လီဗာပူးအသင်းဟာ ဒီနွေမှာ ထွက်ခွာတော့မယ့် အတ်ဒရီယန်နေရာ အစားထိုးဖို့ရာ တူရကီ လူငယ်ဂိုးသမား အော်ဂျန်း ချက်ဂါကို စိတ်ဝင်စားလာနေတယ်လို့ သိရပါတယ်။

ချက်ဂါကို ၂၀၁၉ ကတည်းက ကင်းထောက်လွှွှတ် စောင့်ကြည့်ထားခြင်းဖြစ်ကာ အယ်လီဆန်ရဲ့ အရန်အဖြစ် ကလယ်ဟာ တစ်ဦးတည်း ကျန်မယ့် အနေအထားကို ကလပ်ဘက်က စိတ်ပူနေခြင်းဖြစ်တယ်။ အယ်လီဆန်ရဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ ဒဏ်ရာ မှတ်တမ်းအရ ပွဲကစားခွင့် အတွေ့အကြုံရှိတဲ့ ဂိုးသမားတစ်ဦးကို အင်အားဖြည့်ဖို့ ကလပ်ဘက်က အလေးအနက် ကြိုးစားမှာဖြစ်တယ်။

ချက်ဂါဟာ ၂၀၁၅ ခုနှစ်မှာ ထရန်ဇွန်စပေါအသင်းအတွက် ပထမဆုံး ပွဲထွက်ကစားပေးပြီးတဲ့ နောက်ပိုင်းမှာ ပွဲပေါင်း ၁၀၆ ပွဲခန့် ကစားပေးထားသူလည်း ဖြစ်ပါတယ်။ လီဗာပူးကင်းထောက်တွေက တူရကီ ဂိုးသမားရဲ့ လက်စွမ်းကို သေချာကြည့်ဖို့ နော်ဝေနဲ့ တူရကီတို့ရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲကိုလည်း တက်ရောက်ကြည့်ခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာ လီဗာပူးကင်းထောက်တွေ စောင့်ကြည့်ခဲ့တာက ဟာလန်း၊ အိုဒီဂတ်တို့လည်း ပါဝင်ဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးက အငှား ခေါ်ယူထားတဲ့ ခံစစ်မှူး ခါဘတ်က ချက်ဂါကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေမှာ အရေးပါသူ ဖြစ်လာဖို့လည်း ရှိလာနေတယ်။

၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ချက်ဂါရဲ့ ပြောင်းရွှေ့ကြေးက အမြင့်ဆုံးအားဖြင့် ပေါင် ၁၅ သန်း ရှိနိုင်ပြီး သူ့ကို ခေါ်ယူရေးအတွက် လီဗာပူးက ဆီးဗီးလား၊ လိုက်ဇစ်တို့နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ ထရန်ဇွန်စပေါအသင်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို သိမ်းပိုက်ထားတဲ့ ချက်ဂါဟာ ဒီရာသီမှာ ၂၉ ပွဲ ကစားပြီး clean sheets ၁၀ ကြိမ်ထိ ရယူပေးထားတာဖြစ်တယ်။

လာမယ့်နွေမှာ လီဗာပူးခေါ်ယူနိုင်တဲ့ ဦးစားပေး ကစားသမားတွေက ခံစစ်မှူး၊ ဂိုးသမား နေရာတွေ ဖြစ်လာမှာပါ။ ပြီးရင်တော့ တိုက်စစ်သမားတစ်ဦးကို ခေါ်ယူသွားမှာဖြစ်ကာ အခြေအနေပေးရင် ကွင်းလယ်ပိုင်းအတွက်လည်း တစ်ဦး ခေါ်ယူသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ ထြက္ခြာေတာ့မယ့္ အတ္ဒရီယန္ေနရာ အစားထိုးဖို႔ရာ တူရကီ လူငယ္ဂိုးသမား ေအာ္ဂ်န္း ခ်က္ဂါကို စိတ္ဝင္စားလာေနတယ္လို႔ သိရပါတယ္။

