Month

April 2021

လီဗာပူးကို ငြင်းပြီး ဒေါ့မွန် ပြောင်းခဲ့ခြင်းက ချန်ပီယံလိဂ်ဖလား အောင်မြင်လိုတာကြောင့်ဆိုတဲ့ ဂေါ့ဇီ

၂၀၁၆ ခုနှစ် နွေမှာတုန်းက မန်နေဂျာဟောင်း ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းထံ ပြောင်းလာဖို့ သွေးဆောင်မှုကို ငြင်းဆန်ခဲ့တဲ့ ဂေါ့ဇီက သူဘာလို့ လီဗာပူးကို ငြင်းပြီး ဒေါ့မွန်ကို ပြောင်းခဲ့လဲဆိုတာအတွက် ရှင်းပြသွားပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ယာဂင်ကလော့ပ်က လီဗာပူးမန်နေဂျာအဖြစ် အန်ဖီးကွင်းထဲ ဝင်ရောက်လာခဲ့ပြီး အသင်းပရိသတ်တွေကို စိတ်ဓါတ်ရေးရာ ပြန်မြင့်တက်စေခဲ့တယ်။ ဒါပေမယ့်လို့ ရာသီအကုန်မှာတော့ အဆင့် ၈ နေရာမှာပဲ ရပ်တည်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ဖြင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်တုန်းက ဂေါ်ဇီဟာ မန်နေဂျာဂွာဒီယိုလာ လက်အောက်မှာ ရုန်းကန်နေရတဲ့ အနေအထားဖြစ်ပေမယ့်… Continue Reading →

ကိုနိတ်၊ မာတစ်၊ ဆန်ချို သတင်းတွေပါတဲ့ ဒီကနေ့ရဲ့ လီဗာပူးထူးခြားသတင်းများ

လီဗာပူးနဲ့ ကိုနိတ်ကြား အပြောင်းအရွှေ့ သတင်းတွေက ပိုမို ခိုင်မာလာပြီး မာဆေးဆိုဒ်ကလပ်က လိုက်ဇစ်ကို စာချုပ်ပါကြေးအဖြစ် ပေါင် ၂၈-၄၀ တန်းကြား ပမာဏတစ်ရပ်ကို ပေးချေတာနဲ့တင် တရားဝင်ကိစ္စတွေ စတင်လို့ရမယ်လို့ သိရပါတယ်။ လီဗာပူးခံစစ်မှူး မာတစ်ဟာ ဒီကနေ့မှာပဲ အက်ဆာလေ့ကျင့်ရေးမှာ တစ်ဦးချင်း လေ့ကျင့်မှုတွေကို ပြန်လုပ်နေပါပြီ။ မာတစ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရမယ် သိထားရတာဖြစ်ပါတယ်။ လီဗာပူးက ဆန်ချိုကို ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် မာနေး၊ ဆာလာတို့ထဲက တစ်ဦးဦး မစွန့်ခွာဘဲတော့ လီဗာပူးဘက်က ခေါ်ယူမှာ မဟုတ်ကြောင်း… Continue Reading →

ကပ်ဘေးကြားမှာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခပေးချေမှု ဒုတိယအမြင့်ဆုံး အသင်းဖြစ်လာတဲ့ လီဗာပူး

၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စာရင်းချုပ်အရ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် လုပ်ခအမြင့်ဆုံး ကလပ်နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အခွန်မဆောင်ခင် ပေါင် ၄၆ သန်း အရံှူးပေါ်ခဲ့တယ်ဆိုတဲ့ မနှစ်ကရာသီအတွက် ငွေစာရင်းရှင်းတမ်းမှာတော့ ကလပ် ဝင်ငွေ ၁၀၀ မှာ ၆၆% ဟာ လုပ်ခအတွက် ပေးချေနေရတယ်လို့ သိရတယ်။ ဒါဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကထက် ပေါင် ၁၆ သန်း (၅%) မြင့်တက်လာခဲ့ခြင်းဖြစ်ကာ စုစုပေါင်း လုပ်ခပေးချေရမှုဟာ ပေါင် ၃၂၅ သန်း ထိ… Continue Reading →

