စပိန်သတင်းဌာန Marca က လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား နှစ်ဦး ဒဏ်ရာရခဲ့တာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဖော်ပြလာပါတယ်။

ကွင်းလယ်လူ ဗယ်ဗာဒီဟာ အင်္ဂါနေ့တည်းက ကြွက်သား ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအတွက် လေ့ကျင့်ရေး လုပ်နိုင်ခြင်း မရှိတော့တာဖြစ်တယ်။ သူ့ရဲ့ ဒဏ်ရာဟာ နောက်ထပ် ၂ ပတ်လောက်ထိ အနားယူရဖွယ်ရှိကာ လီဗာပူးနဲ့ပွဲကို လွဲချော်သွားဖို့ ရာနှုန်းများနေပါတယ်။

မတ်လ နိုင်ငံတကာ သီတင်းပတ်အတွက် ဂျာမနီအသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့တဲ့ တိုနီ ခရုစ်ကလည်း ဒဏ်ရာကြောင့် လက်ရွေးစင်ကနေ ပြန်လာခဲ့ပါပြီ။ သူ့ရဲ့ ဒဏ်ရာကလည်း ကြွက်သားဒဏ်ရာလို့ပဲ သိထားရပြီး လီဗာပူးနဲ့ပွဲ ပထမအကျော့ကို လွဲသွားဖွယ် ရှိနေပါတယ်။

နှစ်ဦးလုံးဟာ မန်နေဂျာဇီဒန်းရဲ့ အသင်းအတွက် အဓိက ကစားသမားတွေအဖြစ် အရေးပါနေသူတွေပါ။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပရယ်လ ၆ ရက်နေ့မှာ ယှဉ်ပြိုင်မှာဖြစ်ကာ ကွင်းလယ်လူတွေရဲ့ ဒဏ်ရာက ပြန်သက်သာက ရီးရဲလ်အတွက် သက်ရောက်မှု ကြီးမားဖွယ် ရှိနေပါတယ်။

လီဗာပူးဘက်မှာတော့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်၊ ဟန်ဒို၊ ဖာမင်နိုတို့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ပထမအကျော့ပွဲမှာ ဖာမင်နိုကတော့ ပြန်ပါနိုင်မယ်လို့ မျှော်လင့်ရပြီး ကျန် ကစားသမားတွေကတော့ ဒုတိယအကျော့မှာပါ ပါဝင်လာဖို့ မရှိသေးတာဖြစ်ပါတယ်။

ZAWGYI

စပိန္သတင္းဌာန Marca က လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ရဲ႕ အဓိက ကစားသမား ႏွစ္ဦး ဒဏ္ရာရခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ကို လြဲေခ်ာ္ႏုိင္တယ္လို႔ ေဖာ္ျပလာပါတယ္။

ကြင္းလယ္လူ ဗယ္ဗာဒီဟာ အဂၤါေန႔တည္းက ၾကြက္သား ဒဏ္ရာေၾကာင့္ ရီးရဲလ္မက္ဒရစ္ အသင္းအတြက္ ေလ့က်င့္ေရး လုပ္ႏုိင္ျခင္း မရွိေတာ့တာျဖစ္တယ္။ သူ႔ရဲ႕ ဒဏ္ရာဟာ ေနာက္ထပ္ ၂ ပတ္ေလာက္ထိ အနားယူရဖြယ္ရွိကာ လီဗာပူးနဲ႔ပြဲကို လြဲေခ်ာ္သြားဖို႔ ရာႏႈန္းမ်ားေနပါတယ္။

မတ္လ ႏုိင္ငံတကာ သီတင္းပတ္အတြက္ ဂ်ာမနီအသင္းနဲ႔ သြားေရာက္ ပူးေပါင္းခဲ့တဲ့ တိုနီ ခရုစ္ကလည္း ဒဏ္ရာေၾကာင့္ လက္ေရြးစင္ကေန ျပန္လာခဲ့ပါျပီ။ သူ႔ရဲ႕ ဒဏ္ရာကလည္း ၾကြက္သားဒဏ္ရာလို႔ပဲ သိထားရျပီး လီဗာပူးနဲ႔ပြဲ ပထမအေက်ာ့ကို လြဲသြားဖြယ္ ရွိေနပါတယ္။

ႏွစ္ဦးလံုးဟာ မန္ေနဂ်ာဇီဒန္းရဲ႕ အသင္းအတြက္ အဓိက ကစားသမားေတြအျဖစ္ အေရးပါေနသူေတြပါ။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ကို ဧပရယ္လ ၆ ရက္ေန႔မွာ ယွဥ္ျပိဳင္မွာျဖစ္ကာ ကြင္းလယ္လူေတြရဲ႕ ဒဏ္ရာက ျပန္သက္သာက ရီးရဲလ္အတြက္ သက္ေရာက္မႈ ၾကီးမားဖြယ္ ရွိေနပါတယ္။

လီဗာပူးဘက္မွာေတာ့ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္၊ ဟန္ဒို၊ ဖာမင္ႏိုတို႔ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ေနရတယ္။ ရီးရဲလ္မက္ဒရစ္နဲ႔ ပထမအေက်ာ့ပြဲမွာ ဖာမင္ႏိုကေတာ့ ျပန္ပါႏုိင္မယ္လို႔ ေမွ်ာ္လင့္ရျပီး က်န္ ကစားသမားေတြကေတာ့ ဒုတိယအေက်ာ့မွာပါ ပါဝင္လာဖို႔ မရွိေသးတာျဖစ္ပါတယ္။