လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ဘောလုံးစကေးကောင်းမှုနဲ့ ပက်သက်လာရင် နာမည်ကျော်သူဖြစ်ပြီး သူကလည်း ဗန်ဒိုက်လို မာန်မာနကြီးသူတစ်ယောက် ဖြစ်ဟန်ရှိပါတယ်။

လီဗာပူးကို ပြောင်းလာမှု အစပိုင်းမှာပဲ သီယာဂိုဟာ အဲဗာတန် တိုက်စစ်သမား ရစ်ချာလီဆန်ရဲ့ အဆင်အခြင်ကင်းမဲ့တဲ့ ဖြတ်ထုတ်မှုကြောင့် ၃ လ နီးပါး အနားယူခဲ့ရတယ်။ အဆိုပါဖြစ်ရပ်အတွက် ရစ်ချာလီဆန်ကတော့ တိုက်ရိုက် အနီကဒ်နဲ့အတူ ၃ ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။

သူတို့ နှစ်ဦးဟာ နောက်ဆုံးအကြိမ်အဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ မာဆေးဆိုဒ်ဒါဘီမှာလည်း ထိပ်တိုက်တွေ့ခဲ့ပြီး လီဗာပူးက ၂-၀ ဖြင့် အရေးနိမ့်ခဲ့တာပါ။ ဒေးဗစ်းလူးဝစ်၊ ဂျူလီယို ဆီဆာ၊ ဒေးဗစ် နာရက်စ်တို့ဖြင့် ပြုလုပ်တဲ့ ဂျာနယ်လစ် Thiago Asmar ရဲ့ YouTube channel မှာတော့ ရစ်ချာလီဆန်က သီယာဂိုနဲ့ ပက်သက်တဲ့ ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။

ရစ်ချာလီဆန်က “ သီယာဂိုကို လုပ်မိတဲ့ ကျနော်ရဲ့ ဖြတ်ထုတ်မှုကြောင့် ကွင်းထဲက ထုတ်ပယ်ခံခဲ့ရတယ်။ ပွဲအပြီးမှာ သူ့ကို အင်စတာဂရမ်ကနေ သွားတောင်းပန်ခဲ့ပါတယ်။ သူက ကျနော်စာကို ဖတ်ခဲ့ပေမယ့် အကြောင်းမပြန်ခ့ဘူး။

ကျနော်ကပဲ ဒီစာကို အကြောင်းမပြန်ပေးရင် ပြန်ဖျက်လိုက်မယ်လို့ ထပ်ပို့ခဲ့တယ်။ အဲ့နောက် ကျနော်ရဲ့ စာတွေကို ပြန်ဖျက်ခဲ့တာပဲ။ သူကတော့ ဘာအကြောင်းမှ မပြန်ပါဘူး။ နောက်တစ်ကြိမ် ဒါဘီပွဲမှာ ပြန်တွေ့တော့လည်း သူက ကျနော်ကို ကြည့်တောင် မကြည့်ဘူး။ ကျနော်လည်း သူ့ကို မကြည့်ပါဘူး။ သူက ကျနော်ကို လုံးဝ လစ်လျူရှုခဲ့တာပါ ” လို့ ဆိုခဲ့တာပါ။

သီယာဂိုဟာ ဘရာဇီးတိုက်စစ်သမား ရစ်ချာလီဆန်ကို လူရှေ့မှာ ဝေဖန်ခဲ့ခြင်း မရှိပါဘူး။ သီယာဂိုက ဘယ်လို မှတ်ချက်မှလည်း မပေးခဲ့ပေမယ့် သူ့ရဲ့ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့ အင်္ဂလန်ကို ရောက်လာလာခြင်းမှာပဲ ဒဏ်ရာကြီးရစေခဲ့တဲ့အပေါ် ရစ်ချာလီဆန်ကို ခပ်လွယ်လွယ် ခွင့်လွှတ်ပေးလိုစိတ်တော့ မရှိတာတော့ သေချာလှပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ သီယာဂိုဟာ ေဘာလံုးစေကးေကာင္းမႈနဲ႔ ပက္သက္လာရင္ နာမည္ေက်ာ္သူျဖစ္ျပီး သူကလညး္ ဗန္ဒိုက္လို မာန္မာနၾကီးသူတစ္ေယာက္ ျဖစ္ဟန္ရွိပါတယ္။

