ဘောလုံးသုံးသပ်မှု အစီအစဉ်မှာတော့ ပရီးမီးယားလိဂ်ကစားသမားဟောင်း အီရန်ရိုက်က လီဗာပူးကွင်းလယ်မှာ ယာဂင်ကလော့ပ် အိပ်မက်မက်ခဲ့ရတဲ့ အတွဲကို တွေ့နေရပါပြီလို့ ထုတ်ပြောလာပါတယ်။

သူပြောတဲ့ ကွင်းလယ်အတွဲက ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို ဆိုလိုတာဖြစ်တယ်။ ဒီရာသီမှာ ဖာဘင်ညိုကို ခံစစ်မှာသုံးနေတာအတွက် ကလော့ပ်အပေါ် ဝေဖန်မှုတွေ များနေသလို သီယာဂိုရဲ့ နံပါတ် ၆ နေရာမှာ ရုန်းကန်နေရမှုအပေါ်မှာလည်း အားမရမှုတွေ အများကြီး ရှိထားခဲ့တာပါ။

ဖာဘင်ညိုဟာ ကမ္ဘာအကောင်းဆုံး ကွင်းလယ်ခံစစ်တွေထဲက တစ်ဦးအဖြစ် သက်မှတ်ခံရသူဖြစ်ကာ သူ့နဲ့တွဲဘက်ပြီး သီယာဂိုက နံပါတ် ၈ နေရာကနေ ပိုမို ခြေစွမ်းပြလာနိုင်တာဖြစ်တယ်။ အနာဂတ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒို (သို့) ကိတ်တာ အတွဲဟာ လီဗာပူးတိုက်စစ်သမားတွေအတွက် ပိုမို အကျိုးဖြစ်လာစေမယ်လို့ ယုံကြည်မှုဗတွလည်း ရထားပါတယ်။

အီရန်ရိုက်က “ ဖာဘင်ညိုနဲ့ သီယာဂိုတို့ နှစ်ဦးကို ကွင်းလယ်အတွဲအဖြစ် မြင်ရဖို့ဆိုတာက ယာဂင်ကလော့ပ် အိပ်မက်ခဲ့တဲ့ ကိစ္စပဲဖြစ်ပါတယ်။ အခုတော့ ဒီကိစ္စက အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ ဒီအတွဲက တိုက်စစ်သမားတွေကို အစပျိုးပေးမှု ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်း ရိုက်က လီဗာပူးတိုက်စစ် သုံးဦးတန်းအတွက် အဓိက ထောက်တိုက်နှစ်ခုဖြစ်စေမယ့် ကွင်းလယ်နဲ့ တိုက်စစ်အရန်တွေနဲ့ ပက်သက်ပြီး မကြာခဏ ဝေဖန်ထားခဲ့ဖူးသူပါ။ ဆာလာ၊ မာနေး၊ ဖာမင်နိုရဲ့ နေရာမှာ အစားထိုးဖို့ ရှာကွီရီနဲ့ အိုရီဂီတို့က လုံလောက်တဲ့ ကစားသမားတွေ မဟုတ်ဘူးလို့လည်း သူက ဝေဖန်ထားခဲ့ဖူးသေးတာဖြစ်တယ်။

အရန်တိုက်စစ်သမားတွေနဲ့ ပက်သက်လို့ အီရန်ရိုက်က “ ရှာကွီရီ၊ မီနာမီနိုနဲ့ အိုရီဂီတို့ကို ကြည့်မယ်ဆိုရင် သူတို့က လီဗာပူးတိုက်စစ်အတွက် လိုအပ်တဲ့ အဆင့်မြင့်တင်မှု မဟုတ်သလို သူတို့ သုံးဦးလုံးက ကစားပုံလည်း ထူးပြီး ကောင်းနေတာ မဟုတ်ပါဘူး ” ဆိုပြီး မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ZAWGYI

