Month

March 2021

အဲဗာတန်တိုက်စစ်သမား ရစ်ချာလီဆန်ရဲ့ တောင်းပန်မှုကို အဖက်မလုပ်ဘဲ လစ်လျူရှုခဲ့တဲ့ သီယာဂို

လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ဘောလုံးစကေးကောင်းမှုနဲ့ ပက်သက်လာရင် နာမည်ကျော်သူဖြစ်ပြီး သူကလည်း ဗန်ဒိုက်လို မာန်မာနကြီးသူတစ်ယောက် ဖြစ်ဟန်ရှိပါတယ်။ လီဗာပူးကို ပြောင်းလာမှု အစပိုင်းမှာပဲ သီယာဂိုဟာ အဲဗာတန် တိုက်စစ်သမား ရစ်ချာလီဆန်ရဲ့ အဆင်အခြင်ကင်းမဲ့တဲ့ ဖြတ်ထုတ်မှုကြောင့် ၃ လ နီးပါး အနားယူခဲ့ရတယ်။ အဆိုပါဖြစ်ရပ်အတွက် ရစ်ချာလီဆန်ကတော့ တိုက်ရိုက် အနီကဒ်နဲ့အတူ ၃ ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။ သူတို့ နှစ်ဦးဟာ နောက်ဆုံးအကြိမ်အဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ မာဆေးဆိုဒ်ဒါဘီမှာလည်း ထိပ်တိုက်တွေ့ခဲ့ပြီး လီဗာပူးက ၂-၀ ဖြင့်… Continue Reading →

ရာသီကြိုမှာ လီဗာပူးဘက်က အရောင်းတင်မယ့် အသင်းသား ၆ ဦးနှင့် အရန်ခုံအတွက် အစီအစဉ်

လာမယ့် နွေမှာတော့ လီဗာပူးအသင်းဟာ မပြီးပြတ်သေးတဲ့ လူစာရင်းကိစ္စတွေကို ခပ်သွက်သွက် လုပ်ဆောင်သွားမှာဖြစ်ပြီး အရန်စုဖွဲ့မှုတွေကို ပြင်ဆင်ဖို့လည်း ဦးစားပေးမယ်လို့ The Athletic က ဖော်ပြပါတယ်။ ဝိုက်နယ်ဒမ် ထွက်ခွာသွားဖို့ ၉၀% သေချာနေပြီဖြစ်ကာ သူ့နေရာအတွက် ကားတစ်ဂျုံးဟာ ကိတ်တာ၊ ချိန်ဘာလိန်တို့နဲ့အပြိုင် ကြိုးစားရတော့မယ်လို့ သိရတယ်။ ဂျုံးဟာ ဒီရာသီမှာလည်း ပွဲကစားခွင့်တွေ ရနေပေမယ့် ရာသီကြိုမှာ သူ့ရဲ့ ပူးပေါင်းနိုင်စွမ်းတွေက ပွဲကစားခွင့်တွေ ပိုရလာဖို့ ရလဒ်ဖြစ်လာစေပါမယ်။ တိုက်စစ်အတွက် ဂျိုတာက ရွေးချယ်စရာတစ်ခု ဖြစ်လာနေပေမယ့် ရာသီကြိုမှာ မန်နေဂျာကလော့ပ်… Continue Reading →

လီဗာပူးက ခါဘတ်နဲ့ ကိုနိတ်ကြား ဘယ်သူ့ကို ခေါ်မလဲအတွက် သတင်းထောက် James Pearce ရှင်းပြ

လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူးတစ်ဦးကို သေချာပေါက် ခေါ်ယူမှာဖြစ်ပေမယ့် ပရိသတ်တွေ ယူဆထားသလို ခါဘတ်ဖြစ်လာမယ်လို့ ကံသေကံမ မပြောနိုင်သေးကြောင်း သတင်းထောက် James Pearce က ထုတ်ပြောလာပါတယ်။ လီဗာပူးနဲ့ ကိုနိတ်တို့ကြား အပြောင်းအရွှေ့ ကိစ္စတွေ သတင်းကြီးလာတဲ့နောက် ပရိသတ်တွေကြားမှာ ခါဘတ်ကိုကော မခေါ်တော့ဘူးလားဆိုတဲ့ မေးခွန်းတစ်ခုပေါ်ထွက်လာနေတယ်။ The Athletic သတင်းဌာနကနေ လီဗာပူးသတင်းထောက် James Pearce ကပဲ သံသယတွေက မှန်ကန်ပြီး ဘယ်ခံစစ်မှူးကို ခေါ်မယ်လို့ အသင်းဘက်က ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ သတင်းပေးလာခဲ့ပါတယ်။ လီဗာပူးက… Continue Reading →

