ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံတာအတွက် ထူးပြီး ခံစားရမှုတွေ မရှိဘူးလို့ ဆာလာက ပြောပါတယ်။

၂၀၁၈ မှာတုန်းက ဆာလာ အရမ်းကို တောက်ပခဲ့တဲ့ ဘောလုံးရာသီမှာ လီဗာပူးက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရတာပါ။ ထိုစဉ်တုန်းက ခံစစ်မှူး ရာမိုစ့်ကြောင့် ဆာလာ ပုခုံးမှာ ဒဏ်ရာကြီး ရခဲ့သေးတာ ဖြစ်ပါတယ်။

ဆာလာက ” လီဗာပူးရဲ့ ချန်ပီယံလိဂ် ကွာတားတွဲဘက်ကို သိပြီးနောက် ပထမဆုံးတွေးမိတာက ဆီမီးကို တက်နိုင်ရင် ကောင်းမယ်ဆိုတာပါပဲ။ ရီးရဲလ်မက်ဒရစ်နဲ့ အတွဲ ကျပါစေဆိုပြီးတော့ စဉ်းစားမိတာမျိုး မရှိပါဘူး။ ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ကျကျ ကျနော် ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်နဲ့ ဗိုလ်လုပွဲမှာ တွေ့ခဲ့ပြီး ဒီအဆင့်မှာ တွေ့တာ ကောင်းလားဆိုရင် ကျနော်အတွက်တော့ အဲ့တာက အရေးမကြီးပါဘူး။ ကျနေ်ာတို့ ကွာတားဖိုင်နယ်ကို ရောက်နေပါပြီ။ အသင်းတိုင်းက ထိပ်တန်းအသင်းတွေ၊ သိပ်ကောင်းတဲ့ အသင်းတွေဖြစ်ပါတယ်။

ရာမိုစ့်နဲ့ပွဲအကြောင်း ပြောရအောင်ကလည်း ပြီးခဲ့တဲ့ပွဲက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အသင်းအကြောင်းပဲ ကျနော် စဉ်းစားနေပါတယ်။ လူတိုင်းက ကိုယ်အသင်းအတွက်ပဲ အာရုံစိုက်ပြီး အနိုင်ရချင်တာပါပဲ။ အဲ့နောက်ပိုင်းမှာ ကျနေ်ာတို့ ပရီးမီးယားလိဂ်ကော ချန်ပီယံလိဂ်ကောပါ အနိုင်ရခဲ့ပါတယ်။ အဲ့တာက ကြီးမားတဲ့ နိုင်ပွဲပါပဲ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ် ကစားသမားတစ်ဦးကို လီဗာပူးအတွက် ခေါ်ယူလို့ ရနိုင်မယ်ဆိုရင် ဆိုတဲ့ မေးခွန်းအတွက် ဆာလာက ” ကျနော်ကတော့ ကျနော်ရဲ့ အသင်းက လုံလောက်မှုရှိတယ်လို့ ထင်ပါတယ်။ ဒီလိုပဲ ပြောလိုပါတယ် ” ဆိုပြီး ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႔ဆံုတာအတြက္ ထူးျပီး ခံစားရမႈေတြ မရွိဘူးလို႔ ဆာလာက ေျပာပါတယ္။

၂၀၁၈ မွာတုန္းက ဆာလာ အရမ္းကို ေတာက္ပခဲ့တ့ဲ ေဘာလံုးရာသီမွာ လီဗာပူးက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ရီးရဲလ္မက္ဒရစ္ျဖင့္ ယွဥ္ျပိဳင္ခဲ့ရတာပါ။ ထိုစဥ္တုန္းက ခံစစ္မွဴး ရာမိုစ့္ေၾကာင့္ ဆာလာ ပုခံုးမွာ ဒဏ္ရာၾကီး ရခဲ့ေသးတာ ျဖစ္ပါတယ္။

ဆာလာက ” လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ကြာတားတြဲဘက္ကို သိျပီးေနာက္ ပထမဆံုးေတြးမိတာက ဆီမီးကို တက္ႏိုင္ရင္ ေကာင္းမယ္ဆိုတာပါပဲ။ ရီးရဲလ္မက္ဒရစ္နဲ႔ အတြဲ က်ပါေစဆိုျပီးေတာ့ စဥ္းစားမိတာမ်ိဳး မရွိပါဘူး။ ကြာတားဖိုင္နယ္မွာ ဘယ္အသင္းနဲ႔က်က် က်ေနာ္ ဂရုစိုက္ေနမွာ မဟုတ္ပါဘူး။

ရီးရဲလ္မက္ဒရစ္နဲ႔ ဗိုလ္လုပြဲမွာ ေတြ႔ခဲ့ျပီး ဒီအဆင့္မွာ ေတြ႔တာ ေကာင္းလားဆိုရင္ က်ေနာ္အတြက္ေတာ့ အဲ့တာက အေရးမၾကီးပါဘူး။ က်ေန္ာတို႔ ကြာတားဖိုင္နယ္ကို ေရာက္ေနပါျပီ။ အသင္းတိုင္းက ထိပ္တန္းအသင္းေတြ၊ သိပ္ေကာင္းတဲ့ အသင္းေတြျဖစ္ပါတယ္။

ရာမိုစ့္နဲ႔ပြဲအေၾကာင္း ေျပာရေအာင္ကလည္း ျပီးခဲ့တဲ့ပြဲက အတိတ္မွာ က်န္ခဲ့ပါျပီ။ အသင္းအေၾကာင္းပဲ က်ေနာ္ စဥ္းစားေနပါတယ္။ လူတိုင္းက ကိုယ္အသင္းအတြက္ပဲ အာရံုစိုက္ျပီး အႏုိင္ရခ်င္တာပါပဲ။ အဲ့ေနာက္ပိုင္းမွာ က်ေန္ာတို႔ ပရီးမီးယားလိဂ္ေကာ ခ်န္ပီယံလိဂ္ေကာပါ အႏုိင္ရခဲ့ပါတယ္။ အဲ့တာက ၾကီးမားတဲ့ ႏုိင္ပြဲပါပဲ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ရီးရဲလ္မက္ဒရစ္ ကစားသမားတစ္ဦးကို လီဗာပူးအတြက္ ေခၚယူလို႔ ရႏုိင္မယ္ဆိုရင္ ဆိုတဲ့ ေမးခြန္းအတြက္ ဆာလာက ” က်ေနာ္ကေတာ့ က်ေနာ္ရဲ႕ အသင္းက လံုေလာက္မႈရွိတယ္လို႔ ထင္ပါတယ္။ ဒီလိုပဲ ေျပာလိုပါတယ္ ” ဆိုျပီး ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။