၂၀၁၀ မှာ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးကနေ လီဗာပူးကို ပြောင်းခဲ့ပေမယ့် မအောင်မြင်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်းအပေါ် ဂျိုးကိုးက မှတ်ချက်ပေးမှု လုပ်လာခဲ့ပါတယ်။

ချယ်ဆီးနဲ့ တောက်ပခဲ့တဲ့ အင်္ဂလန်တိုက်စစ်အားသန် ကွင်းလယ်လူကို လီဗာပူးပရိသတ်တွေ မျှော်လင့်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘူး။ မန်နေဂျာရွိုင်ဟောင်ဆန်ရဲ့ ခေါ်ယူမှုဖြင့် အသင်းကို ရောက်လာခဲ့ကာ မန်နေဂျာအပြောင်းအလဲ ပိုင်ရှင်အပြောင်းအလဲနဲ့အတူ ဂျိုးကိုးဟာ နောက်ပိုင်းမှာ လိုင်လီကို အငှားထွက်ပြီး ဝက်ဟမ်းကို အပြီးသတ် ပြောင်းသွားခဲ့ပါတယ်။

ဂျိုးကိုးက “ ကျနော်နဲ့ ပက်သက်ပြီး လီဗာပူးပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီဖြစ်လို့ အဲ့ထက်ပိုပြီး
စိတ်ပျက်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကလပ်က ဘာအမှားမှ မလုပ်ခဲ့သလို ကျနော်ကလည်း လီဗာပူးကို မနှစ်သက်တာကြောင့် ဒါတွေ ဖြစ်လာခဲ့ရတာ မဟုတ်ပါဘူး။

ကျနော်က အရင်ပိုင်ရှင်တွေအတွက် လက်မှတ်ထိုးခဲ့တာဖြစ်ပြီး ပိုင်ရှင်သစ်တွေက ကျနော် လက်မှတ်ထိုးပြီး ၄-၅ ပတ်ကြာမှ ရောက်လာခဲ့တာပါ။ ဘောလုံးကလပ်တွေက မန်နေဂျာတွေ အပြောင်းအလဲ ဖြစ်လာတဲ့အခါ မျက်နှာသာပေးခံရမှုတွေ အားနည်းသွားနိုင်ပါတယ်။

ဒါပေမယ့် ပိုင်ရှင်တွေ အပြောင်းအလဲဖြစ်လာရင်တော့ မတူပါဘူး။ ရွိုင်ဟောင်ဆန် ထုတ်ခံရဖို့က အချိန်တစ်ခုပဲ လိုတယ်ဆိုတာကိုလည်း ကျနော် သိခဲ့တယ်။ ကျနော်ရဲ့ ဒဏ်ရာ မှတ်တမ်းဆိုးတွေ ဒူးဒဏ်ရာတွေနဲ့အတူ ကြွက်သားဒဏ်ရာတွေလည်း ရှိခဲ့တယ်။ ကျနော် ကစားပြလိုသလောက် မကစားပြနိုင်ခဲ့ပါဘူး။

ကျနော်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးတဲ့နောက်မှာ ကျနော် ရှိရမယ့် ကြံ့ခိုင်တဲ့ အနေအထားကိုလည်း ပြန်မရတော့ပါဘူး။ ဒီတော့ ကလပ်ရွေးခဲ့တာက မှန်ပါတယ်။ အချိန်မှားခဲ့တာပါ ” လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဘဝ ပထမဆုံးပွဲမှာတင် လူစားလဲခံခဲ့ရတဲ့ ဂျိုးဟာ အနီရောင်ဂျာစီဖြင့် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားကာ ၅ ဂိုး သွင်းယူခဲ့ပါတယ်။

