လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းမှ ပြင်သစ်သား လူငယ်ခံစစ်မှူး ကိုနိတ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်းကို The Athletic သတင်းထောက် David Ornstein က ဖော်ပြလာခဲ့ပါတယ်။

အဆိုပါ ဖော်ပြမှုရဲ့ ပုံစံအနေအထားအရ သဘောတူညီမှုရထားတဲ့ အခြေအနေမျိုး မဟုတ်သလို ညိနှိုင်းမှု အောင်မြင်ထားတဲ့ အခြေအနေလည်း မဟုတ်ပေမယ့် အတော်လေး စိတ်လှုပ်ရှားစရာ အခြေအနေမျိုးကို ရောက်နေတယ်လို့ ယူဆရတယ်။

ကိုနိတ်ဟာ ဥရောပရဲ့ ထိပ်တန်း အရည်အချင်းတွေ ရှိနေတဲ့ အကောင်းဆုံး လူငယ်တွေထဲက တစ်ဦးအဖြစ် လူသိများလာသူဖြစ်တယ်။ အရပ် ၆ ပေ ၄ လက်မမြင့်သလို မြန်ဆန်မှုလည်း ရှိတဲ့ ခံစစ်မှူးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်း ဥရောပရဲ့ လိဂ် ၅ ခုအတွင်းက အမြန်ဆုံး ခံစစ်မှူး ၃ ဦးစာရင်းထဲ ပါဝင်ခဲ့သူဖြစ်တယ်။

ကိုနိတ်ကို လီဗာပူးက စိတ်ဝင်စားရခြင်း အဓိက အချက်က လက်ရှိ ကလော့ပ် အသုံးပြုနေတဲ့ ခံစစ်ကြောင်းကို high line ကစားရာမှာ အံဝင်နိုင်စွမ်းရှိမှုကြောင့် ဖြစ်မယ်လို့ ယုံကြည်ရတယ်။ အသက် ၂၁ နှစ်ပဲ ရှိသေးတဲ့ ကိုနိတ်ဟာ ညာသန်ခံစစ်သမားဖြစ်ကာ ခံစစ် ၃ ယောက်တန်းကော ၄ ယောက်တန်းမှာပါ ကစားနိုင်စွမ်းရှိပါတယ်။

လီဗာပူးက ကိုနိတ်ကို ခပ်မြန်မြန် မကမ်းလှမ်းဘဲ ကင်းထောက်မှုတွေ ရှည်ကြာနေခြင်းက ကစားသမားဟာ ဒဏ်ရာ ပြဿနာတွေ ရှိထားခဲ့ဖူးခြင်းကြောင့်လို့လည်း သိရတယ်။ ပြင်သစ်သားက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ၆ ပွဲ လွဲချော်ခဲ့ဖူးသလို၊ ၂၀၁၉-၂၀၂၀ မှာလည်း ဒဏ်ရာကြောင့် ၂ လ အနားယူထားရဖူးပါတယ်။

အပြောင်းအရွှေ့ စတင်ချိန်မှာတော့ လိုက်ဇစ်ဘက်က ကစားသမားအတွက် ယူရို သန်း ၄၀ တောင်းဆိုမှာဖြစ်ပြီး ၅ နှစ်စာချုပ်ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လိုက္ဇစ္အသင္းမွ ျပင္သစ္သား လူငယ္ခံစစ္မွဴး ကိုနိတ္ကို ေခၚယူဖို႔ အေတာ္ေလး စိတ္ဝင္စားေနေၾကာင္းကို The Athletic သတင္းေထာက္ David Ornstein က ေဖာ္ျပလာခဲ့ပါတယ္။

အဆိုပါ ေဖာ္ျပမႈရဲ႕ ပံုစံအေနအထားအရ သေဘာတူညီမႈရထားတဲ့ အေျခအေနမ်ိဳး မဟုတ္သလို ညိႏိႈင္းမႈ ေအာင္ျမင္ထားတဲ့ အေျခအေနလည္း မဟုတ္ေပမယ့္ အေတာ္ေလး စိတ္လႈပ္ရွားစရာ အေျခအေနမ်ိဳးကို ေရာက္ေနတယ္လို႔ ယူဆရတယ္။

ကိုနိတ္ဟာ ဥေရာပရဲ႕ ထိပ္တန္း အရည္အခ်င္းေတြ ရွိေနတဲ့ အေကာင္းဆံုး လူငယ္ေတြထဲက တစ္ဦးအျဖစ္ လူသိမ်ားလာသူျဖစ္တယ္။ အရပ္ ၆ ေပ ၄ လက္မျမင့္သလို ျမန္ဆန္မႈလည္း ရွိတဲ့ ခံစစ္မွဴးျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေဘာလံုးရာသီ ႏွစ္ခုအတြင္း ဥေရာပရဲ႕ လိဂ္ ၅ ခုအတြင္းက အျမန္ဆံုး ခံစစ္မွဴး ၃ ဦးစာရင္းထဲ ပါဝင္ခဲ့သူျဖစ္တယ္။

ကိုနိတ္ကို လီဗာပူးက စိတ္ဝင္စားရျခင္း အဓိက အခ်က္က လက္ရွိ ကေလာ့ပ္ အသံုးျပဳေနတဲ့ ခံစစ္ေၾကာင္းကို high line ကစားရာမွာ အံဝင္ႏုိင္စြမ္းရွိမႈေၾကာင့္ ျဖစ္မယ္လို႔ ယံုၾကည္ရတယ္။ အသက္ ၂၁ ႏွစ္ပဲ ရွိေသးတဲ့ ကိုနိတ္ဟာ ညာသန္ခံစစ္သမားျဖစ္ကာ ခံစစ္ ၃ ေယာက္တန္းေကာ ၄ ေယာက္တန္းမွာပါ ကစားႏုိင္စြမ္းရွိပါတယ္။

လီဗာပူးက ကိုနိတ္ကို ခပ္ျမန္ျမန္ မကမ္းလွမ္းဘဲ ကင္းေထာက္မႈေတြ ရွည္ၾကာေနျခင္းက ကစားသမားဟာ ဒဏ္ရာ ျပႆနာေတြ ရွိထားခဲ့ဖူးျခင္းေၾကာင့္လို႔လည္း သိရတယ္။ ျပင္သစ္သားက ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ ဒဏ္ရာေၾကာင့္ ၆ ပြဲ လြဲေခ်ာ္ခဲ့ဖူးသလို၊ ၂၀၁၉-၂၀၂၀ မွာလည္း ဒဏ္ရာေၾကာင့္ ၂ လ အနားယူထားရဖူးပါတယ္။

အေျပာင္းအေရႊ႔ စတင္ခ်ိန္မွာေတာ့ လိုက္ဇစ္ဘက္က ကစားသမားအတြက္ ယူရို သန္း ၄၀ ေတာင္းဆိုမွာျဖစ္ျပီး ၅ ႏွစ္စာခ်ဳပ္ျဖစ္လာလိမ့္မယ္လို႔ သိရပါတယ္။