လီဗာပူးအသင်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းကို အငှားချထားတဲ့ ဟာဗေး အီးလီးယော့ဟာ ပရီးမီးယားလိဂ်ကစားသမားအဖြစ် ထွန်းတောက်လာပါလိမ့်မယ်လို့ အင်္ဂလန်တောင်ပံသမားဟောင်း ဒေါင်းနင်းက ထုတ်ပြောလာပါတယ်။

ဒီရာသီမှာ ကိုယ်တိုင် ၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားနိုင်တဲ့ အီးလီးယော့ဟာ ၂၀၁၉ ကမှ လီဗာပူးကို ပြောင်းလာခဲ့သူပါ။ သူဟာ မာဆေးဆိုဒ်ကလပ်ရဲ့ မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိခြင်း ခံရသူဖြစ်ကာ လာမယ့်ရာသီမှာ စီနီယာအသင်းအတွက် ကြိုးစားပြခွင့် ရလာမယ်လို့ ယုံကြည်ရတယ်။

ဒေါင်းနင်းက ” ကျနော် မြင်နေတဲ့အတိုင်းဆိုရင် သူက ပရီးမီးယားလိဂ်မှာ ကစားနိုင်မယ်ဆိုတာ သေချာပါတယ်။ ဘုန်းမောက်မန်နေဂျာ ဝုဒ်ဂိတ်ကိုလည်း ကျနော် ကောင်းကောင်းသိတယ်။ သူက လီဗာပူးအားကစားဒါရိုက် မိုက်ကယ်ဒတ်ဝပ်နဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိထားပါတယ်။

ဝုဒ်ဂိတ်က ဘလက်ဘန်းကို ရောက်သွားတဲ့ ဟာဗေးနဲ့ ပက်သက်ပြီး ကျနော်ကို မေးတုန်းကဆိုရင် ‘ဟား ေ-ာက်ရမ်းကောင်းတဲ့ ငနဲပေါ့ကွာ’ လို့တောင် ပြန်ဖြေပေးခဲ့သေးတာပါ။

အဲ့တာက ပွဲနဲ့ပက်သက်လို့ သူ့ရဲ့ နားလည်နိုင်စွမ်းကြောင့်ပါ။ ဘယ်အချိန်မှာ ပေးရမယ်၊ လှိမ်ခေါက်ရမယ်၊ အတွင်းကိုဆွဲပြေးရမယ်၊ တောင်ပံကို ထွက်မယ်ဆိုတာကို နားလည်တယ်။ သိပ်ငယ်သေးတဲ့ လူငယ်အတွက်ကတော့ ထိပ်တန်း စွမ်းဆောင်ရည်ပါပဲ။

ဝုဒ်ဂိတ်က လီဗာပူးက ဟာဗေးနဲ့ ပက်သက်ပြီး အရမ်းကြီး မျှော်လင့်ထားပုံပဲလို့ ကျနော်ကို ပြောခဲ့တယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် အားလုံးထက်စာရင် ဟာဗေးကိုယ်တိုင်ကပဲ စီနီယာအဆင့်ကို ရောက်ဖို့အတွက်က သူ့ကိုယ်တိုင်နဲ့ပဲဆိုင်တယ်ဆိုတာကို နားလည်ထားပါလိမ့်မယ်။

ဘလက်ဘန်းမှာ သူလုပ်ပြနေတာကလည်း အဲ့အတွက်ပါပဲ။ ဒါပေမယ့် ကျနော်တို့က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ကို အနိုင်ရထားတဲ့ အသင်းတစ်သင်းအကြောင်းကို ပြောနေတာ ဖြစ်ပါတယ်။ ဆာလာထွက်ခွာတာ (သို့) ဒဏ်ရာရတာဆိုရင်တော့ ဟာဗေးက အခွင့်အရေး ရနိုင်ပါတယ်။ အဲ့ဆိုရင်တော့ အခြေအနေက သူ့အပေါ်ပဲ မူတည်နေမှာပါ။

သူက အရည်အချင်းရှိတယ်၊ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ ကစားမယ်ဆိုရင် အစွမ်းလည်း ပိုပြလာနိုင်မယ့်သူပါ။ ကလော့ပ်ကလည်း သူ့ကို သဘောကျပါတယ် ဒီတော့ ကောင်လေးမှာ အခွင့်အရေး ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းကို အငွားခ်ထားတဲ့ ဟာေဗး အီးလီးေယာ့ဟာ ပရီးမီးယားလိဂ္ကစားသမားအျဖစ္ ထြန္းေတာက္လာပါလိမ့္မယ္လို႔ အဂၤလန္ေတာင္ပံသမားေဟာင္း ေဒါင္းနင္းက ထုတ္ေျပာလာပါတယ္။

