Month

March 2021

ကိုနိတ်က ဦးနှောက်သုံးပြီး ကစားတဲ့ ခံစစ်မှူးလို့ လိုက်ဇစ်မန်နေဂျာဟောင်း ရမ်နစ် ထုတ်ပြော

လီဗာပူးအသင်းဟာ ဒီနွေမှာ ခေါ်ယူဖို့အတွက် ခံစစ်မှူးသစ်နဲ့ ပက်သက်လို့ အတည်ပြု ဆုံးဖြတ်ချက်တွေ လုပ်ထားပြီးတဲ့ အနေအထားဖြစ်ကာ ရာသီကုန်မှာတော့ ကိစ္စတွေကို စတင်သွားနိုင်ပါတယ်။ ဇန်နဝါရီမှာ ခါဘတ်ကို ရှော်ကေးကနေ အလိုရှိက ရာသီကုန်မှာ ခေါ်ယူပိုင်ခွင့်ဖြင့် အငှားခေါ်ယူထားသော်လည်း လီဗာပူးက သူ့ကို သေချာပေါက် ခေါ်ယူမယ်လို့ မဆိုလိုပါဘူး။ လက်ရှိမှာ ကလပ်က လိုက်ဇစ်မှ ကိုနိတ်၊ ခါဘတ်၊ ဘရိုက်တန်မှ ဘမ်ဝိုက်၊ မာဆေးမှ ကလီတာကာနဲ့ လက်စတာမှ ဆိုရန်ချူးဆိုတဲ့ ခံစစ်မှူး ၅ ဦးကို စောင့်ကြည့်နေတဲ့ အနေအထားဖြစ်တယ်။… Continue Reading →

ရီးရဲလ်မက်ဒရစ်ကနေ ဘယ်ကစားသမားကို လီဗာပူးအတွက် ခေါ်လိုလဲ မေးခွန်းကို ဆာလာ ပြန်ဖြေ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံတာအတွက် ထူးပြီး ခံစားရမှုတွေ မရှိဘူးလို့ ဆာလာက ပြောပါတယ်။ ၂၀၁၈ မှာတုန်းက ဆာလာ အရမ်းကို တောက်ပခဲ့တဲ့ ဘောလုံးရာသီမှာ လီဗာပူးက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရတာပါ။ ထိုစဉ်တုန်းက ခံစစ်မှူး ရာမိုစ့်ကြောင့် ဆာလာ ပုခုံးမှာ ဒဏ်ရာကြီး ရခဲ့သေးတာ ဖြစ်ပါတယ်။ ဆာလာက ” လီဗာပူးရဲ့ ချန်ပီယံလိဂ် ကွာတားတွဲဘက်ကို သိပြီးနောက် ပထမဆုံးတွေးမိတာက ဆီမီးကို တက်နိုင်ရင် ကောင်းမယ်ဆိုတာပါပဲ။ ရီးရဲလ်မက်ဒရစ်နဲ့ အတွဲ ကျပါစေဆိုပြီးတော့… Continue Reading →

ပေါင် ၁၅ သန်းလောက် ကုန်ကျမယ့် ထရာဇွန်စပေါအသင်း ဂိုးသမားကို လီဗာပူးအသင်း ခေါ်ယူလို

လီဗာပူးအသင်းဟာ ဒီနွေမှာ ထွက်ခွာတော့မယ့် အတ်ဒရီယန်နေရာ အစားထိုးဖို့ရာ တူရကီ လူငယ်ဂိုးသမား အော်ဂျန်း ချက်ဂါကို စိတ်ဝင်စားလာနေတယ်လို့ သိရပါတယ်။ ချက်ဂါကို ၂၀၁၉ ကတည်းက ကင်းထောက်လွှွှတ် စောင့်ကြည့်ထားခြင်းဖြစ်ကာ အယ်လီဆန်ရဲ့ အရန်အဖြစ် ကလယ်ဟာ တစ်ဦးတည်း ကျန်မယ့် အနေအထားကို ကလပ်ဘက်က စိတ်ပူနေခြင်းဖြစ်တယ်။ အယ်လီဆန်ရဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ ဒဏ်ရာ မှတ်တမ်းအရ ပွဲကစားခွင့် အတွေ့အကြုံရှိတဲ့ ဂိုးသမားတစ်ဦးကို အင်အားဖြည့်ဖို့ ကလပ်ဘက်က အလေးအနက် ကြိုးစားမှာဖြစ်တယ်။ ချက်ဂါဟာ ၂၀၁၅ ခုနှစ်မှာ ထရန်ဇွန်စပေါအသင်းအတွက်… Continue Reading →

