လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူးတစ်ဦးကို သေချာပေါက် ခေါ်ယူမှာဖြစ်ပေမယ့် ပရိသတ်တွေ ယူဆထားသလို ခါဘတ်ဖြစ်လာမယ်လို့ ကံသေကံမ မပြောနိုင်သေးကြောင်း သတင်းထောက် James Pearce က ထုတ်ပြောလာပါတယ်။

လီဗာပူးနဲ့ ကိုနိတ်တို့ကြား အပြောင်းအရွှေ့ ကိစ္စတွေ သတင်းကြီးလာတဲ့နောက် ပရိသတ်တွေကြားမှာ ခါဘတ်ကိုကော မခေါ်တော့ဘူးလားဆိုတဲ့ မေးခွန်းတစ်ခုပေါ်ထွက်လာနေတယ်။ The Athletic သတင်းဌာနကနေ လီဗာပူးသတင်းထောက် James Pearce ကပဲ သံသယတွေက မှန်ကန်ပြီး ဘယ်ခံစစ်မှူးကို ခေါ်မယ်လို့ အသင်းဘက်က ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ သတင်းပေးလာခဲ့ပါတယ်။

လီဗာပူးက နွေဈေးကွက်မှာ ဟာလန်း (သို့) အမ်ဘတ်ပီကို ခေါ်ယူဖို့ထိ ငွေကြေးရှိမှာ မဟုတ်ပါဘူး။ အသင်းက အဲ့လောက်ထိ ငွေသုံးနိုင်အား မရှိပေမယ့် အလားအလာရှိတဲ့ ကစားသမားတွေကို ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ကလပ်ရဲ့ အစီအစဉ်တွေထဲမှာ ခံစစ်က ဦးစားပေးဖြစ်ပြီး ညာခြမ်းတောင်ပံအတွက် ကစားသမားခေါ်ယူရေးလည်း ပါဝင်ပါတယ်။

ပြင်သစ် ယူ-၂၁ ခံစစ်မှူး ကိုနိတ်ကို ခေါ်ယူဖို့ လီဗာပူးဘက်က ပေါင် ၃၄ သန်းထိ ကုန်ကျမှာဖြစ်တယ်။ ကိုနိတ်ကို ခေါ်ယူနိုင်ခြေ မြင့်တက်လာမှုအရ ရာသီကုန်မှာ ပေါင် ၁၈ သန်းဖြင့် ခေါ်ယူခွင့်ရနိုင်မယ့် ခါဘတ်ရဲ့ အနာဂတ်က ပြောလို့မရနိုင်တဲ့ အနေအထားမှာ ရောက်လာခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးကတော့ ခါဘတ်နဲ့ ကိုနိတ်ကြားမှာ ဘယ်သူ့ကို ခေါ်ယူပါမယ်ဆိုပြီး အသင်းဘက်က ယတိပြတ် ဆုံးဖြတ်ရခြင်း မရှိသေးဘူး။ ဒါပေမယ့် လက်ကျန် ဘောလုံးရာသီမှာ ခါဘတ်က အရေးပါနေလို့ မန်နေဂျာကလော့ပ်က သူ့ကို လုံ့ဆော်မှုတွေဖြင့် တွန်းအားပေးနေတာတွေ ရှိနေတယ်။

ခံစစ်မှူးနေရာအတွက် အဓိက လက်မှတ်ထိုးမှုက တစ်ခုပဲရှိမှာဖြစ်ပြီး ဒီနောက်ပိုင်း ပွဲတွေမှာလို တောက်ပတဲ့ စွမ်းဆောင်ရည်မျိုး ခါဘတ် ဆက်ပြသနိုင်ရင် ကိုနိတ်ကို မခေါ်ဘဲ သူ့ကိုပဲ ခေါ်ယူဖို့ အလားအလာရှိနေတယ်လို့ လီဗာပူး အကြီးတန်း သတင်းပေးရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဂျိမ်းပီယာ့ဇ်က ဖော်ပြသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြအေျပာင္းအေရႊ႔မွာ ဗဟိုခံစစ္မွဴးတစ္ဦးကို ေသခ်ာေပါက္ ေခၚယူမွာျဖစ္ေပမယ့္ ပရိသတ္ေတြ ယူဆထားသလို ခါဘတ္ျဖစ္လာမယ္လို႔ ကံေသကံမ မေျပာႏုိင္ေသးေၾကာင္း သတင္းေထာက္ James Pearce က ထုတ္ေျပာလာပါတယ္။

