ဒီယေဂို ဂျိုတာဟာ စနေနေ့တုန်းက ယှဉ်ပြိုင်ကစားတဲ့ ပေါ်တူဂီ ၂-၂ ဆားဘီးယားပွဲမှာ ပေါ်တူဂီအသင်းရရှိတဲ့ သွင်းဂိုး ၂ ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။

ဂျိုတာရဲ့ ခေါင်းတိုက်ဂိုး နှစ်ဂိုးလုံးက ကမ္ဘာဖလားခြေစစ်ပွဲဝင် ပေါ်တူဂီအတွက် ဦးဆောင်ဂိုးတွေဖြစ်စေခဲ့ပေမယ့် ဆားဘီးယားဘက်ကလည်း ခြေပဂိုးတွေ ပြန်လည် သွင်းယူသွားခဲ့တယ်။ နောက်ဆုံးကစားထားတဲ့ လက်ရွေးစင်ပွဲ ၉ ပွဲမှာ ၅ ဂိုးထိ သွင်းယူထားတဲ့ ဂျိုတာဟာ ပွဲချိန် ၈၅ မိနစ်မှာတော့ လူစားလဲခံခဲ့ရပါတယ်။

သွင်းဂိုး နှစ်ဂိုးကို ထူးထူးချွန်ချွန်သွင်းယူပြီး ကမ္ဘာဖလားခြေစစ်ပွဲမှာ အုပ်စုတွင်း ဒုတိယနေရာမှာ ပေါ်တူဂီကို ဆက်ရှိနေစေခဲ့ပေမယ့် ဂျိုတာက နာမည်ကောင်းတော့ မရခဲ့ပါဘူး။ အဆိုပါပွဲမှာ ဂိုးတွေသွင်းခဲ့တဲ့ သူ့အကြောင်းထက် နောက်ကျ အနိုင်ဂိုး သွင်းယူရာမှာ ဂိုးမရခဲ့တဲ့ ရော်နယ်ဒိုရဲ့ အကြောင်းကပဲ လူပြောများနေခဲ့တာပါ။

ဒီနွေမှာ ဝုဗ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဂျိုတာဟာ လက်ရွေးစင်အဆင့်မှာ တစ်ဆင့်မြင့်ပြီး လေးစားခံရမှုတွေ ရှိလာတယ်လို့ ထုတ်ပြောထားတယ်။ ဒါပေမယ့်လို့ ပေါ်တူဂီက နာမည်မထင်ရှားတဲ့ ကလပ်ကနေ ထွက်ပေါ်လာတဲ့ သူ့အတွက်တော့ ပေါ်တူဂီပြည်တွင်းမှာ ပရိသတ်အချစ်ခံရဖို့ဆိုတာက အတော်လေး ခက်ခဲပါသေးတယ်။

ဒီအခြေအနေကို ပြောင်းလဲဖို့ ဂျိုတာက လီဗာပူးပရိသတ်တွေရဲ့ အပြည့်အဝ အားပေးမှုကို အန်ဖီးကွင်းမှာ ရရှိလိုတယ်လို့ ထုတ်ပြောထားဖူးတယ်။ ဒီရာသီ စတင်ကတည်းက အန်ဖီးကွင်းထဲ ပရိသတ် ဝင်ခွင့်မရသလို ပွဲအနည်းငယ် ဝင်ခွင့်ရချိန်မှာတော့ ဂျိုတာက ဒဏ်ရာရနေခဲ့ပါတယ်။

ကလပ်အဆင့်မှာကော လက်ရွေးစင်အဆင့်မှာပါ ခြေစွာလာနေတဲ့ ဂျိုတာရဲ့ စွမ်းဆောင်ရည်တွေက လီဗာပူးပရိသတ်တွေအဖို့တော့ ဘဝင်ခိုက်စရာဖြစ်လာခဲ့တယ်။ အနာဂတ်မှာ ဂျိုတာဟာ ကလပ်ပရိသတ်တွေကော၊ နိုင်ငံပရိသတ်တွေကြားမှာပါ လေးစားခံ ကစားသမားဖြစ်လာမယ်လို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ZAWGYI