ခ်က္ဂါကို ၂၀၁၉ ကတည္းက ကင္းေထာက္လႊႊတ္ ေစာင့္ၾကည့္ထားျခင္းျဖစ္ကာ အယ္လီဆန္ရဲ႕ အရန္အျဖစ္ ကလယ္ဟာ တစ္ဦးတည္း က်န္မယ့္ အေနအထားကို ကလပ္ဘက္က စိတ္ပူေနျခင္းျဖစ္တယ္။ အယ္လီဆန္ရဲ႕ ျပီးခဲ့တဲ့ ႏွစ္ရာသီ ဒဏ္ရာ မွတ္တမ္းအရ ပြဲကစားခြင့္ အေတြ႔အၾကံဳရွိတဲ့ ဂိုးသမားတစ္ဦးကို အင္အားျဖည့္ဖို႔ ကလပ္ဘက္က အေလးအနက္ ၾကိဳးစားမွာျဖစ္တယ္။

ခ်က္ဂါဟာ ၂၀၁၅ ခုႏွစ္မွာ ထရန္ဇြန္စေပါအသင္းအတြက္ ပထမဆံုး ပြဲထြက္ကစားေပးျပီးတဲ့ ေနာက္ပိုင္းမွာ ပြဲေပါင္း ၁၀၆ ပြဲခန္႔ ကစားေပးထားသူလည္း ျဖစ္ပါတယ္။ လီဗာပူးကင္းေထာက္ေတြက တူရကီ ဂိုးသမားရဲ႕ လက္စြမ္းကို ေသခ်ာၾကည့္ဖို႔ ေနာ္ေဝနဲ႔ တူရကီတို႔ရဲ႕ ကမၻာဖလား ေျခစစ္ပြဲကိုလည္း တက္ေရာက္ၾကည့္ခဲ့ၾကပါတယ္။

တစ္ဆက္တည္းမွာ လီဗာပူးကင္းေထာက္ေတြ ေစာင့္ၾကည့္ခဲ့တာက ဟာလန္း၊ အိုဒီဂတ္တို႔လည္း ပါဝင္ဖြယ္ရွိေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ လီဗာပူးက အငွား ေခၚယူထားတဲ့ ခံစစ္မွဴး ခါဘတ္က ခ်က္ဂါကို ေခၚယူဖို႔ ကမ္းလွမ္းမႈေတြမွာ အေရးပါသူ ျဖစ္လာဖို႔လည္း ရွိလာေနတယ္။

၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ ခ်က္ဂါရဲ႕ ေျပာင္းေရႊ႔ေၾကးက အျမင့္ဆံုးအားျဖင့္ ေပါင္ ၁၅ သန္း ရွိႏုိင္ျပီး သူ႔ကို ေခၚယူေရးအတြက္ လီဗာပူးက ဆီးဗီးလား၊ လိုက္ဇစ္တို႔နဲ႔ ယွဥ္ျပိဳင္ရဖြယ္ ရွိေနပါတယ္။ ထရန္ဇြန္စေပါအသင္းရဲ႕ နံပါတ္ ၁ ဂိုးသမားေနရာကို သိမ္းပိုက္ထားတဲ့ ခ်က္ဂါဟာ ဒီရာသီမွာ ၂၉ ပြဲ ကစားျပီး clean sheets ၁၀ ၾကိမ္ထိ ရယူေပးထားတာျဖစ္တယ္။

လာမယ့္ေႏြမွာ လီဗာပူးေခၚယူႏုိင္တဲ့ ဦးစားေပး ကစားသမားေတြက ခံစစ္မွဴး၊ ဂိုးသမား ေနရာေတြ ျဖစ္လာမွာပါ။ ျပီးရင္ေတာ့ တိုက္စစ္သမားတစ္ဦးကို ေခၚယူသြားမွာျဖစ္ကာ အေျခအေနေပးရင္ ကြင္းလယ္ပိုင္းအတြက္လည္း တစ္ဦး ေခၚယူသြားဖို႔ ရွိေနတာျဖစ္ပါတယ္။