Month

April 2021

လီဗာပူးအတွက် လိုအပ်နေတာ အံ့မခန်း ဖော်မြူလာမျိုး မဟုတ်ပါဘူးဆိုတဲ့ ယာဂင်ကလော့ပ်

ယာဂင်ကလော့ပ်က လီဗာပူးရဲ့ တိုက်စစ်ပိုင်း သွင်းဂိုး ပြဿနာတွေကို ဖြေရှင်းဖို့ သိပ်ကောင်းမွန်တဲ့ ဖော်မြူလာရှိနေဖို့ မလိုပါဘူးလို့ ထုတ်ပြောလာပါတယ်။ လီဗာပူးဟာ လိဒ်ကို ယှဉ်ပြိုင်တဲ့ပွဲ၊ နယူးကာဆယ်ကို ယှဉ်ပြိုင်တဲ့ပွဲတွေမှာ တိုက်စစ်က ဂိုးလုံလောက်အောင် မသွင်းနိုင်တာကြောင့်ပဲ ခြေပဂိုးတွေ ပြန်ပေးရပြီး ၁-၁ ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်။ အဆိုပါ နှစ်ပွဲမှာ နိုင်ပွဲရအောင် မထိန်းနိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ထိခိုက်ခံရမယ့် အနေအထားမှာ ရှိလာခဲ့ပြီဖြစ်ပါတယ်။ နယူးကာဆယ်ပွဲမှာ အဓိက တိုက်စစ်သမား အားလုံးကို ထုတ်သုံးခဲ့ပေမယ့်လည်း ဆာလာရဲ့ သွင်းဂိုးတစ်ဂိုးတည်းဖြင့် ကျေနပ်ခဲ့ရတာဖြစ်တယ်။ အခြားသော… Continue Reading →

ကီတာ၊ ဝဲလ်ဆန် အနာဂတ်နဲ့ ပက်သက်ပြီး လီဗာပူးသတင်းထောက်တွေရဲ့ သတင်းပေးမှု

လီဗာပူး ကစားသမားတွေဖြစ်တဲ့ ကိတ်တာ၊ ဝဲလ်ဆန်တို့ရဲ့ အနာဂတ်နှင့် ပက်သက်ပြီး သတင်းထောက်တွေဖြစ်တဲ့ James Pearce နဲ့ Paul Gorst တို့က သတင်းပေးမှုတွေ လုပ်လာပါတယ်။ James Pearce က ကွင်းလယ်လူ ကိတ်တာဟာ လီဗာပူးအသင်းမှာပဲ ဆက်နေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲလိုနေတယ်လို့ ဆိုပါတယ်။ ဒီနွေမှာ သူ့ကို ရောင်းထုတ်မယ်လို့ သတင်းကြီးနေပေမယ့် ကစားသမားကတော့ မထွက်ချင်တဲ့ သဘောထားရှိတယ်လို့ သိရတယ်။ ဒဏ်ရာပြဿနာများတဲ့ ဂူနီယာကွင်းလယ်လူဟာ ကွင်းတွင်း စွမ်းဆောင်ရည်တွေမှာ အထင်ကြီးစရာ မကောင်းလှဘူးလို့ ပရိသတ်တွေက… Continue Reading →

အာဆင်နယ် တိုက်စစ်သမားဟောင်းကို လီဗာပူးက ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်ပေါ်

တိုက်စစ်ပိုင်း အားပျော့လာမှုကို ဖြေရှင်းဖို့ရာ တိုက်စစ်သမားတစ်ဦး ရှာဖွေနေတဲ့ လီဗာပူးအသင်းဟာ နယ်သာလန်ဘက်ကိုလည်း အာရုံစိုက်နေကြောင်း TIA က ဖော်ပြလာပါတယ်။ မာနေး၊ ဖာမင်နိုတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ မြင်ရဖို့ ခက်ခဲနေသလို အိုရီဂီနဲ့ ရှာကွီရီရဲ့ အသုံးဝင်နိုင်စွမ်း အားနည်းမှုက ဒီရာသီ လီဗာပူးရဲ့ သွင်းဂိုးတွေကို ထိခိုက်စေခဲ့တယ်။ အိုရီဂီဟာ ဒီရာသီမှာ ၁၇ ပွဲပဲ ကစားထားပြီး အဲ့ထဲက ၆ ပွဲကိုပဲ ပွဲထွက် လူစာရင်းကနေ ပါဝင်ထားနိုင်တာဖြစ်ပါတယ်။ စက်တင်ဘာမှာ လိဂ်ဖလားပွဲအတွင်း သွင်းဂိုးအတွက် ပါဝင်မှုလုပ်ထားတဲ့နောက်ပိုင်း… Continue Reading →

