နယ်သာလန်သား ခံစစ်မှူး ဒီလစ်က လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဗန်ဒိုက်က အခြေအနေ ကောင်းမွန်နေတယ်လို့ မြင်ပါကြောင်း ထုတ်ပြောလာပါတယ်။

မကြာသေးခင်ကပဲ လက်ရွေးစင်မန်နေဂျာ ဒီဘိုးဝါးက လာမယ့် ၈ ပတ်အတွင်း ဗန်ဒိုက် ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ ထုတ်ပြောထားတယ်။ ဒီတစ်ကြိမ်မှာ ခံစစ်တွဲဘက်ဖြစ်တဲ့ ဒီလစ်ကပါ အကောင်းမြင်စကားတွေ ထုတ်ပြောလာခြင်း ဖြစ်ပါတယ်။

ဒီလစ်က ပြောရာမှာ “ သူ့ကြည့်ရတာ အရမ်း အဆင်ပြေပါတယ်။ လန်းဆန်းနေတဲ့ပုံရတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ ဘယ်လို ခံစားနေရမယ်ဆိုတာတော့ ကျနော် မသိပါဘူး။ ကျနော်ကတော့ သူ့ကို ဘာဖိအားမှ မပေးလိုပါဘူး။

သူက စိတ်ကို ရှင်းရှင်းထားပြီး တစ်ရက်ပြီး တစ်ရက် ကြိုးစားနေပါတယ်။ သူက တည်ငြိမ်နေပြီး သူဘယ်လောက်ထိ ရောက်နိုင်မလဲ သိလိုနေတယ်။ ယူရိုပြိင်ပွဲထဲ ပါဝင်နိုင်မလားဆိုတာမျိုးပေါ့။ တည်တည်ငြိမ်ငြိမ်ရှိနေတာက သူ့အတွက် ကောင်းပါတယ်။

လက်ရွေးစင်အသင်းအတွက် သူ့ကို ဘာဖိအားမှ မပေးဘဲ ဒဏ်ရာကနေ ပြန်သက်သာလာစေရမှာပါ။ ယူရိုမှာ သူပါနိုင်မလားဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ အကယ်လို့ သူပါနိုင်ရင်လည်း ပါနိုင်တာပေါ့။ မပါနိုင်ရင်လည်း သူ့နေရာမှာ အခြားသူတွေ ဝင်အားဖြည့်ပါလိမ့်မယ်။ ဒါပေမယ့် ဗန်ဒိုက်ကြည့်ရတာ အဆင်ပြေနေပုံရပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ ဗန်ဒိုက်ကို လာမယ့် ရာသီကြိုထိ အနားယူစေလိုနေပြီး နောက်ဆက်တွဲ ဒဏ်ပြန်ဖြစ်မှာကို ရှောင်ဖို့ရာ ကလပ်ပွဲကော ယူရိုပွဲကိုပါ ပေးမကစားလိုတဲ့ သဘောတွေ ထုတ်ပြောထားတာ ဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္သား ခံစစ္မွဴး ဒီလစ္က လက္ေရြးစင္ အသင္းေဖာ္ျဖစ္သူ ဗန္ဒိုက္က အေျခအေန ေကာင္းမြန္ေနတယ္လို႔ ျမင္ပါေၾကာင္း ထုတ္ေျပာလာပါတယ္။

မၾကာေသးခင္ကပဲ လက္ေရြးစင္မန္ေနဂ်ာ ဒီဘိုးဝါးက လာမယ့္ ၈ ပတ္အတြင္း ဗန္ဒိုက္ ေဘာလံုးျပန္ကစားႏိုင္ဖြယ္ရွိတယ္လို႔ ထုတ္ေျပာထားတယ္။ ဒီတစ္ၾကိမ္မွာ ခံစစ္တြဲဘက္ျဖစ္တဲ့ ဒီလစ္ကပါ အေကာင္းျမင္စကားေတြ ထုတ္ေျပာလာျခင္း ျဖစ္ပါတယ္။

ဒီလစ္က ေျပာရာမွာ “ သူ႔ၾကည့္ရတာ အရမ္း အဆင္ေျပပါတယ္။ လန္းဆန္းေနတဲ့ပံုရတယ္။ သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ အေျခအေနအရ ဘယ္လို ခံစားေနရမယ္ဆိုတာေတာ့ က်ေနာ္ မသိပါဘူး။ က်ေနာ္ကေတာ့ သူ႔ကို ဘာဖိအားမွ မေပးလိုပါဘူး။

သူက စိတ္ကို ရွင္းရွင္းထားျပီး တစ္ရက္ျပီး တစ္ရက္ ၾကိဳးစားေနပါတယ္။ သူက တည္ျငိမ္ေနျပီး သူဘယ္ေလာက္ထိ ေရာက္ႏုိင္မလဲ သိလိုေနတယ္။ ယူရိုျပိင္ပြဲထဲ ပါဝင္ႏုိင္မလားဆိုတာမ်ိဳးေပါ့။ တည္တည္ျငိမ္ျငိမ္ရွိေနတာက သူ႔အတြက္ ေကာင္းပါတယ္။

လက္ေရြးစင္အသင္းအတြက္ သူ႔ကို ဘာဖိအားမွ မေပးဘဲ ဒဏ္ရာကေန ျပန္သက္သာလာေစရမွာပါ။ ယူရိုမွာ သူပါႏုိင္မလားဆိုတာ ကိုယ္တိုင္ပဲ ဆံုးျဖတ္ရမွာပါ။ အကယ္လို႔ သူပါႏုိင္ရင္လည္း ပါႏုိင္တာေပါ့။ မပါႏုိင္ရင္လည္း သူ႔ေနရာမွာ အျခားသူေတြ ဝင္အားျဖည့္ပါလိမ့္မယ္။ ဒါေပမယ့္ ဗန္ဒိုက္ၾကည့္ရတာ အဆင္ေျပေနပံုရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဘက္ကေတာ့ ဗန္ဒိုက္ကို လာမယ့္ ရာသီၾကိဳထိ အနားယူေစလိုေနျပီး ေနာက္ဆက္တြဲ ဒဏ္ျပန္ျဖစ္မွာကို ေရွာင္ဖို႔ရာ ကလပ္ပြဲေကာ ယူရိုပြဲကိုပါ ေပးမကစားလိုတဲ့ သေဘာေတြ ထုတ္ေျပာထားတာ ျဖစ္ပါတယ္။