Date

May 2, 2021

လီဗာပူးမှာ ကိတ်တာရဲ့ အနာဂတ် ဆက်ရှိနေဦးမလား ကိစ္စ ကလော့ပ် အဖြေပေး

မန်နေဂျာယာဂင်ကလော့ပ်က ကွင်းလယ်လူ နာဘီကီတာ လီဗာပူးအသင်းမှာ ဆက်ရှိနေဦးမလားဆိုတဲ့ အမေးအပေါ် အဖြေပြန်မှု လုပ်သွားပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဖြင့် လီဗာပူးထံ ပြောင်းလာခဲ့သလို ဂန္တဝင်နံပါတ်ဖြစ်တဲ့ အနီရောင် နံပါတ် ၈ ကို ဝတ်ဆင်ခွင့်ရထားတဲ့ ကိတ်တာဟာ ကလပ်နဲ့ စာချုပ် ၂ နှစ်ပဲ ကျန်ရှိတော့သူပါ။ သူဟာ ဒီရာသီမှာလည်း ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရပြီး မန်နေဂျာကတော့ လက်ကျန်ရာသီမှာ သူ့ကို ပွဲကစားစေဖို့ထက် လာမယ့်ရာသီမှာ အဆင်သင့်ဖြစ်နေဖို့ပဲ ပိုမို အာရုံစိုက်ပေးနေတယ်လို့ သိထားရတယ်။ ကွင်းလယ်လူနဲ့… Continue Reading →

ယူနိုက်တက် V လီဗာပူး ပွဲမှာ ယာဂင် ထုတ်သုံးနိုင်ဖွယ်ရှိတဲ့ လူစာရင်း ပွဲကြို ခန့်မှန်း

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အမှတ်ပေးဇယား ရပ်တည်မှုအတွက်တင် မကဘဲ ဒီရာသီရဲ့ ချန်ပီယံအသင်းကိုပါ အဆုံးအဖြတ်ဖြစ်သွားနိုင်မယ့် ပွဲအဖြစ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဗဟိုခံစစ်မှူး နက်ဖီးလစ် ဒဏ်ရာကနေ မသက်သာသေးတာကြောင့် ပါဝင်နိုင်သေးဖွယ် မရှိဘူး။ ကုန်ခဲ့တဲ့ လိဂ်ပွဲမှာ တူညီတဲ့ လူစာရင်းကို ထုတ်သုံးနေရပြီး ဖာဘင်ညိုကို ခါဘတ်ဖြင့် တွဲဘက် ပေးနေရခြင်းကြောင့် ယူနိုက်တက်ကို ရင်ဆိုင်ရာမှာလည်း ခါဘတ်+ဖာဘင်ညို အတွဲကိုပဲ မြင်ရမယ်လို့ ခန့်မှန်းရတယ်။ နယူးကာဆယ်ပွဲမှာ ကာတစ်ဂျုံးနဲ့ ဂျိမ်းမီလ်နာ လူစားဝင်ကစားခဲ့ပေမယ့် ရှာကွီရီ၊ ကိတ်တာ၊… Continue Reading →

အိုးထရက်ဖို့ဒ်မှာ မနိုင်တာ ၇ နှစ်ကြာတဲ့နောက် ယူနိုက်တက်ကို လီဗာပူး ဒီတကြိမ် ဘယ်လိုကန်မလဲ အီယန်ရိုက် ခန့်မှန်း

အာဆင်နယ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ဒီတစ်ပတ် ပွဲကြီးပွဲကောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ပွဲဟာ ဘယ်လို ရလဒ်ထွက်နိုင်သလဲ သုံးသပ်ခန့်မှန်းမှု ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ မန်ယူနိုက်တက် ကို ၎င်းတို့ရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ အနိုင်မရတာ ၂၀၁၄ တည်းက ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ လီဗာပူးဟာ တနင်္ဂနွေနေ့ ပွဲမတနိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၆ မှာသာ ရှိနေပြီး နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မရေရာတဲ့ အနေအထား ဖြစ်နေပါတယ်။… Continue Reading →

ဗန်ဒိုက်နဲ့ ပတ်သတ်ပြီး နယ်သာလန်နည်းပြ ဖရန့်ဒီဘိုးဝါး အား သတိပေးလိုက်တဲ့ ကလော့ပ်

နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ အတူ ထရိန်နင်မှာ ပြန်လေ့ကျင့်နိုင်တဲ့ အနေအထား မရှိသေးပေမယ့် နိုင်ငံအသင်းနဲ့ အတူ လာမယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်မယ် ဆိုရင် အချိန် တစ်လသာ ရှိတော့မှာ ဖြစ်ပါတယ်။ ကလော့ပ်က ဗန်ဒိုက်ကို လက်ရွေးစင် အသင်းထံ မသွားဖို့ တားဆီး ပိတ်ပင်မှာ မဟုတ်ပေမယ့် ဒဏ်ရာ အရှင်းပျောက်ပြီး ကြံ့ခိုင်မှု အပြည့်အ၀ မရသေးတဲ့ ကစားသမားကို အလောတကြီး မသုံးသင့်ကြောင်း သတိပေးစကား ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ လီဗာပူး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!