Date

July 1, 2021

ကိုနာတေးထံက ဘာလို အရည်အချင်းကောင်းတွေ မျှော်လင့်နိုင်မလဲ လီဗာပူးနည်းပြ ရှင်းပြ

ပြင်သစ်သား ခံစစ်မှူး ကိုနာတေးဟာ ဒီကနေ့ ဂျူလိုင်လ ၁ ရက်နေ့မှာပဲ လီဗာပူးအသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာခဲ့ပါပြီ။ ကိုနာတေးက ပြင်သစ်ကနေ လီဗာပူးကို လာရောက်နေပြီဖြစ်ကာ ဂျူလိုင်လ ၁၂ ရက်နေ့မှာ စတင်မယ့် အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုတွေအတွင်း စတင် ပူးပေါင်းသွားမှာဖြစ်တယ်။ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ကာလရှည် ဒဏ်ရာတွေ ရထားခဲ့တာကြောင့် ကိုနာတေးဟာ လီဗာပူးရဲ့ ရာသီစောပွဲစဉ်တွေအတွက် အရေးပါသူ ဖြစ်လာဖို့ ရှိနေပါတယ်။ ယာဂင်ရဲ့ မျက်လုံးလို့ နာမည်ကြီးတဲ့ နည်းစနစ်ပိုင်း… Continue Reading →

အိုရီဂီကို ထွက်ခွာခွင့်ပေးမယ့် လီဗာပူးက တိုက်စစ်ပိုင်း တစ်ဦး ထပ်ခေါ်ယူမည်

လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်သမား အချို့ကို ထွက်ခွင့်ပေးမှာဖြစ်ကာ ဘယ်ဂျီယံ တိုက်စစ်မှူး အိုရီဂီကလည်း အသင်း လူစာရင်း ရှင်းထုတ်မှုထဲ ပါဝင်သွားမှာဖြစ်ပါတယ်။ လီဗာပူးသတင်းထောက် Neil Jones က အသင်းဟာ အိုရီဂီကို ထွက်ခွာခွင့်ပြုမယ်လို့ အတည်ပြုတယ်။ ဘယ်ဂျီယံ တိုက်စစ်သမားကို ဝုဗ်အသင်းက ကာလရှည် စိတ်ဝင်စားနေခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဝန်းကျင်ရဖို့ လီဗာပူးဘက်က မျှော်လင့်ထားပါတယ်။ မှန်ကန်တဲ့ ကမ်းလှမ်းမှုရမယ်ဆိုရင် ရှာကွီရီ၊ မီနာမီနိုတို့ကိုလည်း ရှင်းထုတ်သွားမှာပါ။ ဝဲလ်ဆန်ကိုလည်း ရောင်းထုတ်သွားဖို့ ရှိနေပြီး… Continue Reading →

ရာသီကြိုမှာ စွမ်းဆောင်နိုင်ရင် ယာဂင်ရဲ့ အစီအစဉ်တွေထဲ ပါဝင်ခွင့်ရသွားနိုင်တဲ့ အသင်းသား (၃) ဦး

လီဗာပူးအသင်းဟာ လူငယ်ကစားသမားတွေကို ရာသီကြိုမှာ စီနီယာအသင်းနဲ့အတူ ခေါ်ယူပြီး လေ့ကျင့်စေခြင်းဖြင့် အကယ်ဒမီကနေ ပရော်ဖက်ရှင်နယ်လိုင်း ကူးခွင့်တွေမှာ အကူအညီပေးနေပါတယ်။ လူငယ်ကစားသမား ရောင်းချရေးဟာ လီဗာပူးရဲ့ ကစားသမား ခေါ်ယူမှုတွေမှာ အရေးပါတဲ့ ပံ့ပိုးမှု ဖြစ်လာခဲ့ပြီး နှစ်တိုင်းမှာ ကြယ်ပွင့် ၂ ဦးကနေ ၃ ဦးလောက်ထိကို ပုံမှန် ရောင်းထုတ်နေရတာဖြစ်တယ်။ ဒီရာသီမှာလည်း ဝီလီယမ်၊ နက်ဖီးလစ်တို့ ထွက်ခွာသွားနိုင်ချေ ရှိနေသလို အချို့သော လူငယ်တွေကို စီနီယာအသင်းထံ ခေါ်ယူဖွယ်ရှိတယ်။ အဝန်နီယီ အဝန်နီယီဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အင်္ဂလန်မှာ… Continue Reading →

ဒီကနေ့မှာပဲ အသင်းသား (၃) ဦးက လီဗာပူးကစားသမားအဖြစ်ကနေ တရားဝင် ထွက်ခွာ

လီဗာပူးအသင်းဟာ ဒီကနေ့မှာပဲ အသင်းသား ၃ ဦးကို တရားဝင် နှုတ်ဆက် လမ်းခွဲခဲ့ရပြီ ဖြစ်ပါတယ်။ ဘောလုံးပြက္ခဒိန်အရ ဇွန်လ ၃၀ ရက်နေ့မှာပဲ နှစ်တစ်နှစ်ရဲ့ စာချုပ်တွေ ပြီးဆုံးပြီဖြစ်ပါတယ်။ ဒါကြောင့် စာချုပ်သက်တမ်းပြည့်တဲ့ ကစားသမားတွေဟာ ဂျူလိုင်လ ၁ ရက်နေ့ကစလို့ သက်ဆိုင်ရာ ကလပ်တွေကနေ တရားဝင် ထွက်ခွာကြပြီဖြစ်တယ်။ အငှားခေါ်ယူထားတဲ့ ကစားသမားတွေက ဒီကနေ့မှာ အသင်းနဲ့ ဆက်ရှိမှာ မဟုတ်တော့ဘဲ သက်တမ်းကုန်တဲ့ ကစားသမားတွေကလည်း ဒီကနေ့မှာပဲ ထွက်ခွာကြပါလိမ့်မယ်။ လီဗာပူးနဲ့ လမ်းခွဲခဲ့ပြီဖြစ်ကာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ချုပ်ထားတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!