‘ပိုလန် မက်ဆီ’ ရယ်လို့ နာမည်သတင်း ကြီးလာနေတဲ့ လီဗာပူး လူငယ်တိုက်စစ်သမား

လီဗာပူးပရိသတ်တွေက အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ပိုလန်သား မြူဇီယာလိုစကီးကို သိပ်တော့ မသိကြပါဘူး။ လီဗာပူးပရိသတ်တွေ သူ့ကို စကြားဖူးကြာတာက ၂၀၂၀ လောက်တည်းက ဖြစ်ပါတယ်။ လူငယ်တန်းမှာ သွင်းဂိုး ၁၃၀ သွင်းထားတဲ့ အံ့ဖွယ်လူငယ်လေးကို လီဗာပူးက ခေါ်ယူလိုက်နိုင်ပြီဆိုတာက မြူဇီယာလိုစကီးနဲ့ ပက်သက်ပြီး အနီရောင်ပရိသတ်တွေ ပထမဆုံး ကြားသိဖူးတဲ့ သတင်းစကားဖြစ်ပါတယ်။ သို့ပေမယ့် ထိုစဉ်က ၁၆ နှစ်အရွယ်ပဲ ရှိဦးမယ့် ကောင်းလေးတစ်ယောက်အပေါ် မျှော်လင့်ချက်တွေ အများကြီး မရှိခဲ့ကြပါဘူး။ ၁၇ နှစ်ပြည့်ရင် လီဗာပူးအသင်းနဲ့ ပရော်ဖက်ရှင်နယ်… Continue Reading →

ကမ္ဘာဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအတွက် ဂိုးထပ်သွင်းပေးပြန်တဲ့ လီဗာပူး တိုက်စစ်မှူး ဂျိုတာ

မနက်က ယှဉ်ပြိုင်ကစားတဲ့ လူဇင်ဘော့ ၁-၃ ပေါ်တူဂီတို့ရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဂျိုတာက လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ရွေးစင်အသင်းရဲ့ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ဆားဘီးယားနဲ့ပွဲမှာလည်း ဂျိုတာက ၂ ဂိုးသွင်းခဲ့သေးတာဖြစ်လို့ မတ်လ နိုင်ငံတကာသီတင်းပတ်မှာ ၂ ပွဲကစား ၃ ဂိုး သွင်းယူနိုင်ခြင်းလည်းဖြစ်တယ်။ ဂျိုတာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ကလပ်မှာလည်း ဂိုးသွင်းခြေကို ချက်ခြင်း ပြန်ပြနိုင်ခဲ့ပါတယ်။ ဒီရာသီ လီဗာပူးအတွက် ၂၁ ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၀ ဂိုးထိ… Continue Reading →

ဒီနွေမှာ ဖွကောင်းတဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းအဖြစ်ပဲ အဆုံးသတ်မယ့် ဆာလာရဲ့ စပိန်သတင်း

စပိန်သတင်းဌာနတွေနဲ့ အင်တာဗျူးတိုင်း လာလီဂါကို ပြောင်းကစားဖို့ ဆန္ဒရှိတဲ့အကြောင်း အမြဲပြောလေ့ရှိတဲ့ ဆာလာနဲ့ ပက်သက်ပြီး ဒီတစ်ကြိမ်တော့ လီဗာပူးသတင်းထောက်က ရှင်းရှင်းလင်းလင်း ထုတ်ပြောလာပါပြီ။ ဒီဇင်ဘာတုန်းက စပိန် AS နှင့်လုပ်တဲ့ အင်တာဗျူးမှာ လာလီဂါအကြောင်း ထည့်ပြောခဲ့တဲ့ ဆာလာဟာ ဒီရက်ပိုင်းအတွင်း ပြုလုပ်တဲ့ စပိန်သတင်းဌာန Marca နှင့် အင်တာဗျူးမှာလည်း စပိန်ကို ပြောင်းကစားဖို့ကို ထည့်ပြောလာတာပါ။ လီဗာပူးသတင်းထောက် Dominic King က အခုကိစ္စနဲ့ ပက်သက်ပြီး ရှင်းလင်းတဲ့ အဖြေကို ထုတ်ပေးလာခဲ့တယ်။ ဆာလာဟာ အသက်… Continue Reading →

