လီဗာပူးတိုက်စစ်သမား မာနေးက အခြေအနေတွေအတွက် ဆင်ခြေတွေ ပေးနေခြင်းထက် ကိုယ်ရဲ့ တက်ကြွတဲ့ စိတ်ဓါတ်အင်အားတွေကို ထိန်းသိမ်းပြီး ဆက်လက် ယှဉ်ပြိုင်ဖို့ လိုတယ်ဆိုတာ နားလည်ထားပါကြောင်း ထုတ်ပြောလာပါတယ်။

ဒီရာသီမှာ လီဗာပူးအတွက် ၃၇ ပွဲကစားပြီး ကိုယ်တိုင် ၁၂ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးမှု လုပ်ထားတဲ့ မာနေးဟာ သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီကိုတော့ မဖန်တီးထားနိုင်ပါဘူး။ အရင်နှစ်တွေကလို တိုက်စစ်မှာ ထက်မြက်တဲ့ စွမ်းဆောင်ရည်တွေ မပြသနိုင်ဘူးဆိုတာ နားလည်ထားတဲ့ မာနေးကတော့ အချိုးအကွေ့တွေကို လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

မာနေးက ” အခြေအနေတွေနဲ့ ပက်သက်ပြီး ကျနော်တို့ ရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်၊ ယုံကြည်မှုတွေကိုလည်း မရပ်တန့်ဘဲ ဆက်ပြီး တိုက်ခိုက်သွားရမှာပါ။ ကိုယ်တွေရဲ့ စိတ်အားထက်သန်မှုကို ထိန်းသိမ်းပြီး ထပ်ပြီး သွားကြရပါမယ်။

ကိုယ်က တိုက်ခိုက်သူတစ်ဦးဆိုရင် ဆင်ခြေတွေပေးဖို့ ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ အခြေအနေတွေအတွက် ဖြေရှင်းဖို့ နည်းလမ်းရှာသွားမှာပါ။ အသင်းဖော်တွေနဲ့ အတူတကွ ရှိနေရတာကလည်း ကျနော်ကို အင်အားတွေပေးပါတယ်။

ဘောလုံးနဲ့ ဘဝမှာ ဘာတစ်ခုကိုမှ ကြိုတင် မျှော်လင့်ထားလို့ မရပါဘူး။ နှစ်တွေအများကြီးမှာ ဒီလို ရှုပ်ထွေးတဲ့ အခြေအနေတွေ မဖြစ်ခဲ့ဖူးဘူး။ ကျနေ်ာတို့က အမြဲတမ်း အောင်မြင်ချင်သလို ဒီလိုဖြစ်လာတော့လည်း ဘဝဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို မြင်လာနိုင်ခဲ့တယ်။

ကျနေ်ာတို့ အကောင်းမြင်စွာ တိုက်ခိုက်ဖို့ လိုပါတယ်။ ဒီအခြေအနေမှာ အဲ့အတွက်ပဲ ကျနေ်ာတို့ ကြိုးစားနေတာပါ။ အပြောင်းအလဲကို လုပ်နိုင်မယ်လို့ ကျနော် သေချာပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဧပရယ်လ ၃ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးက အေျခအေနေတြအတြက္ ဆင္ေျခေတြ ေပးေနျခင္းထက္ ကိုယ္ရဲ႕ တက္ၾကြတဲ့ စိတ္ဓါတ္အင္အားေတြကို ထိန္းသိမ္းျပီး ဆက္လက္ ယွဥ္ျပိဳင္ဖို႔ လိုတယ္ဆိုတာ နားလည္ထားပါေၾကာင္း ထုတ္ေျပာလာပါတယ္။

ဒီရာသီမွာ လီဗာပူးအတြက္ ၃၇ ပြဲကစားျပီး ကိုယ္တိုင္ ၁၂ ဂိုးသြင္းကာ ၆ ဂိုး ဖန္တီးမႈ လုပ္ထားတဲ့ မာေနးဟာ သူ႔ရဲ႕ အေကာင္းဆံုး ေဘာလံုးရာသီကိုေတာ့ မဖန္တီးထားႏုိင္ပါဘူး။ အရင္ႏွစ္ေတြကလို တိုက္စစ္မွာ ထက္ျမက္တဲ့ စြမ္းေဆာင္ရည္ေတြ မျပသႏုိင္ဘူးဆိုတာ နားလည္ထားတဲ့ မာေနးကေတာ့ အခ်ိဳးအေကြ႔ေတြကို လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

မာေနးက ” အေျခအေနေတြနဲ႔ ပက္သက္ျပီး က်ေနာ္တုိ႔ ရင္ဆိုင္ေျဖရွင္းဖို႔လိုပါတယ္၊ ယံုၾကည္မႈေတြကိုလည္း မရပ္တန္႔ဘဲ ဆက္ျပီး တိုက္ခိုက္သြားရမွာပါ။ ကိုယ္ေတြရဲ႕ စိတ္အားထက္သန္မႈကို ထိန္းသိမ္းျပီး ထပ္ျပီး သြားၾကရပါမယ္။

ကိုယ္က တိုက္ခိုက္သူတစ္ဦးဆိုရင္ ဆင္ေျခေတြေပးဖို႔ ဘယ္ေတာ့မွ ၾကိဳးစားမွာ မဟုတ္ပါဘူး။ က်ေန္ာတို႔ အေျခအေနေတြအတြက္ ေျဖရွင္းဖို႔ နည္းလမ္းရွာသြားမွာပါ။ အသင္းေဖာ္ေတြနဲ႔ အတူတကြ ရွိေနရတာကလည္း က်ေနာ္ကို အင္အားေတြေပးပါတယ္။

ေဘာလံုးနဲ႔ ဘဝမွာ ဘာတစ္ခုကိုမွ ၾကိဳတင္ ေမွ်ာ္လင့္ထားလို႔ မရပါဘူး။ ႏွစ္ေတြအမ်ားၾကီးမွာ ဒီလို ရႈပ္ေထြးတဲ့ အေျခအေနေတြ မျဖစ္ခဲ့ဖူးဘူး။ က်ေန္ာတို႔က အျမဲတမ္း ေအာင္ျမင္ခ်င္သလို ဒီလိုျဖစ္လာေတာ့လည္း ဘဝဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတာကို ျမင္လာႏုိင္ခဲ့တယ္။

က်ေန္ာတို႔ အေကာင္းျမင္စြာ တိုက္ခိုက္ဖို႔ လိုပါတယ္။ ဒီအေျခအေနမွာ အဲ့အတြက္ပဲ က်ေန္ာတို႔ ၾကိဳးစားေနတာပါ။ အေျပာင္းအလဲကို လုပ္ႏုိင္မယ္လို႔ က်ေနာ္ ေသခ်ာပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးဟာ ဧပရယ္လ ၃ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္ကစားသြားရမွာပဲ ျဖစ္ပါတယ္။