ကလပ်သမိုင်းကို အမဲစက်ထင်စေတဲ့ ပြိုင်ဘက် တိုက်စစ်သမားကို လီဗာပူးဘက်က ခေါ်ယူလို

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်ဖို့ ကြိုးစားမယ်ဆိုရင် အက်စတွန်ဗီလာ တိုက်စစ်မှူး ဝက်ကင်ကိုလည်း ထည့်တွင်း စဉ်းစားမယ်လို့ ဘာမင်ဂမ်နဲ့ မာဆေးဆိုဒ် သတင်းတွေက ဖော်ပြလာပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်သမားဟာ အောက်တိုဘာတုန်းက လီဗာပူးအသင်းကို ၇-၂ ဖြင့် အနိုင်ရခဲ့စဉ်က hat-trick သွင်းယူခဲ့သူဖြစ်တယ်။ အဆိုပါ အရေးနိမ့်မှုဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လီဗာပူးအသင်းရဲ့ အဆိုးရွားဆုံးသော ဂိုးပြတ် အရေးနိမ့်မှုလည်း ဖြစ်ခဲ့ပါတယ်။ ထိုစဉ်တုန်းကတော့ ကလော့ပ်က ” အက်စတွန်ဗီလာက အတော်လေး ကောင်းပါတယ်။… Continue Reading →

ဆာလာ နေရာ အစားထိုးဖို့ဖြစ်လာခဲ့ရင်အတွက် လီဗာပူးရဲ့ နံပါတ်တစ် ပစ်မှတ်ကို Bild ဖော်ပြ

လီဗာပူးအသင်းဟာ တိုက်စစ်သမား ဆာလာကို လက်လွတ်ရမယ်ဆိုရင် ပြန်လည် အစားထိုးဖို့ ဒေါ့မွန်အသင်း တိုက်စစ်သမား ဆန်ချိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်လို့ Bild က ဖော်ပြပါတယ်။ ဂျာမနီသတင်းဌာနဟာ လီဗာပူးက ဆန်ချိုကို စိတ်ဝင်စား စောင့်ကြည့်နေတဲ့ သတင်းတွေကို မကြာခဏ ဖော်ပြခဲ့ဖူးပါတယ်။ ၎င်းသတင်းဌာနကတော့ ကလော့ပ်ဟာ ဆန်ချိုကို အတော်လေး အထင်ကြီးသူဖြစ်ပြီး အင်္ဂလန်တိုက်စစ်သမားရဲ့ အခြေအနေကို မပြတ် စောင့်ကြည့်နေစေတယ်လို့လည်း ဖော်ပြထားတယ်။ သို့ပေမယ့် လီဗာပူးအသင်းက အင်္ဂလန်လက်ရွေးစင်ကို လက်မှတ်ထိုးဖို့အတွက် ကမ်းလှမ်းမှု လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဟာ… Continue Reading →

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်လာရတဲ့ လီဗာပူးအသင်း

ချန်ပီယံလိဂ် အောင်မြင်ခဲ့သလို ကလပ်သမိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကိုလည်း အနိုင်ရခဲ့တဲ့ လက်ရှိ လီဗာပူးအသင်းဟာ သမိုင်းတစ်လျှောက် အကြီးဆုံး စိန်ခေါ်မှုကို ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အကုန်မှာတော့ လီဗာပူး စီနီယာအသင်းသား အများအပြားပါတဲ့ ကစားသမား ၁၃ ဦး နီးပါးဟာ သူတို့ စာချုပ်တွေရဲ့ နောက်ဆုံး ကာလတွေကို ရောက်လာမှာဖြစ်တယ်။ အဆိုပါ ကစားသမား ၁၃ ဦးဟာ ၂၀၂၂ (သို့) ၂၀၂၃ ခုနှစ်တွေမှာ လီဗာပူးအသင်းနဲ့ စာချုပ်တွေ ကုန်ဆုံးကြပါမယ်။ ဒီရာသီကုန်မှာ ဝိုက်နယ်ဒမ်၊… Continue Reading →