လီဗာပူးကို ေျပာင္းလာမႈ အစပိုင္းမွာပဲ သီယာဂိုဟာ အဲဗာတန္ တိုက္စစ္သမား ရစ္ခ်ာလီဆန္ရဲ႕ အဆင္အျခင္ကင္းမဲ့တဲ့ ျဖတ္ထုတ္မႈေၾကာင့္ ၃ လ နီးပါး အနားယူခဲ့ရတယ္။ အဆိုပါျဖစ္ရပ္အတြက္ ရစ္ခ်ာလီဆန္ကေတာ့ တိုက္ရိုက္ အနီကဒ္နဲ႔အတူ ၃ ပြဲပယ္ ျပစ္ဒဏ္ က်ခံခဲ့ရပါတယ္။

သူတို႔ ႏွစ္ဦးဟာ ေနာက္ဆံုးအၾကိမ္အျဖစ္ အန္ဖီးမွာ ယွဥ္ျပိဳင္တဲ့ မာေဆးဆိုဒ္ဒါဘီမွာလည္း ထိပ္တိုက္ေတြ႔ခဲ့ျပီး လီဗာပူးက ၂-၀ ျဖင့္ အေရးနိမ့္ခဲ့တာပါ။ ေဒးဗစ္းလူးဝစ္၊ ဂ်ဴလီယို ဆီဆာ၊ ေဒးဗစ္ နာရက္စ္တို႔ျဖင့္ ျပဳလုပ္တဲ့ ဂ်ာနယ္လစ္ Thiago Asmar ရဲ႕ YouTube channel မွာေတာ့ ရစ္ခ်ာလီဆန္က သီယာဂိုနဲ႔ ပက္သက္တဲ့ ဇာတ္လမ္းကို ေျပာျပခဲ့ပါတယ္။

ရစ္ခ်ာလီဆန္က “ သီယာဂိုကို လုပ္မိတဲ့ က်ေနာ္ရဲ႕ ျဖတ္ထုတ္မႈေၾကာင့္ ကြင္းထဲက ထုတ္ပယ္ခံခဲ့ရတယ္။ ပြဲအျပီးမွာ သူ႔ကို အင္စတာဂရမ္ကေန သြားေတာင္းပန္ခဲ့ပါတယ္။ သူက က်ေနာ္စာကို ဖတ္ခဲ့ေပမယ့္ အေၾကာင္းမျပန္ခ့ဘူး။

က်ေနာ္ကပဲ ဒီစာကို အေၾကာင္းမျပန္ေပးရင္ ျပန္ဖ်က္လိုက္မယ္လို႔ ထပ္ပို႔ခဲ့တယ္။ အဲ့ေနာက္ က်ေနာ္ရဲ႕ စာေတြကို ျပန္ဖ်က္ခဲ့တာပဲ။ သူကေတာ့ ဘာအေၾကာင္းမွ မျပန္ပါဘူး။ ေနာက္တစ္ၾကိမ္ ဒါဘီပြဲမွာ ျပန္ေတြ႔ေတာ့လည္း သူက က်ေနာ္ကို ၾကည့္ေတာင္ မၾကည့္ဘူး။ က်ေနာ္လည္း သူ႔ကို မၾကည့္ပါဘူး။ သူက က်ေနာ္ကို လံုးဝ လစ္လ်ဴရႈခဲ့တာပါ ” လို႔ ဆိုခဲ့တာပါ။

သီယာဂိုဟာ ဘရာဇီးတိုက္စစ္သမား ရစ္ခ်ာလီဆန္ကို လူေရွ႔မွာ ေဝဖန္ခဲ့ျခင္း မရွိပါဘူး။ သီယာဂိုက ဘယ္လို မွတ္ခ်က္မွလည္း မေပးခဲ့ေပမယ့္ သူ႔ရဲ႕ စိန္ေခၚမႈသစ္ေတြကို ရင္ဆိုင္ဖို႔ အဂၤလန္ကို ေရာက္လာလာျခင္းမွာပဲ ဒဏ္ရာၾကီးရေစခဲ့တဲ့အေပၚ ရစ္ခ်ာလီဆန္ကို ခပ္လြယ္လြယ္ ခြင့္လႊတ္ေပးလိုစိတ္ေတာ့ မရွိတာေတာ့ ေသခ်ာလွပါတယ္။