ကွင်းလယ် ဂျိုကာ ကစားသမားက ခံစစ်ဆင်းရတဲ့ ပွဲတိုင်း တစ်ပွဲမှ မနိုင် ဖြစ်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ၂၀၂၁ ထဲမှာ ကွင်းလယ်ကစားသမား ဖာဘင်ညို တစ်ယောက် ဗဟို ခံစစ် ဆင်းကစားရရင် နိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ မှတ်တမ်း ရှိနေကြောင်း လီဗာပူး ပရိသတ် တစ်ဦးက ထောက်ပြသွားခဲ့ပါတယ်။ ဘရာဇီးသား ခံစစ် ဝင်ကစားရတိုင်းလည်း လီဗာပူးဟာ သုံးဂိုးနီးပါး ပေးဂိုးတွေ ရှိပြီး ဂိုးပေးပါ ကြမ်းနေခဲ့တာပါ။ ဒါပေမယ့် ဖာဘင်ညို ကွင်းလယ်မှာ ဝင်ကစားရင်တော့ လီဗာပူးက ဂိုးတွေတောင် ပိုသွင်းနိုင်ပြီး နိုင်ပွဲတွေပါ များနေခဲ့ပါတယ်။ တွစ်တာမှာ လီဗာပူး ပရိသတ် JCuzzy1… Continue Reading →

အိပ်မက်ဆိုးတွေ ပြည့်နေတဲ့ လီဗာပူးအတွက် မျှော်လင့်ချက် အလင်းတန်းဖြစ်လာမယ့် ကစားသမား

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်နိုင်မှုနှင့်အတူ ဘဏ္ဍာရေး အခက်အခဲတစ်ခုကို ရင်ဆိုင်လာရဖွယ်ရှိပေမယ့် ဖြေရှင်းစရာ နည်းလမ်း အချို့ကလည်း ရှိနေဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ အစဉ်အလာအရဆိုရင် ကလပ်က အငှားချလိုက်တဲ့ ကစားသမား တစ်ဦးက စီနီယာအဆင့်မှာ ပြန်လည် တောက်ပလာတာမျိုးက ရှားပါးဖြစ်စဉ် ဖြစ်လာခဲ့တယ်။ ဒီရာသီမှာ အငှားချခဲ့တဲ့ မီနာမီနို၊ အိုဂျို၊ ဗန်ဒန်ဘတ်လို ကစားသမားတွေဟာ ကလပ်ရဲ့ အနာဂတ်မှာ ပါဝင်လာဖို့ထက် အခြားသော ကလပ်တွေထံ အပြီးသတ် ရောင်းထုတ်ခံရဖို့ ရာနှုန်း ပိုများနေပါတယ်။ မိုက်ကယ်အတ်ဝပ် ဦးဆောင်တဲ့… Continue Reading →

ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ထက်ပိုပြီး မြတ်နိုး တန်ဖိုးထားရတဲ့ ကြီးမြတ်မှုကို ဟန်ဒါဆန် ဖွင့်ဟ

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အသင်းပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရဖို့သည်သာ ကလပ်အတွက် အရေးကြီးဆုံးကိစ္စပါလို့ တိုက်တွန်းစကား ပြောဆိုပါတယ်။ လီဗာပူးပရိသတ်တွေနဲ့ လီဗာပူးအသင်းသားတွေဟာ ဆက်နွယ်မှုကောင်းတွေ ရှိထားတာဖြစ်ပြီး အခက်အခဲတွေကြားမှာ အတူတကွ ရုန်းကန်လာခဲ့ကြတာပါ။ ကမ္ဘာကြီးရဲ့ အခက်ခဲဆုံး ကာလဖြစ်တဲ့ ကပ်ဘေးကြားမှာလည်း အသင်းပရိသတ်တွေနဲ့ ကလပ်ဟာ တစ်ဦးအတွက် တစ်ဦး ကူညီပေးပြီး အတူရှိခဲ့ကြတာဖြစ်တယ်။ ဟန်ဒါဆန်ကတော့ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား ဆိုတာတွေထက် အန်ဖီးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်လာတာကိုပဲ ပိုမို တန်ဖိုးထား အောင်ပွဲခံသွားပါမယ်လို့ ဖွင့်ဟခဲ့တယ်။ ဟန်ဒါဆန်က “ လော့ဒေါင်းကာလမှာ… Continue Reading →

