လာမယ့်ရာသီအတွက် လီဗာပူးအသင်းရဲ့ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယဂျာစီတို့ရဲ့ ပုံရိပ်တွေက ပေါက်ကြာလာခဲ့ပြီဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ဂျာစီဒီဇိုင်းတွေဟာ တရားဝင် မဟုတ်သေးပေမယ့်လည်း ယခင်နှစ်တွေတုန်းကလိုပဲ အကြိုဒီဇိုင်း ပေါက်ကြားမှုတွေ ရှိလာခဲ့တာပါ။ အိမ်ကွင်းဂျာစီ အနီ၊ မီးခိုးရောင်ပုံစံ အဝေးကွင်းဂျာစီနဲ့ အဝါရောင် တတိယဂျာစီတို့ ဖြစ်မယ်လို့ သတင်းကြီးလာနေတယ်။

လီဗာပူးဝတ်ဆင်မယ့် အိမ်ကွင်းဂျာစီ အနီရောင်က ‘gym red’ ကာလာလို့ သိရတယ်။ ရင်ဘတ်မှာ အပန်းရောင်လိုင်းကို ခပ်စောင်းစောင်းပုံစံ ပါဝင်သလို အနက်ရောင် ပုခုံးလိုင်းသားလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီ ဒီဇိုင်းက အတည်ပြုလို့တော့ မရသေးဘဲ လီဗာပူးဖန်းဆိုဒ်တွေမှာ ဖော်ပြမှုတွေတော့ များလာနေခဲ့တယ်။

လာမယ့်ရာသီမှာ ကွင်းထဲ ပရိသတ်တွေ ပြန်ဝင်နိုင်မှာဖြစ်လို့ ဂျာစီ ဒီဇိုင်းဟာ ပရိသတ်တွေရဲ့ စိတ်အာရုံကို နှစ်ခြိုက်မှုရှိစေဖို့ လိုအပ်လာပါမယ်။ ဒီရာသီ လီဗာပူးဂျာစီတွေက အစောပိုင်း ဝေဖန်မှုတွေ များခဲ့ပြီး နောက်ပိုင်းမှာတော့ အိမ်ကွင်းဂျာစီကို ပရိသတ်တွေဘက်က နှစ်ခြိုက်မှုတွေ ပြန်ရှိလာခဲ့ပါတယ်။

လာမယ့်ရာသီအတွက် အဝေးကွင်းဂျာစီဟာ ၁၉၉၆-၁၉၉၇ ခုနှစ်တွေက ဝတ်ဆင်ကစားခဲ့တဲ့ အဝေးကွင်းဂျာစီကို ပုံစံပြောင်းထားတ့ ဒီဇိုင်းလို့ သိရတယ်။ တတိယဂျာစီကတော့ ၈၀ ခုနှစ်တုန်းက ဝတ်ဆင်ခဲ့ဖူးတဲ့ ဒီဇိုင်း (သို့) ၁၉၉၇-၁၉၉၈ က ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းဟောင်းကို ပြန်ပြောင်း ဖန်တီးထားခြင်းလို့ အသံထွက်နေပါတယ်။

အဝေးကွင်းဂျာစီတွေရဲ့ ဒီဇိုင်းပိုင်းက အနည်းငယ် အပြောင်းအလဲတွေ ထွက်ပေါ်နေပေမယ့် ကာလကတော့ မီးခိုးရောင်ပုံစံ fossil ကာလာနဲ့ အဝါရောင်တွေကို ရွေးချယ်ထားခြင်းဖြစ်ဖို့ ရာနှုန်းများလာနေခဲ့ပါပြီ။

ZAWGYI

လာမယ့္ရာသီအတြက္ လီဗာပူးအသင္းရဲ႕ အိမ္ကြင္း၊ အေဝးကြင္းနဲ႔ တတိယဂ်ာစီတို႔ရဲ႕ ပံုရိပ္ေတြက ေပါက္ၾကာလာခဲ့ျပီျဖစ္ပါတယ္။