ေဘာလံုးသံုးသပ္မႈ အစီအစဥ္မွာေတာ့ ပရီးမီးယားလိဂ္ကစားသမားေဟာင္း အီရန္ရိုက္က လီဗာပူးကြင္းလယ္မွာ ယာဂင္ကေလာ့ပ္ အိပ္မက္မက္ခဲ့ရတဲ့ အတြဲကို ေတြ႔ေနရပါျပီလို႔ ထုတ္ေျပာလာပါတယ္။

သူေျပာတဲ့ ကြင္းလယ္အတြဲက ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကို ဆိုလိုတာျဖစ္တယ္။ ဒီရာသီမွာ ဖာဘင္ညိဳကို ခံစစ္မွာသံုးေနတာအတြက္ ကေလာ့ပ္အေပၚ ေဝဖန္မႈေတြ မ်ားေနသလို သီယာဂိုရဲ႕ နံပါတ္ ၆ ေနရာမွာ ရုန္းကန္ေနရမႈအေပၚမွာလည္း အားမရမႈေတြ အမ်ားၾကီး ရွိထားခဲ့တာပါ။

ဖာဘင္ညိဳဟာ ကမၻာအေကာင္းဆံုး ကြင္းလယ္ခံစစ္ေတြထဲက တစ္ဦးအျဖစ္ သက္မွတ္ခံရသူျဖစ္ကာ သူ႔နဲ႔တြဲဘက္ျပီး သီယာဂိုက နံပါတ္ ၈ ေနရာကေန ပိုမို ေျခစြမ္းျပလာႏုိင္တာျဖစ္တယ္။ အနာဂတ္မွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ဟန္ဒို (သို႔) ကိတ္တာ အတြဲဟာ လီဗာပူးတိုက္စစ္သမားေတြအတြက္ ပိုမို အက်ိဳးျဖစ္လာေစမယ္လို႔ ယံုၾကည္မႈဗတြလည္း ရထားပါတယ္။

အီရန္ရိုက္က “ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ ႏွစ္ဦးကို ကြင္းလယ္အတြဲအျဖစ္ ျမင္ရဖို႔ဆိုတာက ယာဂင္ကေလာ့ပ္ အိပ္မက္ခဲ့တဲ့ ကိစၥပဲျဖစ္ပါတယ္။ အခုေတာ့ ဒီကိစၥက အမွန္တကယ္ ျဖစ္လာခဲ့ပါျပီ။ ဒီအတြဲက တိုက္စစ္သမားေတြကို အစပ်ိဳးေပးမႈ ျဖစ္လာႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ ကစားသမားေဟာင္း ရိုက္က လီဗာပူးတိုက္စစ္ သံုးဦးတန္းအတြက္ အဓိက ေထာက္တိုက္ႏွစ္ခုျဖစ္ေစမယ့္ ကြင္းလယ္နဲ႔ တိုက္စစ္အရန္ေတြနဲ႔ ပက္သက္ျပီး မၾကာခဏ ေဝဖန္ထားခဲ့ဖူးသူပါ။ ဆာလာ၊ မာေနး၊ ဖာမင္ႏိုရဲ႕ ေနရာမွာ အစားထိုးဖို႔ ရွာကီြရီနဲ႔ အိုရီဂီတို႔က လံုေလာက္တဲ့ ကစားသမားေတြ မဟုတ္ဘူးလို႔လည္း သူက ေဝဖန္ထားခဲ့ဖူးေသးတာျဖစ္တယ္။

အရန္တိုက္စစ္သမားေတြနဲ႔ ပက္သက္လို႔ အီရန္ရိုက္က “ ရွာကီြရီ၊ မီနာမီႏိုနဲ႔ အိုရီဂီတို႔ကို ၾကည့္မယ္ဆိုရင္ သူတို႔က လီဗာပူးတိုက္စစ္အတြက္ လိုအပ္တဲ့ အဆင့္ျမင့္တင္မႈ မဟုတ္သလို သူတို႔ သံုးဦးလံုးက ကစားပံုလည္း ထူးျပီး ေကာင္းေနတာ မဟုတ္ပါဘူး ” ဆိုျပီး မွတ္ခ်က္ေပးခဲ့ဖူးပါတယ္။