း ရှိသူဖြစ်တယ်။

ညာအစွန်-တောင်ပံ သမားအဖြစ်လည်း ကစားနိုင်စွမ်းရှိတဲ့ ဆိုင်ဂိုဟာ ညာအစွန်၊ ဗဟိုခံစစ် နှစ်နေရာနဲ့တကွ ကွင်းလယ်နေရာတွေမှာလည်း ကစားနိုင်သူဖြစ်တယ်။ တူရင် အခြေစိုက် သတင်းတွေက ဖော်ပြရာမှာ လီဗာပူးဘက်က ကမ်းလှမ်းမှုဟာ တိုရီနိုရဲ့ တောင်းဆိုမှုနဲ့ ကိုက်ညီခြင်း မရှိခဲ့တာကြောင့် ပယ်ချခံရတယ်လို့ ဖြစ်တယ်။

၎င်းသတင်းစာကပဲ ပရီးမီးယားလိဂ် ချန်ပီယံတွေက ဆိုင်ဂိုအတွက် ယူရို သန်း ၂၀ ကမ်းလျမ်းခဲ့ပြီး တိုရီနိုက အနည်းဆုံး ယူရို သန်း ၃၀ ကမ်းလှမ်းမှ လက်ခံမယ်ဆိုပြီး ပယ်ချခဲ့တာလို့ ဆိုပါတယ်။ တိုရီနိုဟာ စီးရီးအေမှာ တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွဲနေတာဖြစ်လို့ ၎င်းတို့အသင်း တန်းဆင်းခဲ့ရင်တော့ ဆိုင်ဂိုရဲ့ တန်ကြေးက ကျဆင်းနိုင်ပါတယ်။

ကစားသမားကို ခေါ်ယူဖို့ အခွင့်အရေးကို အေစီမီလန်ကလည်း စောင့်ကြည့်နေပြီး လီဗာပူးဘက်က ပြန်လည် ကမ်းလှမ်းမှု လုပ်လာမလားတော့ မသိရသေးပါဘူး။

လီဗာပူးဘက်က အိုင်ဗရီကိုစ့် ကစားသမားကို ကမ်းလှမ်းရခြင်းက ထရန့်နေရာကို အင်အားဖြည့်ဖို့ ကြံ့ရွယ်ခြင်းလို့ နားလည်ရတယ်။ လက်တလောမှာ ဝေလ်းကစားသမား နီကိုးလည်း ရှိနေသော်လည်း နီကိုးဟာ ဖိအားတွေ အများကြီးရှိနေတဲ့ အနေအထားဖြစ်ပါတယ်။

ဇန်နဝါရီတုန်းက ဆောက်သမ်တန်ဟာ နီကိုးအား အငှားခေါ်ယူခွင့်ကို ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးဘက်က ငြင်းဆန်ခဲ့တယ်။ အနာဂတ်မှာ ညာအစွန်လူတစ်ဦး ရခဲ့မယ်ဆိုရင် လီဗာပူးဘက်က နီကိုးအား ရောင်းထုတ်သွားနိုင်ခြေ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀ ဇြန္လမွာ စတင္ျပီး စီးရီးေအ ပြဲကစားခြင့္ စတင္ကာ ရရွိလာခဲ့တဲ့ စြယ္စံုရ ခံစစ္မွဴး ဆိုင္ဂိုကို လီဗာပူးက ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။

အသက္ ၂၀ အရြယ္ ခံစစ္သမားက ဒီရာသီမွာ ပြဲေပါင္း ၂၃ ပြဲ ကစားထားကာ အဆိုပါထဲက ၁၇ ပြဲဟာ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ ရခဲ့ျခင္းပဲ ျဖစ္ပါတယ္။ စီးရီးေအကလပ္ တိုရီႏိုရဲ႕ ေတာက္ပတဲ့ လူငယ္ကစားသမားတစ္ဦးအျဖစ္ ေစာင့္ၾကည့္ခံေနရတဲ့ ခံစစ္မွဴးဟာ ေနရာစံု ကစားႏုိင္စြမ္းလည္း ရွိသူျဖစ္တယ္။

ညာအစြန္-ေတာင္ပံ သမားအျဖစ္လည္း ကစားႏုိင္စြမ္းရွိတဲ့ ဆိုင္ဂိုဟာ ညာအစြန္၊ ဗဟိုခံစစ္ ႏွစ္ေနရာနဲ႔တကြ ကြင္းလယ္ေနရာေတြမွာလည္း ကစားႏုိင္သူျဖစ္တယ္။ တူရင္ အေျခစိုက္ သတင္းေတြက ေဖာ္ျပရာမွာ လီဗာပူးဘက္က ကမ္းလွမ္းမႈဟာ တိုရီႏိုရဲ႕ ေတာင္းဆိုမႈနဲ႔ ကိုက္ညီျခင္း မရွိခဲ့တာေၾကာင့္ ပယ္ခ်ခံရတယ္လို႔ ျဖစ္တယ္။

၄င္းသတင္းစာကပဲ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြက ဆိုင္ဂိုအတြက္ ယူရို သန္း ၂၀ ကမ္းလ်မ္းခဲ့ျပီး တုိရီႏိုက အနည္းဆံုး ယူရို သန္း ၃၀ ကမ္းလွမ္းမွ လက္ခံမယ္ဆိုျပီး ပယ္ခ်ခဲ့တာလို႔ ဆိုပါတယ္။ တိုရီႏိုဟာ စီးရီးေအမွာ တန္းဆင္းဇုန္တိုက္ပြဲ ဆင္ႏြဲေနတာျဖစ္လို႔ ၄င္းတို႔အသင္း တန္းဆင္းခဲ့ရင္ေတာ့ ဆုိင္ဂိုရဲ႕ တန္ေၾကးက က်ဆင္းႏုိင္ပါတယ္။

ကစားသမားကုိ ေခၚယူဖို႔ အခြင့္အေရးကို ေအစီမီလန္ကလည္း ေစာင့္ၾကည့္ေနျပီး လီဗာပူးဘက္က ျပန္လည္ ကမ္းလွမ္းမႈ လုပ္လာမလားေတာ့ မသိရေသးပါဘူး။

လီဗာပူးဘက္က အိုင္ဗရီကိုစ့္ ကစားသမားကို ကမ္းလွမ္းရျခင္းက ထရန္႔ေနရာကို အင္အားျဖည့္ဖို႔ ၾကံ႕ရြယ္ျခင္းလို႔ နားလည္ရတယ္။ လက္တေလာမွာ ေဝလ္းကစားသမား နီကိုးလည္း ရွိေနေသာ္လည္း နီကိုးဟာ ဖိအားေတြ အမ်ားၾကီးရွိေနတဲ့ အေနအထားျဖစ္ပါတယ္။

ဇန္နဝါရီတုန္းက ေဆာက္သမ္တန္ဟာ နီကိုးအား အငွားေခၚယူခြင့္ကို ကမ္းလွမ္းခဲ့ေပမယ့္ လီဗာပူးဘက္က ျငင္းဆန္ခဲ့တယ္။ အနာဂတ္မွာ ညာအစြန္လူတစ္ဦး ရခဲ့မယ္ဆိုရင္ လီဗာပူးဘက္က နီကိုးအား ေရာင္းထုတ္သြားႏုိင္ေျခ ရွိေနတာျဖစ္ပါတယ္။