နောက်ရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တန်းဖြစ်လာမယ့် လီဗာပူးအသင်းသားကို ဂျွန်ဘန်းစ် ဟောကိန်းထုတ်

လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျွန်ဘန်းစ်ကတော့ ကလပ်အသင်းမှာ ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာက မမျှတတဲ့ ဝေဖန်မှုတွေ ခံနေရတယ်လို့ ယုံကြည်နေပြီး သီယေဂိုဟာ နောက်ရာသီ ပရီးမီးယားလိဂ်မှာ တကယ့် ထိပ်တန်း ကစားသမား ဖြစ်လာမယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။ သီယေဂို က ပြီးခဲ့တဲ့နွေမှာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အောက်တိုဘာလက မာဆေးဆိုဒ် ဒါဘီပွဲမှာ ဒူးဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲဦးထွက်ရာသီ အစောပိုင်း ကာလမှာတင်… Continue Reading →

လိုက်ဇစ်မှ ကိုနိတ်ကို လီဗာပူးက ယူရို သန်း ၄၀ ဖြင့် ခေါ်ယူဖို့ နီးစပ်ကြောင်း သတင်းကြီးလာ

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းမှ ပြင်သစ်သား လူငယ်ခံစစ်မှူး ကိုနိတ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်းကို The Athletic သတင်းထောက် David Ornstein က ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ ဖော်ပြမှုရဲ့ ပုံစံအနေအထားအရ သဘောတူညီမှုရထားတဲ့ အခြေအနေမျိုး မဟုတ်သလို ညိနှိုင်းမှု အောင်မြင်ထားတဲ့ အခြေအနေလည်း မဟုတ်ပေမယ့် အတော်လေး စိတ်လှုပ်ရှားစရာ အခြေအနေမျိုးကို ရောက်နေတယ်လို့ ယူဆရတယ်။ ကိုနိတ်ဟာ ဥရောပရဲ့ ထိပ်တန်း အရည်အချင်းတွေ ရှိနေတဲ့ အကောင်းဆုံး လူငယ်တွေထဲက တစ်ဦးအဖြစ် လူသိများလာသူဖြစ်တယ်။ အရပ်… Continue Reading →

ဗန်ဒိုက်ရဲ့ အခြေအနေက ကောင်းနေပါတယ်လို့ ထုတ်ပြောလာပြန်တဲ့ ခံစစ်မှူး ဒီလစ်

နယ်သာလန်သား ခံစစ်မှူး ဒီလစ်က လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဗန်ဒိုက်က အခြေအနေ ကောင်းမွန်နေတယ်လို့ မြင်ပါကြောင်း ထုတ်ပြောလာပါတယ်။ မကြာသေးခင်ကပဲ လက်ရွေးစင်မန်နေဂျာ ဒီဘိုးဝါးက လာမယ့် ၈ ပတ်အတွင်း ဗန်ဒိုက် ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ ထုတ်ပြောထားတယ်။ ဒီတစ်ကြိမ်မှာ ခံစစ်တွဲဘက်ဖြစ်တဲ့ ဒီလစ်ကပါ အကောင်းမြင်စကားတွေ ထုတ်ပြောလာခြင်း ဖြစ်ပါတယ်။ ဒီလစ်က ပြောရာမှာ “ သူ့ကြည့်ရတာ အရမ်း အဆင်ပြေပါတယ်။ လန်းဆန်းနေတဲ့ပုံရတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ ဘယ်လို ခံစားနေရမယ်ဆိုတာတော့ ကျနော် မသိပါဘူး။ ကျနော်ကတော့… Continue Reading →

ကလပ်က မှန်တယ် အချိန်မှားခဲ့တာပါဆိုတဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျိုးကိုး

