၂၀၁၆ မှာ လီဗာပူးကို စတင်ရောက်ရှိလာခဲ့ပြီ အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂရုဂျစ်ဟာ ပေါ်တိုမှာတော့ အောင်မြင်တဲ့ အနေအထားကို မပိုင်ဆိုင်ဘဲ ဒီရာသီအကုန်မှာ လီဗာပူးကို ပြန်ပို့ခံရမယ်လို့ သိရပါတယ်။

ဘောလုံးရာသီ ၅ ခုအတွင်း လေးသင်းမြောက်ကို အငှားချခံခဲ့ရတဲ့ ဂရုဂျစ်ဟာ လီဗာပူးရဲ့ အနာဂတ် အစီအစဉ်တွေမှာ ပါဝင်ဖွယ် မရှိတော့ဘူးလို့ ယူဆခံရသူပါ။ သူ့အတွက် ကမ်းလှမ်းမှုတွေ မရခြင်းကြောင့် ယာယီ အငှားချမှုတွေ လုပ်နေခဲ့ရပြီး ဒီရာသီ ပေါ်တိုမှာတော့ ပွဲကစားခွင့်လည်း သိပ်မရလာခဲ့ပါဘူး။

သူကစားခွင့်ရထားတဲ့ ၂၉ ပွဲမှာ ၁၀ ပွဲကပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့ရခြင်း ဖြစ်သလို မိနစ် ၉၀ အပြည့်ဆိုလို ၄ ပွဲပဲ ကစားခဲ့ရဖူးပါတယ်။ ပေါ်တိုက ဂရုဂျစ်ကို အပြီးသတ် ခေါ်ယူဖို့ လုံးဝ စိတ်မဝင်စားဘဲ ဒီနွေမှာ လီဗာပူးထံ ပြန်ပို့မှာဖြစ်တယ်။ ကလပ်နဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ဂရုဂျစ်ကို ရောင်းထုတ်ရေးက လီဗာပူးရဲ့ ဦးစားပေးကိစ္စ ဖြစ်လာပါမယ်။

ဂရုဂျစ်အတွက် အဓိက ပြဿနာတစ်ခုက လီဗာပူးဘက်က တောင်းဆိုဈေးဖြစ်နိုင်ပြီး ဆားဘီးယား လက်ရွေးစင်အတွက် ဈေးချပေးမှပဲ ဒီနွေမှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ သိထားရတယ်။

နောက်ထပ် သတင်းအဖြစ် ဒီရာသီမှာ ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ရဲ့ ဒဏ်ရာ ပြဿနာတွေက ကလပ်ကို အထိနာစေခဲ့တယ်။ တူညီတဲ့ အနေအထား ထပ်မံ မဖြစ်စေဖို့အတွက် မန်နေဂျာကလော့ပ်က ခံစစ်ပိုင်းကို သေချာပေါက် အားဖြည့်သွားတော့မယ်လို့ သိရတယ်။ မန်နေဂျာကလော့ပ်က ခံစစ်မှူး ၂ ဦး ခေါ်ယူဖို့ ရည်မှန်းထားကာ တစ်ဦးက အငှားလာကစားပြီး ခြေစွမ်းပြနေနိုင်တဲ့ အသက် ၂၀ အရွယ် ခါဘတ်ဖြစ်လာဖို့ ရှိနေပါတယ်။

နောက်ထပ် တစ်ဦးက အတွေ့အကြုံရှိ ခံစစ်မှူးဖြစ်မယ်လို့ သိထားရကာ ဘယ်လိုလူမျိုးကို ခေါ်ယူမလဲကတော့ အသိနိုင်သေးပါဘူး။ ဗန်ဒိုက်ကို ဂိုးမက်စ် (သို့) ခါဘတ် တစ်ဦးဦးဖြင့် တွဲဘက်ပေးကာ မာတစ်၊ ဝါရင့်ခံစစ်မှူးသစ်၊ နက်ဖီးလစ်၊ ဝီလီယမ်တို့ကို အရန်မှာရှိစေပြီး ခံစစ်မှူးစာရင်းကို ၇ ဦးလောက်ရှိစေဖို့ စီစဉ်လာခြင်းဖြစ်တယ်။

ZAWGYI

၂၀၁၆ မွာ လီဗာပူးကို စတင္ေရာက္ရွိလာခဲ့ျပီ အသက္ ၂၄ ႏွစ္အရြယ္ ရွိေနျပီျဖစ္တဲ့ ဂရုဂ်စ္ဟာ ေပၚတိုမွာေတာ့ ေအာင္ျမင္တဲ့ အေနအထားကို မပိုင္ဆုိင္ဘဲ ဒီရာသီအကုန္မွာ လီဗာပူးကို ျပန္ပို႔ခံရမယ္လို႔ သိရပါတယ္။