လီဗာပူးနဲ႔ ကိုနိတ္တို႔ၾကား အေျပာင္းအေရႊ႔ ကိစၥေတြ သတင္းၾကီးလာတဲ့ေနာက္ ပရိသတ္ေတြၾကားမွာ ခါဘတ္ကိုေကာ မေခၚေတာ့ဘူးလားဆိုတဲ့ ေမးခြန္းတစ္ခုေပၚထြက္လာေနတယ္။ The Athletic သတင္းဌာနကေန လီဗာပူးသတင္းေထာက္ James Pearce ကပဲ သံသယေတြက မွန္ကန္ျပီး ဘယ္ခံစစ္မွဴးကို ေခၚမယ္လို႔ အသင္းဘက္က ဆံုးျဖတ္ရျခင္း မရွိေသးဘူးလို႔ သတင္းေပးလာခဲ့ပါတယ္။

လီဗာပူးက ေႏြေစ်းကြက္မွာ ဟာလန္း (သို႔) အမ္ဘတ္ပီကို ေခၚယူဖို႔ထိ ေငြေၾကးရွိမွာ မဟုတ္ပါဘူး။ အသင္းက အဲ့ေလာက္ထိ ေငြသံုးႏုိင္အား မရွိေပမယ့္ အလားအလာရွိတဲ့ ကစားသမားေတြကို ေခၚယူသြားဖို႔ ရွိေနပါတယ္။ ကလပ္ရဲ႕ အစီအစဥ္ေတြထဲမွာ ခံစစ္က ဦးစားေပးျဖစ္ျပီး ညာျခမ္းေတာင္ပံအတြက္ ကစားသမားေခၚယူေရးလည္း ပါဝင္ပါတယ္။

ျပင္သစ္ ယူ-၂၁ ခံစစ္မွဴး ကိုနိတ္ကို ေခၚယူဖို႔ လီဗာပူးဘက္က ေပါင္ ၃၄ သန္းထိ ကုန္က်မွာျဖစ္တယ္။ ကိုနိတ္ကို ေခၚယူႏုိင္ေျခ ျမင့္တက္လာမႈအရ ရာသီကုန္မွာ ေပါင္ ၁၈ သန္းျဖင့္ ေခၚယူခြင့္ရႏုိင္မယ့္ ခါဘတ္ရဲ႕ အနာဂတ္က ေျပာလို႔မရႏုိင္တဲ့ အေနအထားမွာ ေရာက္လာခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ အၾကီးတန္းပုဂၢိဳလ္တစ္ဦးကေတာ့ ခါဘတ္နဲ႔ ကိုနိတ္ၾကားမွာ ဘယ္သူ႔ကို ေခၚယူပါမယ္ဆိုျပီး အသင္းဘက္က ယတိျပတ္ ဆံုးျဖတ္ရျခင္း မရွိေသးဘူး။ ဒါေပမယ့္ လက္က်န္ ေဘာလံုးရာသီမွာ ခါဘတ္က အေရးပါေနလုိ႔ မန္ေနဂ်ာကေလာ့ပ္က သူ႔ကို လံု႔ေဆာ္မႈေတြျဖင့္ တြန္းအားေပးေနတာေတြ ရွိေနတယ္။

ခံစစ္မွဴးေနရာအတြက္ အဓိက လက္မွတ္ထိုးမႈက တစ္ခုပဲရွိမွာျဖစ္ျပီး ဒီေနာက္ပိုင္း ပြဲေတြမွာလို ေတာက္ပတဲ့ စြမ္းေဆာင္ရည္မ်ိဳး ခါဘတ္ ဆက္ျပသႏုိင္ရင္ ကိုနိတ္ကို မေခၚဘဲ သူ႔ကိုပဲ ေခၚယူဖို႔ အလားအလာရွိေနတယ္လို႔ လီဗာပူး အၾကီးတန္း သတင္းေပးရဲ႕ ေျပာဆိုမႈကို ကိုးကားျပီး ဂ်ိမ္းပီယာ့ဇ္က ေဖာ္ျပသြားပါတယ္။