လီဗာပူးအသင်းဟာ ဒီနွေမှာ ခေါ်ယူဖို့အတွက် ခံစစ်မှူးသစ်နဲ့ ပက်သက်လို့ အတည်ပြု ဆုံးဖြတ်ချက်တွေ လုပ်ထားပြီးတဲ့ အနေအထားဖြစ်ကာ ရာသီကုန်မှာတော့ ကိစ္စတွေကို စတင်သွားနိုင်ပါတယ်။

ဇန်နဝါရီမှာ ခါဘတ်ကို ရှော်ကေးကနေ အလိုရှိက ရာသီကုန်မှာ ခေါ်ယူပိုင်ခွင့်ဖြင့် အငှားခေါ်ယူထားသော်လည်း လီဗာပူးက သူ့ကို သေချာပေါက် ခေါ်ယူမယ်လို့ မဆိုလိုပါဘူး။ လက်ရှိမှာ ကလပ်က လိုက်ဇစ်မှ ကိုနိတ်၊ ခါဘတ်၊ ဘရိုက်တန်မှ ဘမ်ဝိုက်၊ မာဆေးမှ ကလီတာကာနဲ့ လက်စတာမှ ဆိုရန်ချူးဆိုတဲ့ ခံစစ်မှူး ၅ ဦးကို စောင့်ကြည့်နေတဲ့ အနေအထားဖြစ်တယ်။

ဒီနွေမှာတော့ လီဗာပူးက ခံစစ်မှူးသစ် နှစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။ အစောပိုင်းတုန်းကတော့ ခါဘတ်နဲ့ ဝါရင့် ခံစစ်မှူးတစ်ဦးလို့ သိထားရပေမယ့် ဒီနောက်ပိုင်း သတင်းတွေအရတော့ လူငယ်ခံစစ်သမား နှစ်ဦး ဖြစ်လာမလားဆိုတဲ့ အမြင်တွေ များလာပါတယ်။ ခါဘတ်ကို ခေါ်ယူရင် ပေါင် ၁၈ သန်း ကုန်ကျမှာဖြစ်ပြီး ကိုနိတ်အတွက်က ပေါင် ၃၄ သန်း ကုန်ကျမှာပါ။

ကိုနိတ်နဲ့ ပက်သက်ပြီး လိုက်ဇစ်မန်နေဂျာဟောင်း ရမ်နစ်က ” အူပါမီကာနိုက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လျှင်မြန်မှုတွေနဲ့ ကစားတတ်သူဖြစ်ပြီး အိုင်ဘူ(ကိုနိတ်) ကတော့ ဦးနှောက်နဲ့ ဘောလုံးကစားသူ ဖြစ်ပါတယ်။ သူက ပွဲကို ကြိုဖတ်မှုမှာ ကောင်းမွန်ပြီး နေရာယူလည်း ကောင်းမွန်သူဖြစ်ပါတယ် ” လို့ မှတ်ချကပေးခဲ့တယ်။

ဒီရာသီမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာရခဲ့တာက ကလပ်ရဲ့ စွမ်းဆောင်ရည်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်။ သူတို့ ၃ ဦးဟာ ဒဏ်ရာကနေ ပြန်သက်သာလာပေမယ့် ရာသီကြိုမှာ ဘယ်လောက် အတိုင်းအတာဖြင့် ပူးပေါင်းနိုင်မလဲ မသိရသေးပါဘူး။

နွေမှာ အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူမယ့် ခံစစ်မှူးတွေက ရာသီကြို မစတင်ခင်မှာ ကလပ်ဖြင့် လာရောက် ပူးပေါင်းနိုင်ရမှာဖြစ်ကာ ခေါ်ယူမှုတွေက ခပ်စောစော ပြီးပြတ်လိမ့်မယ်လို့ သိလာရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ ေခၚယူဖို႔အတြက္ ခံစစ္မွဴးသစ္နဲ႔ ပက္သက္လို႔ အတည္ျပဳ ဆံုးျဖတ္ခ်က္ေတြ လုပ္ထားျပီးတဲ့ အေနအထားျဖစ္ကာ ရာသီကုန္မွာေတာ့ ကိစၥေတြကို စတင္သြားႏုိင္ပါတယ္။