ေဘာလံုးရာသီ ၅ ခုအတြင္း ေလးသင္းေျမာက္ကို အငွားခ်ခံခဲ့ရတဲ့ ဂရုဂ်စ္ဟာ လီဗာပူးရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ ပါဝင္ဖြယ္ မရွိေတာ့ဘူးလို႔ ယူဆခံရသူပါ။ သူ႔အတြက္ ကမ္းလွမ္းမႈေတြ မရျခင္းေၾကာင့္ ယာယီ အငွားခ်မႈေတြ လုပ္ေနခဲ့ရျပီး ဒီရာသီ ေပၚတိုမွာေတာ့ ပြဲကစားခြင့္လည္း သိပ္မရလာခဲ့ပါဘူး။

သူကစားခြင့္ရထားတဲ့ ၂၉ ပြဲမွာ ၁၀ ပြဲကပဲ ပြဲထြက္လူစာရင္းကေန ပါဝင္ခဲ့ရျခင္း ျဖစ္သလို မိနစ္ ၉၀ အျပည့္ဆိုလို ၄ ပြဲပဲ ကစားခဲ့ရဖူးပါတယ္။ ေပၚတိုက ဂရုဂ်စ္ကို အျပီးသတ္ ေခၚယူဖို႔ လံုးဝ စိတ္မဝင္စားဘဲ ဒီေႏြမွာ လီဗာပူးထံ ျပန္ပို႔မွာျဖစ္တယ္။ ကလပ္နဲ႔ ၂၀၂၃ ခုနွစ္ထိ စာခ်ဳပ္ရွိထားတဲ့ ဂရုဂ်စ္ကို ေရာင္းထုတ္ေရးက လီဗာပူးရဲ႕ ဦးစားေပးကိစၥ ျဖစ္လာပါမယ္။

ဂရုဂ်စ္အတြက္ အဓိက ျပႆနာတစ္ခုက လီဗာပူးဘက္က ေတာင္းဆိုေစ်းျဖစ္ႏုိင္ျပီး ဆားဘီးယား လက္ေရြးစင္အတြက္ ေစ်းခ်ေပးမွပဲ ဒီေႏြမွာ အေရာင္းအဝယ္ ျဖစ္ႏုိင္တယ္လို႔ သိထားရတယ္။

ေနာက္ထပ္ သတင္းအျဖစ္ ဒီရာသီမွာ ဗန္ဒိုက္၊ မာတစ္၊ ဂိုးမက္စ္တို႔ရဲ႕ ဒဏ္ရာ ျပႆနာေတြက ကလပ္ကို အထိနာေစခဲ့တယ္။ တူညီတဲ့ အေနအထား ထပ္မံ မျဖစ္ေစဖို႔အတြက္ မန္ေနဂ်ာကေလာ့ပ္က ခံစစ္ပိုင္းကို ေသခ်ာေပါက္ အားျဖည့္သြားေတာ့မယ္လို႔ သိရတယ္။ မန္ေနဂ်ာကေလာ့ပ္က ခံစစ္မွဴး ၂ ဦး ေခၚယူဖို႔ ရည္မွန္းထားကာ တစ္ဦးက အငွားလာကစားျပီး ေျခစြမ္းျပေနႏုိင္တဲ့ အသက္ ၂၀ အရြယ္ ခါဘတ္ျဖစ္လာဖို႔ ရွိေနပါတယ္။

ေနာက္ထပ္ တစ္ဦးက အေတြ႔အၾကံဳရွိ ခံစစ္မွဴးျဖစ္မယ္လို႔ သိထားရကာ ဘယ္လိုလူမ်ိဳးကို ေခၚယူမလဲကေတာ့ အသိႏုိင္ေသးပါဘူး။ ဗန္ဒိုက္ကို ဂိုးမက္စ္ (သို႔) ခါဘတ္ တစ္ဦးဦးျဖင့္ တြဲဘက္ေပးကာ မာတစ္၊ ဝါရင့္ခံစစ္မွဴးသစ္၊ နက္ဖီးလစ္၊ ဝီလီယမ္တို႔ကို အရန္မွာရွိေစျပီး ခံစစ္မွဴးစာရင္းကို ၇ ဦးေလာက္ရွိေစဖို႔ စီစဥ္လာျခင္းျဖစ္တယ္။