ပေါင် ၄၆ သန်း ဆုံးရံှူးခဲ့တဲ့ ကလပ်ရဲ့ ငွေကြေးစာရင်းကို လီဗာပူးဘက်က တရားဝင် ထုတ်ပြန်

လီဗာပူးအသင်းဟာ ၂၀၂၀ မေလ ၃၁ ရက်နေ့ စာရင်းချုပ်တဲ့ ကလပ်ရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ပေးခဲ့ပြီး ပေါင် ၄၆ သန်း အရှူံးပေါ်တယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုနောက်ပိုင်းမှာ လီဗာပူးအသင်းဟာ စီးပွားရေးဆိုင်ရာ ပါတနာအသစ် ၈ ခုနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အဆိုပါကာလအတွင်း ကလပ်ရဲ့ ကာလရှည် ပါတနာဖြစ်တဲ့ Carlsberg နှင့်လည်း သက်တမ်းတိုးမှု အောင်မြင်ခဲ့သေးတာဖြစ်ပါတယ်။ ကိုဗစ်ကာလနှင့် နောက်ဆုံး သုံးလပတ်အတွက် ငွေစာရင်းမှာတော့ မီဒီယာပိုင်း ဝင်ငွေမှာ ပေါင် ၂၀၂ သန်းကနေ ပေါင်… Continue Reading →

လီဗာပူးအသင်း ရာသီကုန်မှာ ထိပ်ဆုံးလေးသင်း မဝင်ဘူးလို့ စူပါကွန်ပြူတာ တွက်ချက်ဖော်ပြ

၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ရာသီကုန် အဆင့်ရပ်တည်မှုနဲ့ ပက်သက်ပြီး စူပါကွန်ပြူတာက စစ်ထုတ်မှု တစ်ခု ပြုလုပ်သွားပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ် ၄ သင်း၊ တန်းဆင်းဇုန် ကလပ် ၃ သင်းတို့ အပါအဝင် ကလပ် ရပ်တည်မှု ၂၀ လုံးအတွက် ကြိုတင်ဟောကိန်းတစ်ခု ပြုလုပ်သွားတာပါ။ အဆိုပါ ဟောကိန်းမှာတော့ နယူးကာဆယ်ကို ၁-၁ ရလဒ်ပဲ ယူထားနိုင်တဲ့ လီဗာပူးဟာ အဆင့် လေး ပြင်ပမှာပဲ ရပ်တည်မယ်လို့ ဖော်ပြခဲ့တာဖြစ်တယ်။ ဒီအပတ်မှာ ယူနိုက်တက်နဲ့… Continue Reading →

EFL အကောင်းဆုံး လူငယ်ဆုအတွက် ပြိုင်ဘက် နှစ်ဦးဖြင့် ယှဉ်ပြိုင်ရမယ့် အီးလီးယော့

ဟာဗေး အီးလီးယော့ဟာ ၂၀၂၁ ခုနှစ်အတွက် EFL အကောင်းဆုံး လူငယ်ဆုမှာ ဆန်ကာတင် ၃ ဦး စာရင်းထဲ ပါဝင်သွားတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားဟာ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းကို အငှားထွက်ကစားနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားကာ ကိုယ်တိုင် ၆ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ် ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူကစားနေတဲ့ ဘလက်ဘန်းက အဆင့် ၁၅ နေရာမှာ ရပ်တည်နေပေမယ့် အကောင်းဆုံးလူငယ်ဆုအတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!