ဇန္နဝါရီမွာ ခါဘတ္ကို ေရွာ္ေကးကေန အလိုရွိက ရာသီကုန္မွာ ေခၚယူပိုင္ခြင့္ျဖင့္ အငွားေခၚယူထားေသာ္လည္း လီဗာပူးက သူ႔ကို ေသခ်ာေပါက္ ေခၚယူမယ္လို႔ မဆိုလိုပါဘူး။ လက္ရွိမွာ ကလပ္က လိုက္ဇစ္မွ ကိုနိတ္၊ ခါဘတ္၊ ဘရိုက္တန္မွ ဘမ္ဝိုက္၊ မာေဆးမွ ကလီတာကာနဲ႔ လက္စတာမွ ဆိုရန္ခ်ဴးဆိုတဲ့ ခံစစ္မွဴး ၅ ဦးကို ေစာင့္ၾကည့္ေနတဲ့ အေနအထားျဖစ္တယ္။

ဒီေႏြမွာေတာ့ လီဗာပူးက ခံစစ္မွဴးသစ္ ႏွစ္ဦးကို ေခၚယူသြားဖို႔ စီစဥ္ထားပါတယ္။ အေစာပိုင္းတုန္းကေတာ့ ခါဘတ္နဲ႔ ဝါရင့္ ခံစစ္မွဴးတစ္ဦးလို႔ သိထားရေပမယ့္ ဒီေနာက္ပိုင္း သတင္းေတြအရေတာ့ လူငယ္ခံစစ္သမား ႏွစ္ဦး ျဖစ္လာမလားဆိုတဲ့ အျမင္ေတြ မ်ားလာပါတယ္။ ခါဘတ္ကို ေခၚယူရင္ ေပါင္ ၁၈ သန္း ကုန္က်မွာျဖစ္ျပီး ကိုနိတ္အတြက္က ေပါင္ ၃၄ သန္း ကုန္က်မွာပါ။

ကိုနိတ္နဲ႔ ပက္သက္ျပီး လိုက္ဇစ္မန္ေနဂ်ာေဟာင္း ရမ္နစ္က ” အူပါမီကာႏိုက သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ၊ လွ်င္ျမန္မႈေတြနဲ႔ ကစားတတ္သူျဖစ္ျပီး အိုင္ဘူ(ကိုနိတ္) ကေတာ့ ဦးေႏွာက္နဲ႔ ေဘာလံုးကစားသူ ျဖစ္ပါတယ္။ သူက ပြဲကို ၾကိဳဖတ္မႈမွာ ေကာင္းမြန္ျပီး ေနရာယူလည္း ေကာင္းမြန္သူျဖစ္ပါတယ္ ” လို႔ မွတ္ခ်ကေပးခဲ့တယ္။

ဒီရာသီမွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ဒဏ္ရာရခဲ့တာက ကလပ္ရဲ႕ စြမ္းေဆာင္ရည္ကို ၾကီးၾကီးမားမား ထိခိုက္ေစခဲ့တယ္။ သူတို႔ ၃ ဦးဟာ ဒဏ္ရာကေန ျပန္သက္သာလာေပမယ့္ ရာသီၾကိဳမွာ ဘယ္ေလာက္ အတုိင္းအတာျဖင့္ ပူးေပါင္းႏုိင္မလဲ မသိရေသးပါဘူး။

ေႏြမွာ အျပီးသတ္စာခ်ဳပ္ျဖင့္ ေခၚယူမယ့္ ခံစစ္မွဴးေတြက ရာသီၾကိဳ မစတင္ခင္မွာ ကလပ္ျဖင့္ လာေရာက္ ပူးေပါင္းႏုိင္ရမွာျဖစ္ကာ ေခၚယူမႈေတြက ခပ္ေစာေစာ ျပီးျပတ္လိမ့္မယ္လို႔ သိလာရတာျဖစ္ပါတယ္။