ဒီေယဂို ဂ်ိဳတာဟာ စေနေန႔တုန္းက ယွဥ္ျပိဳင္ကစားတဲ့ ေပၚတူဂီ ၂-၂ ဆားဘီးယားပြဲမွာ ေပၚတူဂီအသင္းရရွိတဲ့ သြင္းဂိုး ၂ ဂိုးလံုးကို သြင္းယူေပးခဲ့ပါတယ္။

ဂ်ိဳတာရဲ႕ ေခါင္းတိုက္ဂိုး ႏွစ္ဂိုးလံုးက ကမၻာဖလားေျခစစ္ပြဲဝင္ ေပၚတူဂီအတြက္ ဦးေဆာင္ဂိုးေတြျဖစ္ေစခဲ့ေပမယ့္ ဆားဘီးယားဘက္ကလည္း ေျခပဂိုးေတြ ျပန္လည္ သြင္းယူသြားခဲ့တယ္။ ေနာက္ဆံုးကစားထားတဲ့ လက္ေရြးစင္ပြဲ ၉ ပြဲမွာ ၅ ဂိုုးထိ သြင္းယူထားတဲ့ ဂ်ိဳတာဟာ ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ လူစားလဲခံခဲ့ရပါတယ္။

သြင္းဂိုး ႏွစ္ဂိုးကို ထူးထူးခၽြန္ခၽြန္သြင္းယူျပီး ကမၻာဖလားေျခစစ္ပြဲမွာ အုပ္စုတြင္း ဒုတိယေနရာမွာ ေပၚတူဂီကို ဆက္ရွိေနေစခဲ့ေပမယ့္ ဂ်ိဳတာက နာမည္ေကာင္းေတာ့ မရခဲ့ပါဘူး။ အဆိုပါပြဲမွာ ဂိုးေတြသြင္းခဲ့တဲ့ သူ႔အေၾကာင္းထက္ ေနာက္က် အႏုိင္ဂိုး သြင္းယူရာမွာ ဂိုးမရခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ အေၾကာင္းကပဲ လူေျပာမ်ားေနခဲ့တာပါ။

ဒီေႏြမွာ ဝုဗ္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဂ်ိဳတာဟာ လက္ေရြးစင္အဆင့္မွာ တစ္ဆင့္ျမင့္ျပီး ေလးစားခံရမႈေတြ ရွိလာတယ္လို႔ ထုတ္ေျပာထားတယ္။ ဒါေပမယ့္လို႔ ေပၚတူဂီက နာမည္မထင္ရွားတဲ့ ကလပ္ကေန ထြက္ေပၚလာတဲ့ သူ႔အတြက္ေတာ့ ေပၚတူဂီျပည္တြင္းမွာ ပရိသတ္အခ်စ္ခံရဖို႔ဆိုတာက အေတာ္ေလး ခက္ခဲပါေသးတယ္။

ဒီအေျခအေနကို ေျပာင္းလဲဖို႔ ဂ်ိဳတာက လီဗာပူးပရိသတ္ေတြရဲ႕ အျပည့္အဝ အားေပးမႈကို အန္ဖီးကြင္းမွာ ရရွိလိုတယ္လို႔ ထုတ္ေျပာထားဖူးတယ္။ ဒီရာသီ စတင္ကတည္းက အန္ဖီးကြင္းထဲ ပရိသတ္ ဝင္ခြင့္မရသလို ပြဲအနည္းငယ္ ဝင္ခြင့္ရခ်ိန္မွာေတာ့ ဂ်ိဳတာက ဒဏ္ရာရေနခဲ့ပါတယ္။

ကလပ္အဆင့္မွာေကာ လက္ေရြးစင္အဆင့္မွာပါ ေျခစြာလာေနတဲ့ ဂ်ိဳတာရဲ႕ စြမ္းေဆာင္ရည္ေတြက လီဗာပူးပရိသတ္ေတြအဖို႔ေတာ့ ဘဝင္ခိုက္စရာျဖစ္လာခဲ့တယ္။ အနာဂတ္မွာ ဂ်ိဳတာဟာ ကလပ္ပရိသတ္ေတြေကာ၊ ႏုိင္ငံပရိသတ္ေတြၾကားမွာပါ ေလးစားခံ ကစားသမားျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။