ZAWGYI

၂၀၁၀ မွာ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးကေန လီဗာပူးကို ေျပာင္းခဲ့ေပမယ့္ မေအာင္ျမင္တဲ့ အေျပာင္းအေရႊ႔ ျဖစ္ခဲ့ျခင္းအေပၚ ဂ်ိဳးကိုးက မွတ္ခ်က္ေပးမႈ လုပ္လာခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ ေတာက္ပခဲ့တဲ့ အဂၤလန္တိုက္စစ္အားသန္ ကြင္းလယ္လူကို လီဗာပူးပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ေပမယ့္ ထင္သလို ျဖစ္မလာခဲ့ဘူး။ မန္ေနဂ်ာရိြဳင္ေဟာင္ဆန္ရဲ႕ ေခၚယူမႈျဖင့္ အသင္းကို ေရာက္လာခဲ့ကာ မန္ေနဂ်ာအေျပာင္းအလဲ ပိုင္ရွင္အေျပာင္းအလဲနဲ႔အတူ ဂ်ိဳးကိုးဟာ ေနာက္ပိုင္းမွာ လိုင္လီကို အငွားထြက္ျပီး ဝက္ဟမ္းကို အျပီးသတ္ ေျပာင္းသြားခဲ့ပါတယ္။

ဂ်ိဳးကိုးက “ က်ေနာ္နဲ႔ ပက္သက္ျပီး လီဗာပူးပရိသတ္ေတြ စိတ္ပ်က္ခ့ဲရျပီျဖစ္လို႔ အဲ့ထက္ပိုျပီး
စိတ္ပ်က္ႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ ကလပ္က ဘာအမွားမွ မလုပ္ခဲ့သလို က်ေနာ္ကလည္း လီဗာပူးကို မႏွစ္သက္တာေၾကာင့္ ဒါေတြ ျဖစ္လာခဲ့ရတာ မဟုတ္ပါဘူး။

က်ေနာ္က အရင္ပိုင္ရွင္ေတြအတြက္ လက္မွတ္ထိုးခဲ့တာျဖစ္ျပီး ပိုင္ရွင္သစ္ေတြက က်ေနာ္ လက္မွတ္ထိုးျပီး ၄-၅ ပတ္ၾကာမွ ေရာက္လာခဲ့တာပါ။ ေဘာလံုးကလပ္ေတြက မန္ေနဂ်ာေတြ အေျပာင္းအလဲ ျဖစ္လာတဲ့အခါ မ်က္ႏွာသာေပးခံရမႈေတြ အားနည္းသြားႏုိင္ပါတယ္။

ဒါေပမယ့္ ပိုင္ရွင္ေတြ အေျပာင္းအလဲျဖစ္လာရင္ေတာ့ မတူပါဘူး။ ရိြဳင္ေဟာင္ဆန္ ထုတ္ခံရဖို႔က အခ်ိန္တစ္ခုပဲ လိုတယ္ဆိုတာကိုလည္း က်ေနာ္ သိခဲ့တယ္။ က်ေနာ္ရဲ႕ ဒဏ္ရာ မွတ္တမ္းဆိုးေတြ ဒူးဒဏ္ရာေတြနဲ႔အတူ ၾကြက္သားဒဏ္ရာေတြလည္း ရွိခဲ့တယ္။ က်ေနာ္ ကစားျပလိုသေလာက္ မကစားျပႏုိင္ခဲ့ပါဘူး။

က်ေနာ္ဟာ ဒဏ္ရာကေန ျပန္သက္သာလာျပီးတဲ့ေနာက္မွာ က်ေနာ္ ရွိရမယ့္ ၾကံ႕ခိုင္တဲ့ အေနအထားကိုလည္း ျပန္မရေတာ့ပါဘူး။ ဒီေတာ့ ကလပ္ေရြးခဲ့တာက မွန္ပါတယ္။ အခ်ိန္မွားခဲ့တာပါ ” လို႔ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးကစားသမားဘဝ ပထမဆံုးပြဲမွာတင္ လူစားလဲခံခဲ့ရတဲ့ ဂ်ိဳးဟာ အနီေရာင္ဂ်ာစီျဖင့္ ျပိဳင္ပြဲစံု ၄၂ ပြဲ ကစားကာ ၅ ဂိုး သြင္းယူခဲ့ပါတယ္။