လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျွန်ဘန်းစ်ကတော့ ကလပ်အသင်းမှာ ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာက မမျှတတဲ့ ဝေဖန်မှုတွေ ခံနေရတယ်လို့ ယုံကြည်နေပြီး သီယေဂိုဟာ နောက်ရာသီ ပရီးမီးယားလိဂ်မှာ တကယ့် ထိပ်တန်း ကစားသမား ဖြစ်လာမယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။

သီယေဂို က ပြီးခဲ့တဲ့နွေမှာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အောက်တိုဘာလက မာဆေးဆိုဒ် ဒါဘီပွဲမှာ ဒူးဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲဦးထွက်ရာသီ အစောပိုင်း ကာလမှာတင် ဒဏ်ရာ ရခဲ့တာကြောင့် ရုန်းကန်ခဲ့ရတဲ့ သီယေဂို အပေါ် ဝေဖန်မှုတွေက ပြင်းထန်လွန်းတယ်လို့ ဂျွန်ဘန်းစ်က ဆိုပါတယ်။

သီယေဂို ကို အစောပိုင်း ဝေဖန်ခဲ့ကြသူများထဲမှာ ဂျွန်ဘန်းစ်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဘန်းစ်က လေသံ ပြောင်းလာခဲ့ပြီး စပိန်သားဟာ ဒုတိယ ရာသီမှာ တောက်ပလာမယ်လို့ ယူဆလာခဲ့ပြီ ဖြစ်ပါတယ်။

” သီယေဂို ဒီရာသီ ကြုံခဲ့ရတာကို ကျနော် စာနာနိုင်ပါတယ်။ သူ့အတွက် ဘယ်လောက် ခက်ခဲလိုက်မလဲ။ ပရိသတ်ရှေ့မှောက်မှာ မကစားရတာက ဘောလုံးသမား တိုင်း အတွက် ခက်ခဲတဲ့ ကိစ္စပါ။ အထူးသဖြင့် အင်္ဂလန်မှာ တစ်ယောက်တည်း စ လာ ကစားရသူ တစ်ယောက် အတွက် ပိုဆိုးပါမယ်။

သူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အသင်း၊ ကစားတာ ကောင်းမွန် ကျစ်လစ်နေတဲ့ အသင်းဆီ ရောက်လာတာပါ၊ အဲဒီနောက် ချက်ချင်း ဆိုသလို ဒဏ်ရာ ကိစ္စ ကြုံရတော့တာပဲ။ အခု ကစားတာ မကောင်းမွန်တော့တဲ့ အသင်းနဲ့ ပြန် ပူးပေါင်းလာရတယ်။ ဒီတော့ သူ့ကိုချည်း ဝေဖန်နေတာကတော့ မမျှတပါဘူး။

သူ အခု လက်ရှိ ကစားနေရတဲ့ အသင်း အခြေအနေကိုလည်း ကြည့်ပါ။ အန်းဖီးမှာက အဆင်မပြေမှုတွေ ရှိနေတယ်။ သူက ထိပ်တန်း ကစားသမား တစ်ယောက်ပါ။ ဒီလိုတွေ ကြုံနေရတဲ့ သူ့ကိုလည်း စာနာမိပါတယ်။ သီယေဂို အနေနဲ့ ပရိသတ် အုပ်စုတွေ ရှေ့ ကစားလိုက်ရင် ပိုပြီး တက်ကြွ ခြေစွမ်းပြလာနိုင်မယ်။

ကွင်းထဲ ပရိသတ်တွေ ပြန်လာရင် ကျနော်တို့လည်း လီဗာပူးရဲ့ ပိုကောင်းတဲ့ ရလဒ်တွေ မြင်လာရမှာပါ။ ကျနော်ကတော့ နောက်ရာသီ ဆိုရင် သူက ထိပ်တန်း စွမ်းဆောင်သူ တစ်ယောက် ပြန်ဖြစ်လာမယ်ဆိုတာ သံသယ လုံး၀ မရှိဘူး။ ” လို့ ဂျွန်ဘန်းစ်က ဆိုပါတယ်။

သီယေဂိုဟာ လီဗာပူးအတွက် သွင်းဂိုးနဲ့ ထောက်ပံ့မှု မပြုလုပ်နိုင်သေးပေမယ့် ကွင်းလယ်မှာ ဖာဘင်ညို ပြန် ပါဝင်လာတဲ့နောက် ခံစစ် တာဝန်တွေ လျော့လာကြောင့် သိသာတဲ့ တိုးတက်မှုတွေ ပြသထားပါတယ်။

Zawgyi – လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ဂၽြန္ဘန္းစ္ကေတာ့ ကလပ္အသင္းမွာ ကြင္းလယ္ကစားသမား သီေယဂို အယ္ကန္တာရာက မမွ်တတဲ့ ေ၀ဖန္မႈေတြ ခံေနရတယ္လို႔ ယံုၾကည္ေနျပီး သီေယဂိုဟာ ေနာက္ရာသီ ပရီးမီးယားလိဂ္မွာ တကယ့္ ထိပ္တန္း ကစားသမား ျဖစ္လာမယ္လို႔ ေဟာကိန္း ထုတ္လိုက္ပါတယ္။

