မာဆေးဆိုဒ်အခြေစိုက် Echo သတင်းကနေပြီး လီဗာပူးဘက်က ကစားသမား ရောင်းထုတ်မှုတွေ လုပ်ထားရာမှာ အကျိုးခံစားခွင့်တွေ ထပ်ရဖို့ သဘောတူညီထားတဲ့ ကစားသမား အချို့ရဲ့ စာချုပ်ပါအချက်တွေကို အောက်ပါအတိုင်း ဖော်ထုတ်ခဲ့ပါတယ်။

  • ၂၀၁၈ တုန်းက လီဗာပူးအသင်းဟာ လူငယ်ဂိုးသမား ဒန်နီဝတ်ကို လက်စတာအသင်းထံ ပေါင် ၁၂.၅ သန်းဖြင့် ရောင်းထုတ်ခဲ့တယ်။ သူဟာ မန်နေဂျာဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်မှာ ပထမဂိုးသမား မဖြစ်လာခဲ့ဘဲ အသင်းပြောင်းဖို့ ကြိုးစားနိုင်ပါတယ်။ ဒန်နီဝတ် အသင်းပြောင်းခဲ့ရင် ရမယ့် ပြောင်းရွှေ့ကြေးထဲက ၂၀% ကို လီဗာပူးဘက်က ခံစားခွင့်ရပါမယ်။
  • ပြီးခဲ့တဲ့ နွေမှာ လီဗာပူးက ဘရူးစတားကို ရှက်ဖီးအသင်းထံ ပေါင် ၂၃.၅ သန်းဖြင့် အပြီးသတ် ရောင်းထုတ်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ လီဗာပူးဘက်က အလိုရှိရင် ပြန်လည် ခေါ်ယူခွင့်အပြင် အခြားသော ကလပ်ကို ရောင်းထုတ်ပါက ၁၅% ခံစားခွင့် ပါဝင်ခဲ့ပါတယ်။
  • လီဗာပူးဘက်က နယ်သာလန်သား ခံစစ်သမား ဟိုဗာကို ဝုဗ်အသင်းထံ ပေါင် ၁၃.၅ သန်းဖြင့် ရောင်းထုတ်ရာမှာ ကစားသမားလေးရဲ့ အနာဂတ် အပြောင်းအရွှေ့ကနေ ၁၅% ခံစားခွင့်အား လီဗာပူးကို ပေးဖို့ သဘောတူညီချက် ပါဝင်ခဲ့တယ်။
  • လီဗာပူးအသင်းဟာ အယ်ဂျာရီယာကို ရီးဒင်းအသင်းထံ ပေါင် ၃ သန်းနဲ့တင် ရောင်းထုတ်ခဲ့ပေမယ့် ကစားသမားရဲ့ တောက်ပလာမှုအရ ပြောင်းရွှေ့ကြေး ပေါင် ၃.၅ သန်းထိ တိုးမြင့်သွားနိုင်သလို နောက်ထပ် ခံစားခွင့်တွေ ရဦးမှာဖြစ်တယ်။ အယ်ဂျာရီယာ အသင်းပြောင်းခဲ့မယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးမှ ၂၀% ထိ လီဗာပူးဘက်က ခံစားခွင့်ရပါမယ်။
  • ဒန်နီအင့်ရဲ့ အပြောင်းအရွှေ့မှာလည်း အလားတူ ၂၀% သဘောတူညီချက် ပါဝင်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းကေနျပီး လီဗာပူးဘက္က ကစားသမား ေရာင္းထုတ္မႈေတြ လုပ္ထားရာမွာ အက်ိဳးခံစားခြင့္ေတြ ထပ္ရဖို႔ သေဘာတူညီထားတဲ့ ကစားသမား အခ်ိဳ႔ရဲ႕ စာခ်ဳပ္ပါအခ်က္ေတြကို ေအာက္ပါအတိုင္း ေဖာ္ထုတ္ခဲ့ပါတယ္။

  • ၂၀၁၈ တုန္းက လီဗာပူးအသင္းဟာ လူငယ္ဂိုးသမား ဒန္နီဝတ္ကို လက္စတာအသင္းထံ ေပါင္ ၁၂.၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့တယ္။ သူဟာ မန္ေနဂ်ာဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္ေအာက္မွာ ပထမဂိုးသမား မျဖစ္လာခဲ့ဘဲ အသင္းေျပာင္းဖို႔ ၾကိဳးစားႏုိင္ပါတယ္။ ဒန္နီဝတ္ အသင္းေျပာင္းခဲ့ရင္ ရမယ့္ ေျပာင္းေရႊ႔ေၾကးထဲက ၂၀% ကို လီဗာပူးဘက္က ခံစားခြင့္ရပါမယ္။
  • ျပီးခဲ့တဲ့ ေႏြမွာ လီဗာပူးက ဘရူးစတားကို ရွက္ဖီးအသင္းထံ ေပါင္ ၂၃.၅ သန္းျဖင့္ အျပီးသတ္ ေရာင္းထုတ္ဖို႔ သေဘာတူညီမႈ ရခဲ့ပါတယ္။ လီဗာပူးဘက္က အလိုရွိရင္ ျပန္လည္ ေခၚယူခြင့္အျပင္ အျခားေသာ ကလပ္ကို ေရာင္းထုတ္ပါက ၁၅% ခံစားခြင့္ ပါဝင္ခဲ့ပါတယ္။
  • လီဗာပူးဘက္က နယ္သာလန္သား ခံစစ္သမား ဟိုဗာကို ဝုဗ္အသင္းထံ ေပါင္ ၁၃.၅ သန္းျဖင့္ ေရာင္းထုတ္ရာမွာ ကစားသမားေလးရဲ႕ အနာဂတ္ အေျပာင္းအေရႊ႔ကေန ၁၅% ခံစားခြင့္အား လီဗာပူးကို ေပးဖို႔ သေဘာတူညီခ်က္ ပါဝင္ခဲ့တယ္။
  • လီဗာပူးအသင္းဟာ အယ္ဂ်ာရီယာကို ရီးဒင္းအသင္းထံ ေပါင္ ၃ သန္းနဲ႔တင္ ေရာင္းထုတ္ခဲ့ေပမယ့္ ကစားသမားရဲ႕ ေတာက္ပလာမႈအရ ေျပာင္းေရႊ႔ေၾကး ေပါင္ ၃.၅ သန္းထိ တိုးျမင့္သြားႏုိင္သလို ေနာက္ထပ္ ခံစားခြင့္ေတြ ရဦးမွာျဖစ္တယ္။ အယ္ဂ်ာရီယာ အသင္းေျပာင္းခဲ့မယ္ဆိုရင္လည္း ေျပာင္းေရႊ႔ေၾကးမွ ၂၀% ထိ လီဗာပူးဘက္က ခံစားခြင့္ရပါမယ္။
  • ဒန္နီအင့္ရဲ႕ အေျပာင္းအေရႊ႔မွာလည္း အလားတူ ၂၀% သေဘာတူညီခ်က္ ပါဝင္ပါတယ္။