ဥရောပစူပါလိဂ်မှာ မပါဝင်ခြင်းကြောင့် လီဗာပူးက လျော်ကြေး ယူရို သန်း ၁၅၀ ပေးရမည်

ဂျာမာန်သတင်းဌာနကြီးဖြစ်တဲ့ Der Spiegel က စူပါလိဂ်မှာ ပါဝင်ဖို့ လက်မှတ်ထိုးခဲ့တဲ့ ကလပ် ၁၂ သင်း ပြိုင်ပွဲကနေ နုတ်ထွက်ခြင်းအတွက် ပေးရမယ့် လျော်ကြေးကို ဖော်ထုတ်သွားခဲ့ပါတယ်။ အဆိုပါ ဖော်ထုတ်မှုအရ တစ်နှစ်ကို ယူရို သန်း ၂၀၀ ကနေ သန်း ၃၀၀ ထိ အကျိုးအမြတ်ရမှုတွေ ရှယ်ယာပိုင်းဆိုင်ရာ ခွဲဝေမှုတွေ ပါဝင် ရေးဆွဲထားတဲ့ စူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ခြင်းအတွက် လမ်းခွဲကြေးကလည်း မနည်းပါးလှပါဘူး။ ကလပ်တွေဟာ စူပါလိဂ်မှာ မပါဝင်ဖို့ ရွေးချယ်ခဲ့ရင်ယူရို သန်း ၁၅၀… Continue Reading →

မိုဆာလက်နဲ့ မာနေးတို့က ပင်ကိုယ် ပါရမီရှင် တိုက်စစ်မှူးတွေ မဟုတ်ဘူးလို့ အိုဝင် သတိပေး

ဒီရာသီ လီဗာပူး တိုက်စစ်မှူးတွေထဲမှာ ဆာလက်က ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ သွင်းထားပေမယ့် ဆာဒီယို မာနေးကတော့ ဂိုးရှေ့မှာ အစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ လီဗာပူး တိုက်စစ် ပြဿနာဟာ နယူးကာဆယ်နဲ့ ပွဲမှာ အထင်းသား မြင်ခဲ့ရပြီး ဂိုး အခွင့်အရေးတွေ ဖန်တီးနိုင်သည့်တိုင် အဆုံးသတ် ညံ့ဖျင်းမှုတွေနဲ့ သရေရလဒ် သာ ရခဲ့ပါတယ်။ လီဗာပူးနဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ဆာလက်နဲ့ မာနေးတို့ဟာ ပင်ကိုယ် ပါရီမီရှင် တိုက်စစ်မှူးတွေ မဟုတ်ကြဘူးလို့ သုံးသပ်လိုက်ကာ… Continue Reading →

ဆာဒီယို မာနေးကို လီဗာပူးပရိသတ်တွေ ကျေးဇူး မကန်းကြဖို့ ပြောလိုက်တဲ့ ပြိုင်ဘက်တိုက်စစ်သမား

လီဗာပူးအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ နယူးကာဆယ်ကို သရေကျသွားတဲ့နောက် ထိုပွဲမှာ ဂိုးအခွင့်အရေး များစွာ ဖြုန်းတီးခဲ့ကြတဲ့ တိုက်စစ်သမားတွေဟာ ဝေဖန်စရာ ဖြစ်လာခဲ့ပြီး ဆာဒီယို မာနေးကို ပိုမို ပြောဆိုမှုတွေ ရှိနေပါတယ်။ လီဗာပူးရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ မျှော်လင့်ချက်က ထိုသရေပွဲ အပြီးမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။ နယူးကာဆယ် တောင်ပံတိုက်စစ်သမား အလန် စိန့် မက်ဆီမင်ကတော့ မာနေးကို နောက်ပွဲတွေ ချန်လှပ်ဖို့ ကလော့ပ်အား တောင်းဆိုနေကြတဲ့ လီဗာပူး ပရိသတ်တွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!