လီဗာပူးဘက်က ခံစစ်မှူး ကိုနိတ်ကို ပဲရစ်မှာ ဆေးစစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ

ပြင်သစ် ခံစစ်မှူး ကိုနိတ်ဟာ လိုက်ဇစ်ကနေ လီဗာပူးကို ပြောင်းဖို့အတွက် ပဲရစ်မှာ ဆေးစစ်မှု ခံယူနေပြီဆိုတဲ့ သတင်းတွေကို ပြင်သစ်သတင်းဌာနကြီးဖြစ်တဲ့ RMC Sport ကို ကိုးကားပြီး ဖော်ပြမှုတွေ ရှိလာနေပါပြီ။ ဒီဆေးစစ်မှုဟာ နွေရာသီမှာ လီဗာပူးအသင်းထံ တရားဝင် မပြောင်းလာခင် ကနဦး စစ်ဆေးမှုဖြစ်တယ်လို့ သိရပြီး အခြားသော အခြေအနေတွေကို ထပ်မသိရသေးပါဘူး။ လီဗာပူးဘက်က ကစားသမားရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိလိုမှုတွေရှိနေပြီး အထူးသဖြင့် ယခင် ဒဏ်ရာမှတ်တမ်းတွေအပေါ် သံသယဝင်မှုတွေ ရှိနေပါတယ်။ The Athletic… Continue Reading →

စပိန်ရဲ့ လာလီဂါထံ ပြောင်းကစားနိုင်ကြောင်း အရိပ်အမြွက် ထပ်ပြောပြန်တဲ့ ဆာလာ

လီဗာပူးတိုက်စစ်သမား ဆာလာက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပြောဆိုဖို့က သူ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ကြောင်း စပိန်သတင်းဌာန မာကာနဲ့ အင်တာဗျူးမှာ ထုတ်ပြောလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိထားတဲ့ အသက် ၂၈ နှစ်အရွယ် အီဂျစ်သားဟာ စာချုပ်သစ်အတွက် ညိနှိုင်းမှုတွေ မရသေးပါဘူး။ သူ့ရဲ့ စာချုပ်အရ ဒီနွေဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြင်းကြောင့် ဆာလာရဲ့ အနာဂတ်အပေါ် စိတ်ဝင်စားခံရမှုတွေလည်း များနေချိန်မှာ ကစားသမားက အနာဂတ်နဲ့ ပတ်သက်ပြီး ရေရေရာရာ မပြောနိုင်သေးတဲ့ အနေအထားတွေ ဖွင့်ထုတ်လာခဲ့တယ်။… Continue Reading →

အာဆင်နယ်ပွဲကြို ပြင်ဆင်မှုတွေ စတင်နေတဲ့ လီဗာပူးလေ့ကျင့်ရေးကွင်းထံက မြင်ကွင်းကောင်းများ

လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်အတွင်း ပထမဆုံး လေ့ကျင့်ရေး ပြန်စမှုကို မနေ့က ပြုလုပ်သွားခဲ့တယ်လို့ အသင်းဝဘ်ဆိုဒ်မှာ ဖော်ပြသွားပါတယ်။ သတင်းကောင်းအနေနဲ့ ဒဏ်ရာပြဿနာကြောင့် အသင်းလူစာရင်းမှာ မပါနိုင်ဖြစ်နေတဲ့ ဖာမင်နို ပုံမှန်အတိုင်း လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့တာပါ။ အခြားသော ဘရာဇီးအသင်းဖော်တွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညိုတို့လည်း လန်းလန်းဆန်းဆန်းပဲ လေ့ကျင့်ရေး ပြန်ဝင်လာခဲ့ပါတယ်။ လက်ရွေးစင်တွေမှာ ရွေးချယ်မခံရတဲ့ ထရန့်၊ ချိန်ဘာလိန်၊ ဖီးလစ်၊ ဝီလီယမ် အစရှိတဲ့ အင်္ဂလန်ကစားသမားတွေက အက်ဆာမှာ လူငယ်တွေဖြင့် ပေါင်းစပ် လေ့ကျင့်မှုအတွင်း ပါဝင်သွားခဲ့တယ်။ မီလ်နာ ဦးဆောင်တဲ့ အဆိုပါ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!