လီဗာပူးအသင်းဟာ ပီအက်စ်ဗီတိုက်စစ်သမား ဒိုရယ် မာလန်းကို ခေါ်ယူနိုင်ရေးမှာ အေစီမီလန်နဲ့ ဂျူဗင်တပ်တို့ကို အသာစီးရထားပါကြောင်း ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

ပီအက်စ်ဗီဘက်က ၎င်းတို့ရဲ့ နယ်သာလန်တိုက်စစ်သမားကို ဒီနွေမှာ ပေါင် သန်း ၃၀ ဖြင့် ရောင်းထုတ်မယ်လို့ သတင်းကြီးနေတယ်။ မာလန်းကတော့ နယ်သာလန်သား အသင်းဖော်တွေဖြစ်တဲ့ ဝိုက်နယ်ဒမ်နဲ့ ဗန်ဒိုက်ရှိရာ လီဗာပူးကို ပြောင်းဖို့ကို စိတ်ဝင်စားမှုရှိတယ်လို့လည်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ မာလန်းဟာ နယ်သာလန်လိဂ်ရဲ့ အဆုံးသတ်ကောင်းသူအဖြစ် ဒီဘက်နှစ်တွေမှာ နာမည်ရလာပါတယ်။ သူဟာ ၂၀၁၇ မှာ အာဆင်နယ်ကို စွန့်ခွာပြီး ဇာတိမြေကို ပြန်ခဲ့ရာမှာ ပွဲပေါင်း ၁၁၀ ကစားပြီး သွင်းဂိုး ၅၁ ဂိုးထိ သွင်းယူထားခဲ့ပါပြီ။

သူ့ရဲ့ စွမ်းဆောင်ရည်ကို ယူရိုပါလိဂ်မှာလည်း မြင်လာရတဲ့နောက် ဥရောပကလပ်တေါက သတိထားမိလာခြင်းဖြစ်တယ်။ ယာဂင်ကလော့ပ်ကလည်း ကလပ်ရဲ့ နယ်သာလန် အဆက်အသွယ်တွေထံကနေ မာလန်းအကြောင်းကို ကြားသိထားခြင်းဖြစ်တယ်လို့ ယုံကြည်ရတယ်။

လီဗာပူးဘက်က တိုက်စစ်သမားရဲ့ ကလပ်နဲ့ လက်ရွေးစင်အသင်းက တိုးတက်မှုတွေကို စောင့်ကြည့်မှုတွေ လုပ်ထားခဲ့တယ်။ ခံစစ်ပိုင်း ပြင်ဆင်ရေးက အရေးကြီးပေမယ့်လည်း ကလပ်ရဲ့ နာမည်ကျော် တိုက်စစ်ပိုင်းကို အင်အားလျော့နည်းလာခြင်းမျိုး ကလော့ပ်က အလိုမရှိပါဘူး။

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ တိုက်စစ်သမားတစ်ဦး ခေါ်ယူမယ်လို့ သိထားရကာ အဓိက တိုက်စစ်သမားတွေရဲ့ နေရာကို ရေရှည် အစားထိုးဖို့ဖြစ်လာပါလိမ့်မယ်။ ဟာလန်းနဲ့ အမ်ဘတ်ပီတို့ကို ကလပ်က သဘောတွေ့ပေမယ့်လည်း တစ်ဦးတည်းအတွက်တင် ပေါင် သန်း ၁၅၀-၂၀၀ ကြား ကုန်ကျမယ့် ကိစ္စမျိုးကို လက်ရှောင်ဖွယ် ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပီအက္စ္ဗီတိုက္စစ္သမား ဒိုရယ္ မာလန္းကို ေခၚယူႏုိင္ေရးမွာ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္တို႔ကို အသာစီးရထားပါေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

ပီအက္စ္ဗီဘက္က ၄င္းတို႔ရဲ႕ နယ္သာလန္တိုက္စစ္သမားကို ဒီေႏြမွာ ေပါင္ သန္း ၃၀ ျဖင့္ ေရာင္းထုတ္မယ္လို႔ သတင္းၾကီးေနတယ္။ မာလန္းကေတာ့ နယ္သာလန္သား အသင္းေဖာ္ေတြျဖစ္တဲ့ ဝိုက္နယ္ဒမ္နဲ႔ ဗန္ဒိုက္ရွိရာ လီဗာပူးကို ေျပာင္းဖို႔ကို စိတ္ဝင္စားမႈရွိတယ္လို႔လည္း သိရပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ မာလန္းဟာ နယ္သာလန္လိဂ္ရဲ႕ အဆံုးသတ္ေကာင္းသူအျဖစ္ ဒီဘက္ႏွစ္ေတြမွာ နာမည္ရလာပါတယ္။ သူဟာ ၂၀၁၇ မွာ အာဆင္နယ္ကို စြန္႔ခြာျပီး ဇာတိေျမကို ျပန္ခဲ့ရာမွာ ပြဲေပါင္း ၁၁၀ ကစားျပီး သြင္းဂိုး ၅၁ ဂိုးထိ သြင္းယူထားခဲ့ပါျပီ။

သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ယူရိုပါလိဂ္မွာလည္း ျမင္လာရတဲ့ေနာက္ ဥေရာပကလပ္ေတါက သတိထားမိလာျခင္းျဖစ္တယ္။ ယာဂင္ကေလာ့ပ္ကလည္း ကလပ္ရဲ႕ နယ္သာလန္ အဆက္အသြယ္ေတြထံကေန မာလန္းအေၾကာင္းကို ၾကားသိထားျခင္းျဖစ္တယ္လို႔ ယံုၾကည္ရတယ္။

လီဗာပူးဘက္က တိုက္စစ္သမားရဲ႕ ကလပ္နဲ႔ လက္ေရြးစင္အသင္းက တိုးတက္မႈေတြကို ေစာင့္ၾကည့္မႈေတြ လုပ္ထားခဲ့တယ္။ ခံစစ္ပိုင္း ျပင္ဆင္ေရးက အေရးၾကီးေပမယ့္လည္း ကလပ္ရဲ႕ နာမည္ေက်ာ္ တိုက္စစ္ပိုင္းကို အင္အားေလ်ာ့နည္းလာျခင္းမ်ိဳး ကေလာ့ပ္က အလိုမရွိပါဘူး။

လီဗာပူးအသင္းဟာ လာမယ့္ရာသီမွာ တိုက္စစ္သမားတစ္ဦး ေခၚယူမယ္လို႔ သိထားရကာ အဓိက တိုက္စစ္သမားေတြရဲ႕ ေနရာကို ေရရွည္ အစားထိုးဖို႔ျဖစ္လာပါလိမ့္မယ္။ ဟာလန္းနဲ႔ အမ္ဘတ္ပီတို႔ကို ကလပ္က သေဘာေတြ႔ေပမယ့္လည္း တစ္ဦးတည္းအတြက္တင္ ေပါင္ သန္း ၁၅၀-၂၀၀ ၾကား ကုန္က်မယ့္ ကိစၥမ်ိဳးကို လက္ေရွာင္ဖြယ္ ရွိေနပါတယ္။