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြက္ ဂ်ာစီဒီဇိုင္းေတြဟာ တရားဝင္ မဟုတ္ေသးေပမယ့္လည္း ယခင္ႏွစ္ေတြတုန္းကလိုပဲ အၾကိဳဒီဇိုင္း ေပါက္ၾကားမႈေတြ ရွိလာခဲ့တာပါ။ အိမ္ကြင္းဂ်ာစီ အနီ၊ မီးခိုးေရာင္ပံုစံ အေဝးကြင္းဂ်ာစီနဲ႔ အဝါေရာင္ တတိယဂ်ာစီတို႔ ျဖစ္မယ္လို႔ သတင္းၾကီးလာေနတယ္။

လီဗာပူးဝတ္ဆင္မယ့္ အိမ္ကြင္းဂ်ာစီ အနီေရာင္က ‘gym red’ ကာလာလို႔ သိရတယ္။ ရင္ဘတ္မွာ အပန္းေရာင္လိုင္းကို ခပ္ေစာင္းေစာင္းပံုစံ ပါဝင္သလို အနက္ေရာင္ ပုခံုးလိုင္းသားလည္း ပါဝင္မွာျဖစ္ပါတယ္။ ဒီ ဒီဇိုင္းက အတည္ျပဳလို႔ေတာ့ မရေသးဘဲ လီဗာပူးဖန္းဆိုဒ္ေတြမွာ ေဖာ္ျပမႈေတြေတာ့ မ်ားလာေနခဲ့တယ္။

လာမယ့္ရာသီမွာ ကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ႏုိင္မွာျဖစ္လို႔ ဂ်ာစီ ဒီဇိုင္းဟာ ပရိသတ္ေတြရဲ႕ စိတ္အာရံုကို ႏွစ္ျခိဳက္မႈရွိေစဖို႔ လိုအပ္လာပါမယ္။ ဒီရာသီ လီဗာပူးဂ်ာစီေတြက အေစာပိုင္း ေဝဖန္မႈေတြ မ်ားခဲ့ျပီး ေနာက္ပိုင္းမွာေတာ့ အိမ္ကြင္းဂ်ာစီကို ပရိသတ္ေတြဘက္က ႏွစ္ျခိဳက္မႈေတြ ျပန္ရွိလာခဲ့ပါတယ္။

လာမယ့္ရာသီအတြက္ အေဝးကြင္းဂ်ာစီဟာ ၁၉၉၆-၁၉၉၇ ခုႏွစ္ေတြက ဝတ္ဆင္ကစားခဲ့တဲ့ အေဝးကြင္းဂ်ာစီကို ပံုစံေျပာင္းထားတ့ ဒီဇိုင္းလို႔ သိရတယ္။ တတိယဂ်ာစီကေတာ့ ၈၀ ခုႏွစ္တုန္းက ဝတ္ဆင္ခဲ့ဖူးတဲ့ ဒီဇိုင္း (သို႔) ၁၉၉၇-၁၉၉၈ က ဝတ္ဆင္ခဲ့တဲ့ ဒီဇိုင္းေဟာင္းကို ျပန္ေျပာင္း ဖန္တီးထားျခင္းလို႔ အသံထြက္ေနပါတယ္။

အေဝးကြင္းဂ်ာစီေတြရဲ႔ ဒီဇိုင္းပိုင္းက အနည္းငယ္ အေျပာင္းအလဲေတြ ထြက္ေပၚေနေပမယ့္ ကာလကေတာ့ မီးခိုးေရာင္ပံုစံ fossil ကာလာနဲ႔ အဝါေရာင္ေတြကို ေရြးခ်ယ္ထားျခင္းျဖစ္ဖို႔ ရာႏႈန္းမ်ားလာေနခဲ့ပါျပီ။