ဒီရာသီမွာ ကိုယ္တိုင္ ၅ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၁ ၾကိမ္ လုပ္ထားႏုိင္တဲ့ အီးလီးေယာ့ဟာ ၂၀၁၉ ကမွ လီဗာပူးကို ေျပာင္းလာခဲ့သူပါ။ သူဟာ မာေဆးဆိုဒ္ကလပ္ရဲ႕ ေမွ်ာ္လင့္ခ်က္ ျမင့္ျမင့္မားမား ထားရွိျခင္း ခံရသူျဖစ္ကာ လာမယ့္ရာသီမွာ စီနီယာအသင္းအတြက္ ၾကိဳးစားျပခြင့္ ရလာမယ္လို႔ ယံုၾကည္ရတယ္။

ေဒါင္းနင္းက ” က်ေနာ္ ျမင္ေနတဲ့အတိုင္းဆိုရင္ သူက ပရီးမီးယားလိဂ္မွာ ကစားႏုိင္မယ္ဆိုတာ ေသခ်ာပါတယ္။ ဘုန္းေမာက္မန္ေနဂ်ာ ဝုဒ္ဂိတ္ကိုလည္း က်ေနာ္ ေကာင္းေကာင္းသိတယ္။ သူက လီဗာပူးအားကစားဒါရိုက္ မိုက္ကယ္ဒတ္ဝပ္နဲ႔လည္း နီးစပ္တဲ့ ဆက္ဆံေရး ရွိထားပါတယ္။

ဝုဒ္ဂိတ္က ဘလက္ဘန္းကို ေရာက္သြားတဲ့ ဟာေဗးနဲ႔ ပက္သက္ျပီး က်ေနာ္ကို ေမးတုန္းကဆိုရင္ ‘ဟား ေ-ာက္ရမ္းေကာင္းတဲ့ ငနဲေပါ့ကြာ’ လို႔ေတာင္ ျပန္ေျဖေပးခဲ့ေသးတာပါ။

အဲ့တာက ပြဲနဲ႔ပက္သက္လို႔ သူ႔ရဲ႕ နားလည္ႏုိင္စြမ္းေၾကာင့္ပါ။ ဘယ္အခ်ိန္မွာ ေပးရမယ္၊ လွိမ္ေခါက္ရမယ္၊ အတြင္းကိုဆြဲေျပးရမယ္၊ ေတာင္ပံကို ထြက္မယ္ဆိုတာကို နားလည္တယ္။ သိပ္ငယ္ေသးတဲ့ လူငယ္အတြက္ကေတာ့ ထိပ္တန္း စြမ္းေဆာင္ရည္ပါပဲ။

ဝုဒ္ဂိတ္က လီဗာပူးက ဟာေဗးနဲ႔ ပက္သက္ျပီး အရမ္းၾကီး ေမွ်ာ္လင့္ထားပံုပဲလို႔ က်ေနာ္ကို ေျပာခဲ့တယ္။ ဟုတ္ပါတယ္။ ဒါေပမယ့္ အားလုံးထက္စာရင္ ဟာေဗးကိုယ္တိုင္ကပဲ စီနီယာအဆင့္ကို ေရာက္ဖို႔အတြက္က သူ႔ကိုယ္တိုင္နဲ႔ပဲဆိုင္တယ္ဆိုတာကို နားလည္ထားပါလိမ့္မယ္။

ဘလက္ဘန္းမွာ သူလုပ္ျပေနတာကလည္း အဲ့အတြက္ပါပဲ။ ဒါေပမယ့္ က်ေနာ္တို႔က ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္တို႔ကို အႏုိင္ရထားတဲ့ အသင္းတစ္သင္းအေၾကာင္းကို ေျပာေနတာ ျဖစ္ပါတယ္။ ဆာလာထြက္ခြာတာ (သို႔) ဒဏ္ရာရတာဆိုရင္ေတာ့ ဟာေဗးက အခြင့္အေရး ရႏိုင္ပါတယ္။ အဲ့ဆိုရင္ေတာ့ အေျခအေနက သူ႔အေပၚပဲ မူတည္ေနမွာပါ။

သူက အရည္အခ်င္းရွိတယ္၊ ပိုေကာင္းတဲ့ ကစားသမားေတြနဲ႔ ကစားမယ္ဆိုရင္ အစြမ္းလည္း ပိုျပလာႏုိင္မယ့္သူပါ။ ကေလာ့ပ္ကလည္း သူ႔ကို သေဘာက်ပါတယ္ ဒီေတာ့ ေကာင္ေလးမွာ အခြင့္အေရး ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။