၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ကို စတင်မယ့် ရက်စွဲအား အတည်ပြု ကြေညာမှုတွေ လုပ်လာခဲ့ပြီဖြစ်ကာ ကလပ်တွေကလည်း လက်ခံခဲ့ပြီဖြစ်ပါတယ်။

ဒီနွေမှာ ယူရိုပြိုင်ပွဲ ကစားရဖို့ ရှိနေတာကြောင့် ရာသီသစ် စတင်ရက်ကို နောက်ဆုတ်ပေးဖို့ ကလပ်တွေက တောင်းဆိုထားခဲ့တာပါ။ လိဂ်ဘုတ်အဖွဲ့က ပြိုင်ပွဲ စတင်ရက်ကို နောက်ဆုတ်ပေးခဲ့ပြီး လာမယ့် သြဂုတ်လ ၁၄-၁၅ ရက်မှာ စတင်ကာ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်မှာ ရာသီကုန် နောက်ဆုံးပွဲကို ကစားမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘောလုံးရာသီက မေလ ၂၃ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး ယူရိုပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဂျူလိုင်လ ၁၁ ရက်နေ့ထိ ယှဉ်ပြိုင်မှာပါ။ မူလတုန်းက သြဂုတ်လ ၇ ရက်နေ့မှာ လိဂ်ကို ပြန်စတင်မယ်လို့ သက်မှတ်ထားပေမယ့် အခုချိန်မှာတော့ ယူရိုအပြီး တစ်လထိ အနားပေးသွားမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲထိ ရောက်သွားမယ့် လက်ရွေးစင်အသင်းတွေရဲ့ အသင်းသားတွေကတော့ နားရက် ပိုနည်းနိုင်ပါတယ်။ လီဗာပူးဘက်ကတော့ ရာသီသစ်အတွက် အတည်ပြုရက် ထွက်ပေါ်လာတဲ့နောက် ရာသီကြိုအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်လာနေပြီဖြစ်ပါတယ်။

ရာသီကြိုကို ကလပ်ဘက်က ဥရောပတိုက်ထဲမှာပဲ လေ့ကျင့်မှာဖြစ်ကာ ချစ်ကြည်ရေးပွဲတွေ ကစားသွားမှာပါ။ အမေရိကန်နဲ့ တရုတ်တို့ကို သွားပြီး ICC ပွဲတွေ ကစားမှာ မဟုတ်ဘူး။ အကယ်လို့ ပရိသတ်ဝင်ခွင့်ရရင် အန်ဖီးကွင်းမှာတောင်မှ ချစ်ကြည်ရေးပွဲ ကစားသွားဖို့ ရှိပါတယ်။

အန်ဖီးမှာ ပရိသတ်တွေ ပြန်ဝင်ခွင့်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံမှုကိုလည်း ပြုလုပ်ခွင့်ရမယ့် အခြေအနေလည်းဖြစ်တယ်။ ကလပ်ဘက်က ရာသီစ်အတွက် တစ်ရာသီစစာ လက်မှတ် ရောင်းချမှုကိုလည်း စတင်ဖို့ ကြိုးစားနေပြီး လက်မှတ်နှုန်းထား တက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ZAWGYI

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ကို စတင္မယ့္ ရက္စြဲအား အတည္ျပဳ ေၾကညာမႈေတြ လုပ္လာခဲ့ျပီျဖစ္ကာ ကလပ္ေတြကလည္း လက္ခံခဲ့ျပီျဖစ္ပါတယ္။

ဒီေႏြမွာ ယူရိုျပိဳင္ပြဲ ကစားရဖို႔ ရွိေနတာေၾကာင့္ ရာသီသစ္ စတင္ရက္ကို ေနာက္ဆုတ္ေပးဖို႔ ကလပ္ေတြက ေတာင္းဆိုထားခဲ့တာပါ။ လိဂ္ဘုတ္အဖြဲ႔က ျပိဳင္ပြဲ စတင္ရက္ကို ေနာက္ဆုတ္ေပးခဲ့ျပီး လာမယ့္ ၾသဂုတ္လ ၁၄-၁၅ ရက္မွာ စတင္ကာ ၂၀၂၂ ခုႏွစ္ ေမလ ၂၂ ရက္မွာ ရာသီကုန္ ေနာက္ဆံုးပြဲကို ကစားမယ္လို႔ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ေဘာလံုးရာသီက ေမလ ၂၃ ရက္ေန႔မွာ ကုန္ဆံုးမွာျဖစ္ျပီး ယူရိုျပိဳင္ပြဲကို ဇြန္လ ၁၁ ရက္ကေန ဂ်ဴလိုင္လ ၁၁ ရက္ေန႔ထိ ယွဥ္ျပိဳင္မွာပါ။ မူလတုန္းက ၾသဂုတ္လ ၇ ရက္ေန႔မွာ လိဂ္ကို ျပန္စတင္မယ္လို႔ သက္မွတ္ထားေပမယ့္ အခုခ်ိန္မွာေတာ့ ယူရိုအျပီး တစ္လထိ အနားေပးသြားမွာ ျဖစ္ပါတယ္။

ဗိုလ္လုပြဲထိ ေရာက္သြားမယ့္ လက္ေရြးစင္အသင္းေတြရဲ႕ အသင္းသားေတြကေတာ့ နားရက္ ပိုနည္းႏိုင္ပါတယ္။ လီဗာပူးဘက္ကေတာ့ ရာသီသစ္အတြက္ အတည္ျပဳရက္ ထြက္ေပၚလာတဲ့ေနာက္ ရာသီၾကိဳအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ စတင္လာေနျပီျဖစ္ပါတယ္။

ရာသီၾကိဳကို ကလပ္ဘက္က ဥေရာပတိုက္ထဲမွာပဲ ေလ့က်င့္မွာျဖစ္ကာ ခ်စ္ၾကည္ေရးပြဲေတြ ကစားသြားမွာပါ။ အေမရိကန္နဲ႔ တရုတ္တို႔ကို သြားျပီး ICC ပြဲေတြ ကစားမွာ မဟုတ္ဘူး။ အကယ္လို႔ ပရိသတ္ဝင္ခြင့္ရရင္ အန္ဖီးကြင္းမွာေတာင္မွ ခ်စ္ၾကည္ေရးပြဲ ကစားသြားဖို႔ ရွိပါတယ္။

အန္ဖီးမွာ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံမႈကိုလည္း ျပဳလုပ္ခြင့္ရမယ့္ အေျခအေနလည္းျဖစ္တယ္။ ကလပ္ဘက္က ရာသီစ္အတြက္ တစ္ရာသီစစာ လက္မွတ္ ေရာင္းခ်မႈကိုလည္း စတင္ဖို႔ ၾကိဳးစားေနျပီး လက္မွတ္ႏႈန္းထား တက္မွာမဟုတ္ဘူးလို႔ သိရပါတယ္။