မနက်က ယှဉ်ပြိုင်ကစားတဲ့ လူဇင်ဘော့ ၁-၃ ပေါ်တူဂီတို့ရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဂျိုတာက လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လက်ရွေးစင်အသင်းရဲ့ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ဆားဘီးယားနဲ့ပွဲမှာလည်း ဂျိုတာက ၂ ဂိုးသွင်းခဲ့သေးတာဖြစ်လို့ မတ်လ နိုင်ငံတကာသီတင်းပတ်မှာ ၂ ပွဲကစား ၃ ဂိုး သွင်းယူနိုင်ခြင်းလည်းဖြစ်တယ်။ ဂျိုတာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ကလပ်မှာလည်း ဂိုးသွင်းခြေကို ချက်ခြင်း ပြန်ပြနိုင်ခဲ့ပါတယ်။

ဒီရာသီ လီဗာပူးအတွက် ၂၁ ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၀ ဂိုးထိ သွင်းယူထားတဲ့ ဂျိုတာဟာ လက်ရွေးစင်အတွက်လည်း ၉ ပွဲကစားရာမှာ ၆ ဂိုးထိ သွင်းယူထားပြီဖြစ်တယ်။ ဘယ်တောင်ပံကို အားပြုကစားတဲ့ ဂျိုတာဟာ လက်ရွေးစင်အသင်းမှာတော့ တောင်ပံနေရာတွေကို အဓိက ကစားရပြီး လီဗာပူးမှာတော့ ဘယ်တောင်ပံနဲ့ အလယ်ကြောတွေကို တာဝန်ယူပါတယ်။

သူ့ရဲ့ ဂိုးသွင်းနှုန်းတွေ ပုံမှန်အတိုင်း ပြန်ရနေတာကြောင့် လာမယ့် အာဆင်နယ်နဲ့ပွဲမှာ မန်နေဂျာကလော့ပ်ဟာ တိုက်စစ်ရွေးချယ်ရာမှာ အခက်တွေ့လာဖွယ်ရှိတယ်။ တိုက်စစ်မှူး ဖာမင်နို ဒဏ်ရာကနေ ပြန်သက်သာလာနေတာကြောင့် ပုံမှန် သုံးယောက်တန်း တိုက်စစ်ဆိုပါက ဖာမင်နိုနဲ့ ဂျိုတာတို့ထဲက တစ်ဦးပဲ ပွဲထွက်ခွင့်ရမှာပါ။

မန်နေဂျာကလော့ပ်ဟာ ဒီရာသီ ပထမပိုင်းတုန်းက မန်စီးတီနဲ့ ယှဉ်ပြိုင်တဲ့ပွဲအတွင်း Fab Four တိုက်စစ်အဖြစ် ဂျိုတာ၊ မာနေး၊ ဆာလာ၊ ဖာမင်နိုတို့ ၄ ဦးလုံးကို ထုတ်သုံးခဲ့ပါတယ်။ ဒါပေမယ့်လို့ လက်ကျန် ရာသီဝက်က အမှားလုံးဝ မခံနိုင်တဲ့ အခြေအနေမို့ အဆိုပါ စွန့်စားမှုမျိုး ထပ်မလုပ်ဘဲ ပုံမှန် သုံးယောက်တန်း တိုက်စစ်ကိုပဲ မြင်ရမယ်လို့ ခန့်မှန်းထားရပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ လူဇင္ေဘာ့ ၁-၃ ေပၚတူဂီတို႔ရဲ႕ ကမၻာဖလား ေျခစစ္ပြဲမွာ လီဗာပူးတိုက္စစ္မွဴး ဂ်ိုတာက လက္ေရြးစင္အသင္းအတြက္ ပထမဆံုးဂိုးကို သြင္းယူေပးခဲ့ပါတယ္။

လက္ေရြးစင္အသင္းရဲ႕ ကမၻာဖလားေျခစစ္ပြဲအျဖစ္ ဆားဘီးယားနဲ႔ပြဲမွာလည္း ဂ်ိဳတာက ၂ ဂိုးသြင္းခဲ့ေသးတာျဖစ္လုိ႔ မတ္လ ႏုိင္ငံတကာသီတင္းပတ္မွာ ၂ ပြဲကစား ၃ ဂိုး သြင္းယူႏုိင္ျခင္းလည္းျဖစ္တယ္။ ဂ်ိဳတာဟာ ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ ကလပ္မွာလည္း ဂိုးသြင္းေျခကို ခ်က္ျခင္း ျပန္ျပႏုိင္ခဲ့ပါတယ္။

ဒီရာသီ လီဗာပူးအတြက္ ၂၁ ပြဲ ကစားထားရာမွာ သြင္းဂိုး ၁၀ ဂိုးထိ သြင္းယူထားတဲ့ ဂ်ိဳတာဟာ လက္ေရြးစင္အတြက္လည္း ၉ ပြဲကစားရာမွာ ၆ ဂိုးထိ သြင္းယူထားျပီျဖစ္တယ္။ ဘယ္ေတာင္ပံကို အားျပဳကစားတဲ့ ဂ်ိဳတာဟာ လက္ေရြးစင္အသင္းမွာေတာ့ ေတာင္ပံေနရာေတြကို အဓိက ကစားရျပီး လီဗာပူးမွာေတာ့ ဘယ္ေတာင္ပံနဲ႔ အလယ္ေၾကာေတြကို တာဝန္ယူပါတယ္။

သူ႔ရဲ႕ ဂိုးသြင္းႏႈန္းေတြ ပံုမွန္အတိုင္း ျပန္ရေနတာေၾကာင့္ လာမယ့္ အာဆင္နယ္နဲ႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္ဟာ တိုက္စစ္ေရြးခ်ယ္ရာမွာ အခက္ေတြ႔လာဖြယ္ရွိတယ္။ တိုက္စစ္မွဴး ဖာမင္ႏို ဒဏ္ရာကေန ျပန္သက္သာလာေနတာေၾကာင့္ ပံုမွန္ သံုးေယာက္တန္း တိုက္စစ္ဆိုပါက ဖာမင္ႏိုနဲ႔ ဂ်ိဳတာတို႔ထဲက တစ္ဦးပဲ ပြဲထြက္ခြင့္ရမွာပါ။

မန္ေနဂ်ာကေလာ့ပ္ဟာ ဒီရာသီ ပထမပိုင္းတုန္းက မန္စီးတီနဲ႔ ယွဥ္ျပိဳင္တဲ့ပြဲအတြင္း Fab Four တိုက္စစ္အျဖစ္ ဂ်ိဳတာ၊ မာေနး၊ ဆာလာ၊ ဖာမင္ႏိုတို႔ ၄ ဦးလံုးကို ထုတ္သံုးခဲ့ပါတယ္။ ဒါေပမယ့္လို႔ လက္က်န္ ရာသီဝက္က အမွားလံုးဝ မခံႏုိင္တဲ့ အေျခအေနမို႔ အဆိုပါ စြန္႔စားမႈမ်ိဳး ထပ္မလုပ္ဘဲ ပံုမွန္ သံုးေယာက္တန္း တိုက္စစ္ကိုပဲ ျမင္ရမယ္လို႔ ခန္႔မွန္းထားရပါတယ္။