သီေယဂို က ျပီးခဲ့တဲ့ေႏြမွာ လီဗာပူးအသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၂၀ နဲ႕ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ေအာက္တိုဘာလက မာေဆးဆိုဒ္ ဒါဘီပြဲမွာ ဒူးဒဏ္ရာ ရသြားခဲ့တာ ျဖစ္ပါတယ္။ ပြဲဦးထြက္ရာသီ အေစာပိုင္း ကာလမွာတင္ ဒဏ္ရာ ရခဲ့တာေၾကာင့္ ရုန္းကန္ခဲ့ရတဲ့ သီေယဂို အေပၚ ေ၀ဖန္မႈေတြက ျပင္းထန္လြန္းတယ္လို႔ ဂၽြန္ဘန္းစ္က ဆိုပါတယ္။

သီေယဂို ကို အေစာပိုင္း ေ၀ဖန္ခဲ့ၾကသူမ်ားထဲမွာ ဂၽြန္ဘန္းစ္လည္း ပါ၀င္ခဲ့ပါတယ္။ ဒါေပမယ့္ ခုခ်ိန္္မွာေတာ့ ဘန္းစ္က ေလသံ ေျပာင္းလာခဲ့ျပီး စပိန္သားဟာ ဒုတိယ ရာသီမွာ ေတာက္ပလာမယ္လို႔ ယူဆလာခဲ့ျပီ ျဖစ္ပါတယ္။

” သီေယဂို ဒီရာသီ ၾကံဳခဲ့ရတာကို က်ေနာ္ စာနာနုိင္ပါတယ္။ သူ႔အတြက္ ဘယ္ေလာက္ ခက္ခဲလိုက္မလဲ။ ပရိသတ္ေရွ႕ေမွာက္မွာ မကစားရတာက ေဘာလံုးသမား တိုင္း အတြက္ ခက္ခဲတဲ့ ကိစၥပါ။ အထူးသျဖင့္ အဂၤလန္မွာ တစ္ေယာက္တည္း စ လာ ကစားရသူ တစ္ေယာက္ အတြက္ ပိုဆိုးပါမယ္။

သူက ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး အသင္း၊ ကစားတာ ေကာင္းမြန္ က်စ္လစ္ေနတဲ့ အသင္းဆီ ေရာက္လာတာပါ၊ အဲဒီေနာက္ ခ်က္ခ်င္း ဆိုသလို ဒဏ္ရာ ကိစၥ ၾကံဳရေတာ့တာပဲ။ အခု ကစားတာ မေကာင္းမြန္ေတာ့တဲ့ အသင္းနဲ႕ ျပန္ ပူးေပါင္းလာရတယ္။ ဒီေတာ့ သူ႔ကိုခ်ည္း ေ၀ဖန္ေနတာကေတာ့ မမွ်တပါဘူး။

သူ အခု လက္ရွိ ကစားေနရတဲ့ အသင္း အေျခအေနကိုလည္း ၾကည့္ပါ။ အန္းဖီးမွာက အဆင္မေျပမႈေတြ ရွိေနတယ္။ သူက ထိပ္တန္း ကစားသမား တစ္ေယာက္ပါ။ ဒီလိုေတြ ၾကံဳေနရတဲ့ သူ႔ကိုလည္း စာနာမိပါတယ္။ သီေယဂို အေနနဲ႕ ပရိသတ္ အုပ္စုေတြ ေရွ႕ ကစားလိုက္ရင္ ပိုျပီး တက္ၾကြ ေျခစြမ္းျပလာနိုင္မယ္။

ကြင္းထဲ ပရိသတ္ေတြ ျပန္လာရင္ က်ေနာ္တို႔လည္း လီဗာပူးရဲ႕ ပိုေကာင္းတဲ့ ရလဒ္ေတြ ျမင္လာရမွာပါ။ က်ေနာ္ကေတာ့ ေနာက္ရာသီ ဆိုရင္ သူက ထိပ္တန္း စြမ္းေဆာင္သူ တစ္ေယာက္ ျပန္ျဖစ္လာမယ္ဆိုတာ သံသယ လံုး၀ မရွိဘူး။ ” လို႔ ဂၽြန္ဘန္းစ္က ဆိုပါတယ္။

သီေယဂိုဟာ လီဗာပူးအတြက္ သြင္းဂိုးနဲ႕ ေထာက္ပံ့မႈ မျပဳလုပ္နုိင္ေသးေပမယ့္ ကြင္းလယ္မွာ ဖာဘင္ညိဳ ျပန္ ပါ၀င္လာတဲ့ေနာက္ ခံစစ္ တာ၀န္ေတြ ေလ်ာ့လာေၾကာင့္ သိသာတဲ့ တိုးတက္မႈေတြ ျပသထားပါတယ္။