၂၀၁၀ မှာ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးကနေ လီဗာပူးကို ပြောင်းခဲ့ပေမယ့် မအောင်မြင်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်းအပေါ် ဂျိုးကိုးက မှတ်ချက်ပေးမှု လုပ်လာခဲ့ပါတယ်။ ချယ်ဆီးနဲ့ တောက်ပခဲ့တဲ့ အင်္ဂလန်တိုက်စစ်အားသန် ကွင်းလယ်လူကို လီဗာပူးပရိသတ်တွေ မျှော်လင့်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘူး။ မန်နေဂျာရွိုင်ဟောင်ဆန်ရဲ့ ခေါ်ယူမှုဖြင့် အသင်းကို ရောက်လာခဲ့ကာ မန်နေဂျာအပြောင်းအလဲ ပိုင်ရှင်အပြောင်းအလဲနဲ့အတူ ဂျိုးကိုးဟာ နောက်ပိုင်းမှာ လိုင်လီကို အငှားထွက်ပြီး ဝက်ဟမ်းကို အပြီးသတ် ပြောင်းသွားခဲ့ပါတယ်။ ဂျိုးကိုးက “ ကျနော်နဲ့ ပက်သက်ပြီး လီဗာပူးပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီဖြစ်လို့ အဲ့ထက်ပိုပြီး… Continue Reading →

ဒန်နီဝတ်၊ အယ်ဂျာရီယာ၊ အင့်၊ ဘရူးစတား၊ ဟိုဗာတို့နဲ့ ပက်သက်တဲ့ စာချုပ်ပါအချက် ထွက်ပေါ်

မာဆေးဆိုဒ်အခြေစိုက် Echo သတင်းကနေပြီး လီဗာပူးဘက်က ကစားသမား ရောင်းထုတ်မှုတွေ လုပ်ထားရာမှာ အကျိုးခံစားခွင့်တွေ ထပ်ရဖို့ သဘောတူညီထားတဲ့ ကစားသမား အချို့ရဲ့ စာချုပ်ပါအချက်တွေကို အောက်ပါအတိုင်း ဖော်ထုတ်ခဲ့ပါတယ်။ ၂၀၁၈ တုန်းက လီဗာပူးအသင်းဟာ လူငယ်ဂိုးသမား ဒန်နီဝတ်ကို လက်စတာအသင်းထံ ပေါင် ၁၂.၅ သန်းဖြင့် ရောင်းထုတ်ခဲ့တယ်။ သူဟာ မန်နေဂျာဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်မှာ ပထမဂိုးသမား မဖြစ်လာခဲ့ဘဲ အသင်းပြောင်းဖို့ ကြိုးစားနိုင်ပါတယ်။ ဒန်နီဝတ် အသင်းပြောင်းခဲ့ရင် ရမယ့် ပြောင်းရွှေ့ကြေးထဲက ၂၀% ကို လီဗာပူးဘက်က ခံစားခွင့်ရပါမယ်။… Continue Reading →

လီဗာပူးရဲ့ ဆိုးရွားတဲ့ အခြေအနေတွေအတွက် ဆင်ခြေပေးဖို့ ငြင်းဆန်ခဲ့တဲ့ မာနေး

လီဗာပူးတိုက်စစ်သမား မာနေးက အခြေအနေတွေအတွက် ဆင်ခြေတွေ ပေးနေခြင်းထက် ကိုယ်ရဲ့ တက်ကြွတဲ့ စိတ်ဓါတ်အင်အားတွေကို ထိန်းသိမ်းပြီး ဆက်လက် ယှဉ်ပြိုင်ဖို့ လိုတယ်ဆိုတာ နားလည်ထားပါကြောင်း ထုတ်ပြောလာပါတယ်။ ဒီရာသီမှာ လီဗာပူးအတွက် ၃၇ ပွဲကစားပြီး ကိုယ်တိုင် ၁၂ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးမှု လုပ်ထားတဲ့ မာနေးဟာ သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီကိုတော့ မဖန်တီးထားနိုင်ပါဘူး။ အရင်နှစ်တွေကလို တိုက်စစ်မှာ ထက်မြက်တဲ့ စွမ်းဆောင်ရည်တွေ မပြသနိုင်ဘူးဆိုတာ နားလည်ထားတဲ့ မာနေးကတော့ အချိုးအကွေ့တွေကို လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!